မိုးကာလတွင် ကမ္ဘာလှည့်ခရီးသည် အ၀င်များရေး ခရီးစဉ် ခုနစ်ခုကို ဈေးကွက်မြှင့်တင်မည်

ကမ္ဘာလှည့်ခရီးသွားများ နှစ်သက်ရာ ငပလီကမ်းခြေအလှကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

ကမ္ဘာလှည့်ခရီးသည်များ လာ ရောက်လည်ပတ်မှုနည်းပါးသော မိုးရာသီတွင် ပြုလုပ်မည့် Green Season Program ၌ နိုင်ငံ တစ်ဝန်းရှိ ခရီးစဉ်ဒေသခုနစ်ခုကို အဓိကထား၍ ဈေးကွက်မြှင့်တင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင့်သွင်က ပြောသည်။

‘‘ဇွန်လဆိုရင် မိုးရာသီက စပြီးတော့ ရောက်နေပြီဖြစ်ပေမယ့် လိုအပ်တဲ့ ညှိနှိုင်းပေါင်းစပ်မှု တွေ မပြီးသေးတဲ့အတွက် Green Season အတွက် ဘာတွေလုပ်သွားမယ်ဆိုတာ တရားဝင်ကြေညာတာမျိုးတွေ မလုပ်နိုင်သေးပါ ဘူး’’ဟု ဦးတင့်သွင်က ပြောသည်။

Green Season Program တွင် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်း လေး၊ ချောင်းသာ၊ ငွေဆောင်နှင့် ငပလီကမ်းခြေ အစရှိသည့် ခရီး စဉ်ဒေသခုနစ်ခုကို အဓိကထား၍ ဈေးကွက်မြှင့်တင်မည်ဖြစ်ပြီး ဟို တယ်အခန်းခများ လျှော့ချပေး ခြင်း၊ လေကြောင်းလိုင်းနှင့် သယ် ယူပို့ဆောင်စရိတ်များ လျှော့ချ ခြင်းအစရှိသည့် ၀န်ဆောင်မှုများ  စီစဉ်လျက်ရှိသော်လည်း ညှိနှိုင်း ဆဲဖြစ်၍ တရားဝင်မကြေညာ နိုင်သေးခြင်းဖြစ်သည်။ ဈေးကွက် မြှင့်တင်ရာတွင်လည်း အမေရိ ကန်၊ ဥရောပ၊ ကိုရီးယား၊ ဂျပန် နှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံခြား သား ခရီးသွားများကို အဓိကထား  ပြုလုပ်မည်ဟု ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ သိရ သည်။ Green Season  ပြုလုပ်ရာ ၌ တည်းခိုစရိတ်များ၊ သယ်ယူပို့ ဆောင်စရိတ်များ လျှော့ချပေး မည့်အပြင် မိုးရာသီအတွင်း လာ ရောက်လည်ပတ်ပါက ဗီဇာများ ဖြေလျှော့ပေးခြင်း၊ ဇုန်ဝင်ကြေး များ ဖြေလျှော့ပေးခြင်းနှင့် ခရီးသွားဧည့်သည်များ ငွေကုန်ကြေးကျမများဘဲ စိတ်ဝင်စားစေမည့် ပွဲလမ်းသဘင်များပြုလုပ်ပေးခြင်းတို့ကိုလည်းဆောင်ရွက်သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက အကြံပြုထားသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်မှု သည် ၂၀၁၅ တွင် ၄ ဒသမ ၀၆ သန်းအထိရှိပြီး ၂၀၁၆ တွင် ၂ ဒသမ ၉ သန်းသာ ၀င်ရောက်ခဲ့သည့်အ တွက် ယမန်နှစ်ကထက် တစ်သန်း ကျော် လျော့ကျခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

More in Tourism Section

Top News