ဘင်္ဂလားဒေ့ရှ်က ၀င်ခွင့်မပြု၍ မောင်တောနယ်စပ် ကုန်သွယ်သူများ အခက်ကြုံ

 မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ တစ်နိုင် တစ်ပိုင် ကုန်သွယ်သွားလာခြင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပိတ်ထားဆဲဖြစ်၍ ကုန်သည်အများစု အဆင်မပြေဖြစ်နေပြီး စားဝတ်နေရေး အခက်ကြုံလာသည်ဟု သတင်းရရှိသည်။

မောင်တောနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ဖြတ်ကျော် သွားလာမှုကို အကြမ်းဖက်တိုက် ခိုက်မှုဖြစ်ပွားသည့် ၂၀၁၆ အောက်တိုဘာ ၉ ရက်က ပိတ် ထားခဲ့ပြီး ၂၀၁၇ ဖေဖော်ဝါရီ ၁၂ ရက်၌ မောင်တောနယ်စပ်ဂိတ် ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။


ယင်းသို့ နယ်စပ်ဂိတ်ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်သည်များ ကို ၀င်ရောက်ခွင့်မပေးခဲ့ကြောင်း သိရသည်။

‘‘ကိုယ့်အလုပ် ကိုယ်မလုပ်ရ တာ ငါးလကျော်ရှိပါပြီ။ အိမ်မှာ ထိုင်စားနေတာလည်း ရှိသမျှကုန် သွားပါပြီ။ တခြားလုပ်မယ့် အ လုပ်ကလည်းမရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကို ပုံမှန်သွားလာခွင့်ရဖို့ တောင်းဆိုချင်ပါတယ်။ အခုစားသောက်ရေး အဆင်မပြေမှုတွေ ဖြစ်လာပါတယ်’’ ဟု မောင်တောနယ်စပ်၌ တစ်နိုင်တစ်ပိုင် ကုန်သွယ်သူ ဒေါ်ဦးသိန်းနုက ပြောသည်။

မောင်တောနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တစ်နိုင်တစ်ပိုင်ကုန်သွယ်သူများ ပုံမှန်ဝင်ထွက် ခွင့်ရရှိစေရေး မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံအကြောင်းကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။

More in Regional Section