The Voice သတင်းစာအယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်တို့အာမခံပယ်ချ ခံရ

ဓာတ်ပုံ - ငြိမ်းချမ်း

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသည့် The Voiceသတင်းစာ အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်တို့ကို ယနေ့ (ဇွန်လ ၈ )နံနက်ပိုင်းက ဗဟန်းမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့သည်။


ရုံးထုတ်ရာတွင် ၎င်းတို့နှစ်ဦး၏ အကျိုးဆောင်ရှေ့နေက အာမခံပေးရန် လျှောက်ထားရာ ဗဟန်းမြို့နယ်တရားသူကြီးက ပယ်ချလိုက်သည်။

ယင်း ရုံးထုတ်မှုတွင် သတင်းမီဒီယာသမား တစ်ရာခန့်က သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ‘‘သတင်းလွတ်လပ်ခွင့်ရှိရမည်’’ ဟု ရေးသားထားသည့် လက်ပတ်ဖြူများဝတ်ဆင်ခဲ့ကြသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရမှုနှင့်ပတ်သက်ပြီး The Voice သတင်းစာမှ တာဝန်ရှိသူများနှင့် ၎င်းတို့၏ အကျိုးဆောင်ရှေ့နေက ယနေ့နံနက်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်သည်။

 

Top News