ပုဂံဘုရားများ၏ လမ်းညွှန်မြေပုံနှင့် အချက်အလက်မိုဘိုင်းအက်ပလီကေးရှင်း သြစတြေးလျနည်းပညာကုမ္ပဏီ ထုတ်လုပ်

ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများကို ဖူးမြော်ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

ပုဂံဒေသသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားဧည့်သည်များ ဘုရားစေတီများသို့သွားရောက်မှု အဆင်ပြေစေရန်ပုဂံဘုရားများ၏ လမ်းညွှန်မြေပုံနှင့် အချက်အလက်များ ပါဝင်သည့် GPS စနစ် အခြေပြုမိုဘိုင်း
App ကို ဩစတြေးလျအခြေစိုက် နည်းပညာကုမ္ပဏီ GP One Consulting က ထုတ်လုပ်ခဲ့သည်။


‘‘ထိုင်းမှာဆိုရင် ဒါမျိုး App တွေ ထုတ်ပေးလိုက်တဲ့အတွက် ခရီးသွားတွေအတွက် ပိုပြီးလည် ပတ်ရတာ အဆင်ပြေတာတွေ့ရ တယ်။ ပုဂံအတွက် ဒါမျိုး App ထုတ်ပေးလိုက်တယ်ဆိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်လာပြီး လည်ပတ်တဲ့ FIT ခရီးသွားတွေ အတွက်တော့ အလွယ်တကူ သွားရောက်လည်ပတ်နိုင်မှာ ဖြစ် တဲ့အတွက် ကောင်းပါတယ်’’ ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌဦးသက်လွင် တိုးက ပြောသည်။

GP One Consulting သည် အဆိုပါ App ကို Bagan အမည် ဖြင့် ထုတ်လုပ်ခဲ့ပြီး ပုဂံဘုရားများ ၏ ဓာတ်ပုံ၊ အချက်အလက်အချို့ နှင့် တည်နေရာပြလမ်းညွှန်မြေပုံ များ ထည့်သွင်းပေးထား၍ မိုဘိုင်း ဖုန်းမှ GPS  ကိုဖွင့်ကာ
မိမိရောက် ရှိနေသော တည်နေရာနှင့် သွားရောက်လည်ပတ်လိုသော ဘုရားများ၏ တည်နေရာကို နာမည်ဖြင့် ရှာဖွေကြည့်ရှုကာ သွားလာနိုင်ရန် စီစဉ်ပေးထားသည်။

‘‘လမ်းညွှန် App ဆိုတော့ FIT ခရီးသွားဧည့်သည်တွေ အတွက်တော့ အဆင်ပြေတာ ပေါ့။ ဒါပေမဲ့ ဒေသခံတွေဘက် ကကြည့်ရင်တော့ အလုပ်အကိုင် အခွင့်အလမ်း နည်းနည်းလျော့ သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ-ဧည့်သည်က မိုဘိုင်း App ကိုကြည့်ပြီး အလွယ်တကူသွား လို့ရရင် ဧည့်လမ်းညွှန်တွေ မငှား တော့ဘူး။ မြင်းလှည်းတွေ ဘာ တွေလည်း မငှားတော့ဘဲ သူ့အစီ အစဉ်နဲ့ပဲသူသွားမှာပေါ့’’ ဟု ပုဂံ ဟိုတယ်ဇုန် ဧည့်လမ်းညွှန်အသင်းနာယက ဦးဇော်ဝင်းချိုကပြောသည်။ 

 GP One Consulting သည်GPS စနစ်အခြေပြုနည်းပညာ ထုတ်ကုန်များကို ထုတ်လုပ်ပေး သည့် ဩစတြေးလျကုမ္ပဏီတစ်ခုဖြစ်ပြီး Bagan App ကို ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံဒေသသို့ သွားရောက်လည်ပတ်လိုသည့် ခရီးသွားဧည့်သည်များအတွက် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ပြီး Google Play Store တွင် ဒေါင်းလုတ် ပြုလုပ်နိုင်ရန်တင်ပေးထားသည်။

More in Tourism Section

Top News