ကားပေါ်ခဏရောက်သွားတဲ့သူ

ငယ်ငယ်က ဖတ်ခဲ့ဖူးသော ‘သာဓုလူပါးဝတယ်’ စာအုပ်မှ ‘ကားပေါ်ရောက်သွားတဲ့သူ’ဆို သည့် စာတစ်ပုဒ်ကို သဘောကျ လွန်း၍ ယခုတိုင် မှတ်မိနေမိ သည်။ ကားစီးနိုင်သောသူတွေကို မကျေမနပ်နှင့် အမြဲဝေဖန်တတ် သူတစ်ယောက်အကြောင်းကို ရေးသားထားသည်။ ထိုသူသည် သာဓုနဲ့တွေ့တိုင်း မင်းတို့လို ကား စီးနိုင်တဲ့သူတွေဟာ လမ်းပေါ်က လမ်းလျှောက်သွားတဲ့သူတွေကို မတူသလို မတန်သလို အဆင့်အ တန်းခွဲခြားကြောင်း အမြဲဝေဖန် ပြောဆိုလေ့ရှိသည်။ ထိုအချိန်က ကွန်မြူနစ်၊ ဆိုရှယ်လစ်စနစ်တွေ ထွန်းကားနေချိန်ဖြစ်သောကြောင့် ကားစီးနိုင်သောသူတွေကို အရင်း ရှင် အကျင့်ပျက်များအဖြစ်နှင့် လည်းကောင်း လမ်းလျှောက်နေ ရသူများသည် ပစ္စည်းမဲ့အလုပ် သမားလူတန်းစား တော်လှန်သူ များအဖြစ် ခိုင်းနှိုင်းယှဉ်ပြခြင်း သဘောမျိုးဖြစ်သည်။ တစ်ရက် ထိုသူသည် သာဓုမောင်းသော ကားနှင့်ပါလာသည်။ ကုန်းတက် တစ်ခုတွင် ကုန်းပေါ်မှ ရေစည် လှည်းသည် လှည်းမောင်းသူ အရှိန်မထိန်းနိုင်သဖြင့် လိမ့်ကျလာပြီး သာဓုကားကို ဝင်တိုက်မိလေ သည်။ ထိုအချိန်တွင် ကားစီးနိုင်သူများကို အမြဲဝေဖန်လေ့ရှိသော သူသည် ကားပေါ်မှာ ဆင်းလာ ပြီး ရေစည်လှည်းသမားကို မင်း ကားတစ်စီးလုံးလာတာ မမြင်ဘူး လား၊ မင်းတို့ဆင်းရဲသားတွေ ဒီ လိုပဲ ဘာညာနှင့် ဆဲရေးတိုင်းထွာ တော့သည်။ သာဓုလည်း ကား ပေါ်မှ ဆင်းကြည့်ရာ ကားဘာမှ မဖြစ်သဖြင့် ဘာမှမပြောဘဲ ကား မောင်းထွက်လာလိုက်သည်။ ပြီး တော့ သူ့ဘေးမှ လိုက်လာသူကို ကြည့်ပြီး ဩော်.. ဒီလူလည်း ကားပေါ် ရောက်သွားပြီကိုးဟု မှတ် ချက်ချလိုက်လေသည်။
 

ကားပေါ်ကလူများ

၈၈ အရေးတော်ပုံတွင် အ ထက်တန်းကျောင်းသားဘဝနှင့် ၈ ရက် ၈ လ ၁၉၈၈ ခုနှစ် ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြရာ မှ စတင်ပါဝင်မိပြီးနောက်ပိုင်း ဆန္ဒပြရာများကို ထိုအချိန် အစိုးရက မာရှယ်လောခေတ္တရုပ်သိမ်းချိန် အထိ ရန်ကုန်မြို့အနှံ့ လိုက်ပါဖူးသည်။ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုဘဲ ရင်ထဲက ခံစားချက်ကို မူတည်ပြီး ကျောင်းသားတစ်ဦးအနေနှင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် စစ်တပ်က နောက်ဆုတ်ပေးပြီး ဒေါက်တာမောင်မောင် သမ္မတဖြစ်လာချိန်တွင် အရင်က ကျောင်းသားများ ဆန္ဒပြချိန် ကြောက်လန့်တကြား အိမ်တွင်းအောင်းနေသောသူများ လမ်းပေါ်ထွက် အလံနီများကိုင်ကာ သင်္ကြန်လှည့်သလို အော်ဟစ်အောင်ပွဲခံကြသည့် နောက်ပိုင်းတွင် ဆန္ဒပြပွဲများကို လိုက်ပါရမည်ကို ရှက်မိသဖြင့် လည်းကောင်း၊ စည်းလုံးမှုမရှိဘဲ ဖွဲ့စည်းကြသည့် အဖွဲ့ပေါင်း သောင်းခြောက်ထောင်ကို အယုံအကြည်မရှိ၍လည်းကောင်း နောက်ပိုင်းတွင် ဘာလှုပ်ရှားမှုမှ မလုပ်ဖြစ်တော့ပေ။ ထိုအောင်ပွဲခံမှုများသည် ကြာကြာမခံလိုက်ဘဲ စက်တင်ဘာလ ၁၈ ရက် ၁၉၈၈ ခုနှစ်တွင် ထိုအချိန်က ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်စောမောင်မှ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းကာ စစ်အာဏာရှင်စနစ်ကို မြန်မာပြည်တွင် ဒုတိယအကြိမ် ထပ်မံတည်ဆောက်ခဲ့သည်။

 ဗိုလ်ချုပ်စောမောင် ဦးဆောင်သော (နဝတ) နိုင်ငံ တော် ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့သည် ဗိုလ်ချုပ် နေဝင်းလက်ထက်က ချုပ်ကိုင်ရန် အားနည်းခဲ့သော အစိုးရအုပ်ချုပ် မှုယန္တရားကြောင့် တစ်တိုင်းပြည် လုံး အာဏာစက်လက်မဲ့ဖြစ်ကာ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်း  စဉ်ပါတီ) အစိုးရပြုတ်ကျသွားခဲ့ရ သည်ကို ကောင်းကောင်းသဘော ပေါက်ခဲ့သည်။ ထိုအချိန်က လမ်း စဉ်ပါတီဝင်ဖြစ်မှ အစိုးရဝန်ကြီး ဌာနများတွင် ရာထူးတက်နိုင်ရန် စီစဉ်ထားသည်။ ဝန်ကြီးနေရာ များတွင် စစ်တပ်မှ အငြိမ်းစားအ ရာရှိများကို ခန့်အပ်ထားသော် လည်း အောက်ခြေဝန်ထမ်းများ သည် လမ်းစဉ်ပါတီဝင် အရပ် သားများဖြစ်ကြသည်။ လမ်းစဉ် ပါတီကို ယုံကြည်၍ ဝင်ခြင်းထက် ရာထူးတက်လို၍ ဝင်ထားခြင်းဖြစ် သဖြင့် ၈၈ အရေးတော်ပုံတွင် ဝန် ထမ်းများအားလုံးနီးပါး အခွင့်သာ ခိုက် လမ်းစဉ်ပါတီကို ကျောခိုင်း ကာ အစိုးရကို အာခံခဲ့ကြသည်။ ထိုအချက်သည် နဝတစစ်အစိုးရ ၏ စစ်အာဏာတည်မြဲရေးအ တွက် အထူးဂရုစိုက်ကာကွယ်ရ မည့် အချက်ဆိုသည်ကို သဘော ပေါက်ခဲ့သည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဌာနဆိုင် ရာများ၌ ဝန်ကြီးအဆင့်သာမက ညွှန်မှူး၊ ညွှန်ချုပ်နှင့် အောက်ခြေ အဆင့်များအထိ စစ်တပ်မှ အရာ ရှိများကို ခန့်ထားတာဝန်ယူစေခဲ့ သည်။ ထိုသူများကို မိုးကျရွှေ ကိုယ်များဟု တင်စားခေါ်ဝေါ်ခဲ့ ကြသည်။

ထိုနောက်ပိုင်းတွင် ထူးထူး ခြားခြား သိသိသာသာ ပြောင်းလဲ လာမှုများသည် ထိုမိုးကျရွှေကိုယ် များ ရုံးတက်ရုံးဆင်းချိန်နှင့် အပြင်သို့ သွားလာသောအချိန်များဖြစ် သည်။ ပွိုင့်ကားဟုခေါ်သော လက်နက်ကိုင်သက်တော်စောင့် များပါသော ကားများဖြင့် ရှေ့ နောက်ခြံရံပြီး အလယ်တွင် အော် ဒီ၊ မာစီဒီး စသည့်ကားကောင်းကြီးများဖြင့် သွားလာလေ့ရှိသည်။ ထိုအချိန်၌ လမ်းတွင်မောင်းနေသည့် ကားများ ကမန်းကတန်း ဘေးသို့ ကပ်ပေးရခြင်း၊ မရပ်ပေးပါက သက်တော်စောင့်များမှ အော်ဟစ် ဆဲဆိုခြင်းနှင့် အခန့်မသင့်ပါက ကားကို ပိတ်ရပ်ပြီး ပါးနားအရိုက် ခံရခြင်းများ ခံရနိုင်သည်။

ထိုလုပ်ရပ်များကို သွားလာ တိုင်း မြင်တွေ့ကြားသိနေရသဖြင့် ထိုအချိန်က မကျေမနပ်ဖြစ်ခဲ့မိ သည်။ တစ်ခါတစ်ရံ စိတ်ထဲက ကျိတ်ဆဲမိသည်။ စစ်အာဏာရှင် တို့အပေါ် တော်လှန်သူ ကျောင်း သားလူငယ်စိတ်နှင့် ထိုကဲ့သို့ ကားပေါ်က အာဏာပြမှုများကို အလွန်ရွံမုန်းခဲ့မိသည်။

ကားပေါ်ခဏရောက်သွားခဲ့သူ

နှစ်ပေါင်းများစွာ ကြာသော အခါ နိုင်ငံရပ်ခြားတွင် ပညာသင် ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်များ ရရှိခဲ့ပြီး စင်ကာပူတွင် စီးပွားရေး အတိုင်ပင်ခံလုပ်ငန်းတစ်ခုကို စတင်တည်ထောင်ခဲ့သည်။ နောက်ပိုင်း မြန်မာပြည်တွင် လုပ်ငန်းတိုး ချဲ့ပြီး မြန်မာပြည်မှ လုပ်ငန်းရှင် များကို နိုင်ငံတကာ ထိုးဖောက် ဝင်ရောက်ဖို့အတွက် စီးပွားရေး အကြံပေးလုပ်ငန်းကို ၂၀၀၇ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင် ၂၀၀၇ ခုနှစ်တွင် သံဃာအရေးအခင်း တစ်ခု ဖြစ်ပွားခဲ့ပြီး အစိုးရ၏ အ ကြမ်းဖက်ဖြိုခွင်းမှုကြောင့် နဂိုက တည်းက တင်းကျပ်ထားသော နိုင်ငံတကာ ပိတ်ဆို့မှုများ ပိုမို တင်းကျပ်လာကာ နိုင်ငံတကာ တွင် ဖွင့်ထားသော အစိုးရနှင့် မြန်မာလုပ်ငန်းရှင်များ၏ ဘဏ် စာရင်းများ ထိန်းသိမ်းခံရခြင်း၊ အပိတ်ခံရခြင်းများ ဖြစ်ခဲ့သည်။ တစ်ရက် မြန်မာပြည်အရောက် ရင်းနှီးသော လုပ်ငန်းရှင်တစ်ဦးမှ သူ၏ ဆရာတစ်ဦး နိုင်ငံတကာ ဘဏ်လုပ်ငန်းများနှင့်ပတ်သက် သော အခြေအနေများကို မေး မြန်းလို၍ တွေ့ဆုံလိုသည်ဟု အ ကြောင်းကြားလာသည်။ ကား တစ်စီး အကြိုလွှတ်လိုက်သည်ဆို ၍ ရုံးခန်းတွင် စောင့်နေလိုက် သည်။

လာကြိုသည့် ကားရောက် လာသောအခါ အတော်ပင် အံ့ဩ သွားမိသည်။ စစ်စိမ်းရောင်ပရာဒို တစ်စီး။ ကားနံပါတ်တွင် ကြယ် တစ်လုံးတပ်ထားသည်။ ကားပေါ် တက်ခါနီး ယာဉ်မောင်းက ပျာပျာ သလဲ တံခါးလာဖွင့်ပေးသည်။ ပြီး တော့ လမ်းတစ်လျှောက် ကားမီး ကြီးဖွင့်ကာ အမြန်မောင်းတော့ သည်။ လမ်းတွင် မောင်းနေသော ကားများ အလျင်အမြန်ဘေးသို့ ကပ်မောင်းသွားကြသည်ကို ကား ပေါ်က လှမ်းတွေ့နေရသည်။ မီး ပွိုင့်များတွင်လည်း မီးစိမ်းကို စောင့်စရာမလို။ ယာဉ်ထိန်းရဲမှ ထွက်လာကာ ကားများကို တား ပေးသည်။

ကားနောက်ခန်း အဲကွန်း လေအေးအေးတွင် ဇိမ်ကျကျထိုင် ကာ အတွေးနယ်ချဲ့ရင်း လိုက်ပါ လာခဲ့မိသည်။ အခုတွေ့ရမည့် ပုဂ္ဂိုလ်သည် မည်သူဖြစ်မည်နည်း ဟု တွေးကြည့်မိသည်။ ခေါ်ခိုင်း သည့်ကား အဆင့်အတန်းနှင့်ဆို လျှင် အစိုးရအဖွဲ့တွင် တော်တော် ကြီးသော ရာထူးယူထားသူ တစ် ဦးဖြစ်နိုင်သည်။ ဒီကားက ပုဂ္ဂိုလ် ကြီး အမြဲစီးတဲ့ကားလား (ဒါမှ မဟုတ်) ခရီးဝေးထွက်မှ သုံးတာ လား၊ ဂေါက်ရိုက်ဖို့ သွားတဲ့အချိန် သုံးတာလား၊ ပုဂ္ဂိုလ်ကြီးဇနီး ဈေး ဝယ်ထွက်ရင် သုံးတဲ့ကား ဖြစ် မလား။ ဘာပဲပြောပြော ထိုသို့ အ ရေးပါသော ရာထူးကြီးကြီး ပုဂ္ဂိုလ်ကြီးတစ်ဦး စီးသည့်ကားတွင် ပုဂ္ဂိုလ်ကြီး ထိုင်သည့်နေရာတွင် ဇိမ်ကျကျ ထိုင်လိုက်ရသည်ကို ဂုဏ်ယူမိသည်။

 လမ်းဘေးကပ်ရပ်ပေးကြ သော ကားများကို ကြည့်ရင်း၊ မီး ပွိုင့်တိုင်း မီးနီသော်လည်း အလေးပြုရင်း ကားတားပေးထားသော ယာဉ်ထိန်းရဲများကို ကြည့်ရင်း စိတ်ထဲတွင် ပီတိနှင့် ဂုဏ်ယူမှု များ ဝင်လာမိသည်။ အစိုးရအရာ ရှိတစ်ဦးကတောင် အရေးတယူ ခေါ်ပြီး ဆွေးနွေးခံရသည့် ပညာ ရှင်တစ်ဦးအတွက် အချိန်တိုင်း သည် တန်ဖိုးရှိသဖြင့် တခြားအ ရေးမပါသောသူတွေ စီးသောကားများ ဘေးဖယ်ပေးခြင်း၊ မီးပွိုင့်များတွင် ရပ်စောင့်ရခြင်းသည် လိုအပ်သည်ဆိုသည်ကို စတင်တွေးမိ သည်။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ နေပြီး ဇိမ်ကျကျ ထိုင်လိုက်လာ ရင်း မီးပွိုင့်တစ်ခုတွင် ကားဘရိတ် ဆောင့်အုပ်လိုက်သဖြင့် ဟန်ချက် ပျက်ကာ လူကရှေ့သို့ ထိုးကျ သွားပြီး ကားရှေ့ခုံကို ကမန်းက တန်း ဖမ်းဆုပ်ကိုင်လိုက်မိသည်။ မီးပွိုင့်တွင် ယာဉ်ထိန်းရဲတားသည် ကို မမြင်သည့် အငှားယာဉ်တစ်စီး မီးစိမ်းသည်ဆိုပြီး ထွက်လာ သဖြင့် ကျွန်တော်စီးသည့်ကားမှ ယာဉ်မောင်း အမြန်ဘရိတ်အုပ် လိုက်ခြင်းဖြစ်သည်။ တာဝန်ကျ ယာဉ်ထိန်းလည်း ပျာယာခတ် သွားပြီး မီးစိမ်း၍ ထွက်လာသော အငှားယာဉ်ကို လှမ်းတားလိုက် ပြီး ကျွန်တော်စီးလာသည့် ကား ဆီကို ပြေးလာသည်။

ကျွန်တော်လည်း ဒေါသ ထောင်းခနဲထွက်ကာ ဆဲဆိုလိုက် မိသည်။ ဒီလိုအရေးတကြီးလာတဲ့ လူတစ်ယောက်၊ အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးနဲ့တွေ့ပြီး တိုင်းပြည်အ တွက် အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ သွားလာနေတဲ့လူတစ် ယောက် စီးလာတဲ့ကားကို ဘာမှ အရေးမပါတဲ့ အငှားကားတစ်စီး က အနှောင့်အယှက်အန္တရာယ် ပေးစရာလား။ ဒီလိုလူတွေကို မှတ်လောက်သားလောက်အောင် ဆုံးမအပြစ်ပေးဖို့ လိုတယ်ဆိုပြီး ဒေါသဇောနှင့် ရေရွတ်နေမိသည်။

ထိုအချိန်တွင် ယာဉ်ထိန်းရဲ ရောက်လာပြီး အဘတောင်းပန် ပါတယ်။ ကျွန်တော် တက္ကစီသမားကို ဘယ်လိုအရေးယူလိုက်ရမလဲ ဆိုပြီး မောကြီးပန်းကြီးနဲ့ လာမေး သည်။ စိတ်ထဲမှာတော့ အပြင်း ထန်ဆုံး ဘာပြစ်မှုနဲ့ ဒဏ်ပေးရ မလဲဟု တွေးလိုက်မိသည်။

ထိုအချိန်တွင် ငယ်ငယ်က ဖတ်ထားမိသော သာဓု၏ ‘ကား ပေါ်ရောက်သွားသောသူ’ အ ကြောင်းကို ပြန်သတိရလိုက်မိ သည်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးလိုက်ရင်း တကယ်တော့ ငါကိုယ်တိုင်လည်း ကားပေါ် ရောက်သွားပြီဆိုသည့် အသိဖြင့် ရှက်စိတ်များနှင့် ထူပူသွားမိ သည်။ ယာဉ်ထိန်းရဲကိုလည်း အငှားယာဉ်မောင်းက မီးစိမ်းလို့ မောင်းတာဖြစ်လို့ ဘာမှမမှား ကြောင်း ပေးသွားလိုက်ပါဟု ပြောလိုက်တော့ ကြောင်တောင် တောင်မျက်နှာဖြင့် ထွက်သွား သည်။

ထိုကဲ့သို့သော ကားများပေါ် ထိုင်ရင်း အခွင့်အရေးယူကာ အာ ဏာရှင်ဆန်ဆန် ပြုမူသူများကို အလွန်မုန်းတီးတဲ့သူတစ်ဦး ထို ကားပေါ်တွင် ခဏထိုင်ခွင့်ရ၍ ဤကဲ့သို့ ပြောင်းလဲသွားလျှင် ဤ ကားမျိုးပေါ်၌ ကာလကြာမြင့်စွာ ထိုင်ခွင့်ကြုံခဲ့သူများအတွက် ကား ပေါ်က ဆင်းချင်ကြပါ့မလားဟု တွေးတောမိရင်း စိတ်မသက် မသာနှင့် ကားပေါ်တွင် ဆက် လိုက်မိတော့သည်။