လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်ဖြစ်လာနိုင်ဟု ဒေါက်တာထွန်းလွင်သတိပေး

ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းဖြစ် ပေါ်နေပြီး ဇွန်လ ၈ ရက်ကစ၍ တစ် ပတ်အတွင်း မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

လေဖိအားနည်း ရပ်ဝန်း သည် ဇွန်လ ၇ ရက်ကစတင်ဖြစ် ပေါ်ပြီး ပိုမိုအားကောင်းလာကာ  မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း ၎င်းကခန့်မှန်းပြောကြားသည်။

‘‘ဇွန်လ ၈ ရက်ကနေဆို တစ် ပတ်အတွင်းမှာ မုန်တိုင်းငယ်ဖြစ် လာနိုင်တယ်။ လတ်တလောခန့် မှန်းချက်အရ အိန္ဒိယနိုင်ငံ ကမ်းခြေကို ဝင်ရောက်နိုင်ပေမယ့် ဒီဘက်(မြန်မာနိုင်ငံ)မှာ မိုးကောင်း ဖို့ရှိလို့ သတိထားရမယ်’’ ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

ဇွန်လ ၈ ရက်ကစတင်ကာ ကချင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးမှ လွဲ၍ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် မိုး ကောင်းနိုင်ကြောင်း သတိပေး ထားသည်။ လက်ရှိတွင်ရန်ကုန် မြို့အပါအဝင် ဒေသအများစု၌ နေ့စဉ်မိုးကောင်းနေသည်။

မိုးဇလက မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် နေရာ ကွက်မိုးကြီးနိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ကပ္ပလီပင်လယ် ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ မုတ်သုံလေအား ကောင်းနေပြီး မြန်မာ့ကမ်းရိုးတန်း နေရာတို့တွင် လှိုင်းအမြင့် ၆ ပေမှ ၁၀ ပေခန့်ရှိနိုင်ကြောင်း သတိပေးထားသည်။

Top News