ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်

ဘင်္ဂလားပင်လယ်အော်တွင် ယနေ့ နေ့လည်မှစတင်ကာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

မုတ်သုံလေ အားကောင်းနေ၍ နေရာကွက် မိုးကြီးမှုများ ဖြစ်ပေါ်နေစဉ် လေဖိအားနည်းရပ်ဝန်းပါ ထပ်မံဖြစ်ပေါ်လာ၍ မိုးပိုမို အားကောင်းလာဖွယ်ရှိနေကြောင်း သိရသည်။
ယနေ့နှင့် နံနက်ဖြန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ကြောင်း မိုး/ဇလဌာနက သတိပေးထားသည်။
ယခုဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ လာမည့် တစ်ပတ်အတွင်းတွင် မုန်တိုင်းငယ် ဖြစ်လာနိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

Top News