ယခုနှစ် ပြုလုပ်မည့် ယာဉ်တန်းဖြင့် ခရီးသွား အစီအစဉ် မြန်မာ-ထိုင်းနယ်စပ်ကို ဖြတ်သန်းမည်

မြန်မာနိုင်ငံ ခရီးသွားဈေးကွက် မြှင့်တင်ရေးအသင်းက ဦးဆောင် ၍ (၅)ကြိမ်မြောက်ယာဉ်တန်းဖြင့် ခရီးသွားအစီအစဉ် (Myanmar Heritage Trail Tourism Rally) ကို ပထမဆုံး နယ်စပ်ဖြတ်ကျော် ခရီးစဉ်ပြုလုပ်မည်ဟု မြန်မာနိုင်ငံခရီးသွားဈေးကွက်မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက ပြောသည်။


ပြည်တွင်းခရီးသွားလုပ်ငန်း မြှင့်တင်ရေး ရည်ရွယ်သည့် အဆိုပါအစီအစဉ်ကို ၂၀၁၅ က စတင်ပြုလုပ်ခဲ့ပြီး ယခင်အကြိမ်များက ပြည်တွင်းခရီးစဉ်များသာ သွား ရောက်ခဲ့ရာမှ  ယခုနှစ်တွင် မြန်မာ-ထိုင်းနယ်စပ်ကို ပထမဆုံးအကြိမ် ဖြတ်ကျော်သွားရောက်ရန် စီစဉ်ထားသည်။

‘‘ဒီနှစ်ကုန်ပိုင်း (ဒါမှမဟုတ်) ကိုးလပိုင်းလောက်မှာ သွားဖြစ်ပါ မယ်။ တစ်ဖက်က Tourism Authority of Thailand (TAT)နဲ့ ချိတ်ဆက်မှုတွေ လုပ်ထားပါ တယ်။ ထိုင်းနိုင်ငံဘက်က ကား တွေလည်း ပါဖို့ရှိပါတယ်’’ဟု မြန်မာနိုင်ငံ ခရီးသွားဈေးကွက် မြှင့်တင်ရေးအသင်းမှ အတွင်းရေး မှူး ဦးမျိုးသွင်က ပြောသည်။

အဆိုပါ ခရီးသွားအစီအစဉ် ကို တစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ် လေ့ရှိပြီး ယခုနှစ်အတွင်း ပထမ ခရီးစဉ်အဖြစ် မွန်-တနင်္သာရီဒေသသို့ သွားရောက်မည်ဖြစ်ကာ ဒုတိယ ခရီးစဉ် နယ်စပ်ဖြတ်ကျော် ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ် သည်။

မြန်မာနယ်စပ် ဖြတ်ကျော် ခရီးစဉ်များကို မြန်မာနိုင်ငံဘက်မှ ယာဉ်တန်းများဖြင့် သွားရောက် လေ့မရှိသော်လည်း ထိုင်းဘက်မှ တစ်ဆင့် ပြည်ပခရီးသွားများ မကြာခဏ လာရောက်လေ့ရှိသည်။

ယာဉ်တန်းဖြင့် ခရီးသွားအစီ အစဉ်တွင် သရေခေတ္တရာ၊ ပုဂံ ခရီးစဉ်၊ ကျိုင်းတုံ၊ တာချီလိတ် ခရီးစဉ်၊ ရခိုင်၊ ဧရာဝတီဖြတ် ကျော်ခရီးစဉ်တို့ သွားရောက်ခဲ့ သည်။ ဇွန်လ ၃ ရက်တွင် စတင် သည့် မွန်-တနင်္သာရီခရီးစဉ်သည် ခုနစ်ညအိပ် ရှစ်ရက်ခရီးဖြစ်ကာ မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့အထိ သွားရောက်မည်ဖြစ်သည်။