အောင်ဝင်းခိုင် ပျောက်ဆုံးခဲ့သည့် ပရဆေးဥယျာဉ်အတွင်း စီအိုင်ဒီက ဦးဆောင်၍ ၀င်ရောက်ရှာဖွေ

တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံမှုတွင် လွတ်မြောက်နေသော အောင် ၀င်းခိုင်ပျောက်ဆုံးခဲ့သည့် နေ ပြည်တော် ပရဆေးဥယျာဉ်အ တွင်းသို့ မေလ ၃၀ ရက်၌ CID က ဦးဆောင်၍ ရှာဖွေမှုများပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

 ‘‘ရှာတာကတော့ ဟုတ် တယ်ဗျ၊ အကြောင်းရင်းကတော့ မသိဘူး။ ၀ရမ်းရှာဖွေတာပဲ၊ ၀ရမ်းအတည်ပြုတာပဲ။ ရှာဖွေတဲ့ ဟာလာတာပဲ၊ ဒါပဲရှိတယ်။ ကျွန် တော်တို့ဆီကတော့ CID အဖွဲ့က လာတဲ့ ကျွန်တော်တို့ဆီကို လိုက် ပြပေးပါဆိုလို့ ရပ်ကွက်ထဲကို လိုက်ပြပေးတာ၊ ဒါပဲရှိတယ်’’ဟု ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှ စခန်း မှူး ဒုရဲမှူးမြင့်အောင်က အတည် ပြုပြောကြားသည်။


အောင်ဝင်းခိုင်ပျောက်ဆုံးခဲ့ သည့် ပရဆေးဥယျာဉ်အတွင်း ရှာဖွေမှုများပြုလုပ်ရာတွင် CID က ဦးဆောင်၍ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများပါဝင်ခဲ့သည်။

  ရှာဖွေမှုနှင့်ပတ်သက်၍ CID မှ တာဝန်ရှိသူထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။

အောင်ဝင်းခိုင်ကို တစ်နိုင်ငံ လုံးအနှံ့ရှာဖွေရန် တရားလိုရှေ့ နေဦးနေလက ရန်ကုန်တိုင်း တရားရုံးကို အယူခံဝင်ခဲ့သော် လည်း မေလ ၁၉ ရက် ရုံးချိန်းတွင် ပယ်ချခံခဲ့ရသည်။ ထို့နောက် တိုင်းတရားရုံးက ၀ရမ်းအသစ်မလိုဟုဆိုကာ ယခင်ရှိထားသည့် ၀ရမ်းကို ထပ်မံဖြည့်စွက်ခဲ့ပြီး မေလကုန်တွင် ၀ရမ်းနှင့်အတူ ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရန် ရဲ တပ်ဖွဲ့သို့ အကြောင်းကြားစာပို့ခဲ့ သည်ဟု ဦးနေလက ပြောသည်။

‘‘အခုရှာဖွေတာက ၀ရမ်းအ ဟောင်းကို အောက်ရုံး (မြောက် ပိုင်းခရိုင်တရားရုံး) ထပ်မံဖြည့် စွက်ပြီး ညွှန်ကြားတဲ့အတိုင်း ရဲ တပ်ဖွဲ့က လုပ်ငန်းဆောင်ရွက် တာဖြစ်ပါတယ်။ ပရဆေးဥယျာဉ် ထဲမှာ ရှာတယ်ဆိုတာ တရားရုံး က ညွှန်ကြားချက်မှာပါတဲ့အတိုင်း ပဲရှာတာ’’ဟု တရားလွှတ်တော် ရှေ့နေဦးနေလက ပြောသည်။