တစ်မိနစ်အတွင်း လက်မှတ်ရောင်းကုန်သွားတဲ့ VICTON အဖွဲ့နဲ့ တွေ့ဆုံပွဲ

ဆိုးလ်- တောင်ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ VICTON၏ပထမဆုံးအကြိမ် ပရိသတ်နှင့်တွေ့ဆုံပွဲအတွက် လက်မှတ်အားလုံး တစ်မိနစ်အတွင်း  ရောင်းကုန်သွားကြောင်း သိရသည်။

ဧပြီ ၂၈ရက်က ‘Welcome to VICTON CLASS’ ခေါင်းစဉ် ဖြင့် ၎င်းတို့အဖွဲ့၏ ပထမဆုံး ပရိ သတ်တွေ့ဆုံပွဲလက်မှတ် ၁,၀၀၀ ကျော်သည်တစ်မိနစ်အတွင်း ရောင်းကုန်ခဲ့သည်။

Plan A Entertainment ကုမ္ပဏီက ‘‘ဒီပွဲကိုပရိသတ်တွေအများကြီး လာပါ့မလားဆိုတာ VICTON အဖွဲ့ဝင်တွေ စိုးရိမ်ခဲ့ကြ တယ်။ ဒါပေမဲ့ လက်မှတ်တွေအ ကုန်လုံးတစ်မိနစ်အတွင်းရောင်း ကုန်သွားတဲ့ သတင်းကြားရတော့ သူတို့တွေ စိတ်လှုပ်ရှားခဲ့ကြ တယ်။ ပရိသတ်တွေရဲ့ အားပေး မှုအတွက် ဒီပွဲကိုသူတို့တွေသေ သေချာချာပြင်ဆင်သွားမှာပါ’’ဟု ပြောသည်။

VICTON အဖွဲ့၏ ပထမ ဆုံးပရိသတ်တွေ့ဆုံပွဲကို မေလ ၂၇ ရက်တွင် ကျင်းပမည်ဖြစ် သည်။             —Ref:allkpop

Top News