မန္တလေးရှိ ဟိုတယ်တစ်ခုတွင် တရုတ်နိုင်ငံသားတစ်ဦး သေဆုံး၊ ဗီဇာသက်တမ်းကုန်၍ လက်ခံထားသည့် ဟိုတယ်ကို သတိပေးမည်

မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် ၈၃ လမ်း၊ ၂၅ လမ်း ထောင့်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသည့် တရုတ်နိုင်ငံ သားအမျိုးသားတစ်ဦး နှာခေါင်း သွေးထွက်ဒဏ်ရာဖြင့် လဲကျသေ ဆုံးမှု မေလ ၂၆ ရက်က ဖြစ်ပွားခဲ့ သည်။

သေဆုံးသည့် တရုတ်နိုင်ငံ သားသည် အသက် (၄၄)နှစ်အ ရွယ်ရှိပြီး မေလ ၂၆ ရက် နံနက် ၄ နာရီခန့်က ရင်ဘတ်အောင့်သည် ဟုပြောရင်း အခန်းထဲရှိ ခုတင် ဘေးသို့ လဲကျသွား၍ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် စဉ်သေဆုံးခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

‘‘နှာခေါင်းသွေးထွက်ဒဏ် ရာနဲ့ သေသွားတယ်။ မေလ ၂၇ ရက်အထိ ရင်ခွဲမစစ်ရသေးတဲ့အတွက် ဘာကြောင့်သေဆုံးတယ် ဆိုတာ ပြောလို့မရသေးပါဘူး’’ဟု မန္တလေးပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံသား သေဆုံးမှု နှင့်ပတ်သက်၍ ၎င်းတည်းခိုသည့် နိုင်လွန်ဟိုတယ်သို့ သွားရောက်စစ်ဆေးရာ၎င်းသည် ဗီဇာသက်တမ်းကုန်နေပြီး နိုင်ငံခြားသား လက်ခံထားသည်ကို စစ်ဆေးတွေ့ရှိရာ ဟိုတယ်ကို သက်ဆိုင်ရာလဝကဥပဒေဖြင့် အရေးယူရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

‘‘ဗီဇာသက်တမ်းကုန်ရင် တော့ လေဆိပ်မှာ ဒဏ်ကြေး ဆောင်လို့ရတယ်။ တစ်ခုတော့ရှိတယ်။ ဟိုတယ်အနေနဲ့ မြို့နယ်ရုံးကို နိုင်ငံခြားသားရောက် ရှိတယ်ဆိုတာ အကြောင်းကြား ထားလား၊ မရှိရင်တော့ အရေးယူပါမယ်။ ဒါပေမဲ့ နိုင်ငံခြားသားဗီဇာသက်တမ်းကုန်နေတာကို လက်ခံပေးတဲ့အတွက် သတိပေးတာမျိုးလုပ်ရပါမယ်။ စည်းကမ်း မလိုက်နာတာတွေ အကြိမ်ရေ များလာရင်တော့ ဟိုတယ်ခရီးကို တင်ပြပြီး ဟိုတယ်ခရီးကနေ ဟိုတယ်ကို အရေးယူတာမျိုး၊ အ ပြစ်ပေးတာမျိုးလုပ်ရ ပါတယ်’’ဟု မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဒုညွှန်ကြား ရေးမှူး ဦးဝင်းမြင့်က ပြောသည်။

နိုင်ငံခြားသားများသည် နေ ထိုင်ခွင့်သက်တမ်း ကုန်ဆုံးပြီး ရက်ကျော်လွန်နေပါက ဒဏ် ကြေးအဖြစ် တစ်ရက်လျှင် သုံး ဒေါ်လာနှုန်းပေးဆောင်ရမည်ဖြစ် ပြီး ရက်ပေါင်း ၉၀အထိ ရက်ကျော် နေထိုင်ခွင့် ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။

ဟိုတယ်များအနေဖြင့် နိုင်ငံ ခြားသားများ လာရောက်တည်းခို နေသည်ကို သက်ဆိုင်ရာ မြို့နယ် လဝကရုံးသို့ ၂၄ နာရီအတွင်း အ ကြောင်းကြားထားမှုမရှိပါက နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်း ဥပဒေပုဒ်မ ၁၄(၆)အရ အမှုဖွင့် အရေးယူပြီး ထောင်ဒဏ် ၂ နှစ် (သို့) ငွေဒဏ်ကျခံရမည်ဖြစ် သည်။

Top News