မိုးတွင်းကာလ ပန်းချီကားဈေးကွက် အရောင်းအဝယ်ပါး

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

မိုးတွင်းကာလတွင် နိုင်ငံခြားသားဧည့်သည်များ လာရောက်လည်ပတ်မှု နည်းပါး၍ ပန်းချီကားဈေးကွက် အရောင်း အဝယ်အေးနေကြောင်း စုံစမ်း သိရသည်။ 

‘‘ပန်းချီအရောင်းပြပွဲတွေက တော့ တစ်ပတ်မှာ လေးငါးဆယ် ပွဲပုံမှန်ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံ ခြားသားခရီးသွားလာတာ နည်းတဲ့လတွေဆို ပန်းချီအရောင်းအဝယ် က အေးတယ်။ ပြည်တွင်းက လူ ငယ်တွေလည်း နောက်ပိုင်း ပန်းချီကားဝယ်ယူဖို့ကို စိတ်ပါဝင်စား လာကြပေမယ့် ဝယ်ယူမှုနည်းပါ တယ်’’ဟု Pansodan Gallery ပိုင်ရှင် ကိုအောင်စိုးမင်းက ပြော ကြားသည်။ 

မြန်မာ့ပန်းချီ ဈေးကွက်သည် ယခင်က နိုင်ငံခြားသားဧည့်သည်များ၏ဝယ်ယူမှုကို အဓိက အားထားခဲ့ရသော်လည်း ယခုအခါ ပြည်တွင်းမှ ပန်းချီအနုပညာကို နှစ်သက်မြတ်နိုးသူ၊ ပန်းချီ ကားစုဆောင်းသူ၊ ပန်းချီကားကို ပြန်လည်ရောင်းချရန် ဝယ်ယူသူများလည်း ရှိလာပြီဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေ၊ ငွေဈေးမတည်ငြိမ်မှုနှင့် သဘာဝဘေး အန္တရာယ်များကလည်း ပန်းချီကားအရောင်းအဝယ်ပေါ် သက်ရောက်ပြီး ပန်းချီပြခန်းများကြာရှည်မဖွင့်နိုင်၍ ပိတ်လိုက်ရသည်များရှိကြောင်း ပန်းချီဆရာများက ပြောသည်။

Cloud 31 Galleryပိုင်ရှင် ကိုရဲလေးက ‘‘အခုကတော့ ပန်းချီ ကားတွေက အရောင်းအဝယ် အေးပါတယ်။ ဒီကာလက အဓိက အားဖြင့် ပြည်တွင်းက ပန်းချီကား ဝယ်ယူသူတွေကိုပဲ အားထားနေ ရတာပါ။ အခုနောက်ပိုင်း ပန်းချီ ကို နိုင်ငံခြားသားဧည့်သည်တွေ အပြင် ပြည်တွင်းကလည်း ဝယ်ယူလာကြပါတယ်’’ဟု ပြောသည်။ 

ပန်းချီကား ဈေးနှုန်းသည် ကန်ဒေါ်လာ တစ်ရာမှ တစ် သောင်းခန့်အထိရှိပြီး ပန်းချီကားဈေးနှုန်းကို ပန်းချီဆရာ၏သမိုင်း တန်ဖိုး၊ အနုပညာတန်ဖိုး၊ ပစ္စည်းတန်ဖိုးပေါ် မူတည်သတ်မှတ်ခြင်း ဖြစ်သည်။ သရုပ်မှန်ပန်းချီနှင့် ရိုးရာဓလေ့ကို ဖော်ကျူးထားသည့် ပန်းချီကားများကို ပြည်တွင်းက အဝယ်များပြီး စမ်းသပ်ပုံစံအသစ် ပန်းချီကားများကို နိုင်ငံခြားခရီး သွားဧည့်သည်များက အဝယ်များ သည်ဟု ပန်းချီပြခန်းများမှ သိရ သည်။ 

‘‘အရင်ကထက်စာရင် ပန်းချီကားကို ပြည်တွင်းက ပိုမိုနားလည်ခံစားတတ်လာကြတယ်။ နွေရာ သီဆိုရင် ကလေးကို ပန်းချီသင် တန်းကျောင်းပို့တဲ့ မိဘတွေရှိလာ တယ်။ ပန်းချီကားကို ပြည်တွင်း က ဝယ်စုတဲ့သူတွေရှိလာတယ်။ ပန်းချီဆရာတွေရဲ့ ပန်းချီအနုပ ညာနဲ့ အသက်မွေးဝမ်းကျောင်း ရပ်တည်မှုက အရင်ကထက်စာ ရင် ပိုမိုခိုင်မာလာပါတယ်။ မိုးတွင်းက ပန်းချီကားအရောင်းအဝယ် အေးတာကတော့ ပုံမှန်လိုဖြစ်နေ တာပါ’’ဟု ပန်းချီဆရာ ကိုစိုင်းက ပြောသည်။ 

ပန်းချီပြခန်းများသည် ၂၀၁၂ နောက်ပိုင်း များပြားလာပြီး ယခုအခါ ပြခန်း ၅၀ ခန့်ရှိလာပြီဖြစ်သည်။ 

Top News