တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးအတွက် အစိုးရအပါအ၀င် မည်သည့်ဘာသာအဖွဲ့အစည်းနှင့်မဆို လက်တွဲဆောင်ရွက်မည်ဟု မဘသ ဗဟိုအလုပ်အမှုဆောင်ဆရာတော် မိန့်ကြား

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)က သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ−စိုင်းဇော်)

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ငြိမ်းချမ်းရေးအတွက် အစိုးရအဖွဲ့အပါအ၀င် မည်သည့် ဘာသာအဖွဲ့အစည်းနှင့်မဆို လက်တွဲလုပ်ဆောင်ရွက်မည်ဖြစ် ကြောင်း မဘသအဖွဲ့ ဗဟိုအလုပ် အမှုဆောင်ဆရာတော် ဒေါက် တာသောပါကက   မိန့်ကြားခဲ့ သည်။

မင်္ဂလာတောင်ညွန့်ပြဿနာ ကို မဘသအဖွဲ့အစည်းက ဦး ဆောင်ပြုလုပ်နေသည်ဟု ပြော ဆိုနေမှုများနှင့်ပတ်သက်၍ မေ လ ၁၆ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ လက်ရှိအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးနှင့် ဘာသာပေါင်းစုံငြိမ်းချမ်း ရေးအလေးထားဆောင်ရွက်နေ ခြင်းကိုတွေ့ရပြီး မဘသအဖွဲ့အနေဖြင့် ဘာသာပေါင်းစုံငြိမ်း ချမ်းရေးအတွက် မည်သို့လုပ်ဆောင်ရန်ရှိပါသလဲဟု  7Day Daily သတင်းစာ၏ မေးမြန်းမှုကို ဆရာတော်က အ ထက်ပါအတိုင်း မိန့်ကြားခြင်းဖြစ်သည်။

‘‘မဘသဆိုတာ အမျိုးရယ်၊ ဘာသာရယ်၊ သာသနာရယ်ကို စောင့်ရှောက်တာဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆို တာကလည်း တိုင်းပြည်၊ ပြည်သူ ပြည်သားတွေနဲ့ ဦးပဉ္စင်းတို့ တာဝန်ဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးနဲ့ ပတ်သက်လာရင် ဘုန်းဘုန်းတို့ လက်တွဲဖို့ ဘယ်သူ့မှ ၀န်မလေး ဘူး။ ဆိုက်ကားသမားက သမ္မတ အထိ အားလုံးလက်တွဲလုပ်လို့ရပါ တယ်။ လက်တွဲလုပ်ဖို့လည်း ဖိတ် ခေါ်ထားပါတယ်’’ဟု အင်းစိန်ရွာ မပရိယတ္တိစာသင်တိုက်တွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ဆရာတော် ဒေါက်တာသောပါ က က မိန့်ကြားသည်။

‘‘မည်သည့်ပါတီ မည်သည့် အဖွဲ့အစည်း၊ မည်သည့်ဘာသာ မဆို ဘုန်းဘုန်းတို့ လက်တွဲလုပ် နေပါတယ်။ ဘုန်းဘုန်းတို့က အစ္စ လာမ်တွေနဲ့လည်း အဆက်အ သွယ်ရှိနေပါတယ်။ ခရစ်ယာန်နဲ့ လည်း လက်တွဲလုပ်နေတာတွေ ရှိပါတယ်။ ဘာသာမခွဲခြားပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် မှာ ဘာသာပေါင်းစုံပဲဖြစ်စေ၊ အ ဖွဲ့အစည်းပါတီပဲဖြစ်စေ ဘုန်း ဘုန်းတို့က လက်တွဲလုပ်ဖို့ ၀န်မ လေးပါဘူး။ အဲဒီတော့ လက်တွဲ လည်းပဲ လုပ်ချင်ပါတယ်။ အဲဒီလို လုပ်နိုင်အောင် သတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်ပေးဖို့လည်း တောင်းဆိုပါ တယ်။ အဖွဲ့အစည်းမည်သူမဆို အချိန်မရွေး   လက်တွဲလုပ်နိုင် အောင် လုပ်ပါမယ်။ ဖိတ်ခေါ်ပါ တယ်ဆိုတာကို ဘုန်းဘုန်းတို့က ရှေးဦးစွာပြောပါတယ်’’ဟု ဆရာ တော်က ဆက်၍ မိန့်ကြားသည်။

မဘသအဖွဲ့အစည်း၏ လက်အောက်တွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ ဓမ္မ၀ံသာနုရက္ခိတအ ဖွဲ့အစည်းတစ်ခုသာရှိ၍ မျိုးချစ် မြန်မာရဟန်းတော်များ သမဂ္ဂအ ဖွဲ့သည် မဘသ၏ လက်အောက် ၌ မရှိကြောင်း ဒေါက်တာသောပါ က က မိန့်ကြားသည်။

‘‘မဘသရဲ့လမ်းညွှန်မှုကို ခံ ယူပြီးတော့ မဘသဆိုတဲ့ အမျိုး ဘာသာသာသနာတွေကို ထိပါး လာရင် တရားဥပဒေနဲ့အညီ ကာ ကွယ်သွားမယ်၊ စောင့်ရှောက် သွားမယ်ဆိုပြီးတော့ ၀ံသာနုရက္ခိ တဆိုပြီးတော့ အဖွဲ့ကို သုံးနှစ် လောက်ဖွဲ့စည်းပြီးပါပြီ။ အား သစ်လောင်းပြီးတော့ ဓမ္မ၀ံသာနုရ က္ခိတဆိုပြီးတော့ ဖွဲ့စည်းထား တယ်။ အဲဒီအဖွဲ့ကလည်း မဘသ ရဲ့ လမ်းညွှန်မှုကို ခံယူထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအဖွဲ့ ဟာ ဦးပဉ္စင်းတို့ရဲ့ လမ်းညွှန်မှုနဲ့ သွားနေတာပါ။ မဘသမှာ အခြား သော ဘယ်အဖွဲ့တွေနဲ့ ပေါင်းစပ် ထားတာမရှိဘူး’’ဟု ဆရာတော် က ဆက်၍ မိန့်ကြားသည်။

ထို့အပြင် မေလ ၉ ရက်က ဖြစ်ပွားခဲ့သော မင်္ဂလာတောင် ညွန့်မြို့နယ် ပဋိပက္ခသည် မဘသအဖွဲ့က လုပ်ဆောင်ခဲ့ခြင်း မဟုတ်သလို ပါဝင်ခဲ့ခြင်းမဟုတ် ကြောင်း မဘသအဖွဲ့ ဗဟိုဦး ဆောင်ဆရာတော်ဦးပညာဝရက မိန့်ကြားသည်။

ထို့အပြင် မဘသအဖွဲ့အနေ ဖြင့် မဟုတ်မမှန် စွပ်စွဲပြောဆို မှုများကို လက်ရှိအချိန်တွင် ပြန် လည်တုံ့ပြန်မည်မဟုတ်သော် လည်း ဓမ္မ၀ံသာနုရက္ခိတအ ဖွဲ့က တရားဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မည်ဟု ဓမ္မ၀ံသာနုရ က္ခိတအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးအောင်ချစ်က ပြောသည်။

More in News Section