စွန့်ပစ်အမှိုက်ကြောင့် ညစ်နွမ်းမှုအန္တရာယ်ရင်ဆိုင်နေရသည့် ကန်ရေပြင်များ

အင်းလျားကန်အတွင်းရှိ အမှိုက်များကို ဆယ်ယူဖယ်ရှားနေကြစဉ် ဓာတ်ပုံ − ကျော်ဇင်သန်း

လူအများအပန်းဖြေရာ နေရာ၊ ချစ်ခြင်း သင်္ကေတ အင်းလျားကန်၏ ကြည်နူးစရာမြင်ကွင်း အလှအပများက ရေသန့်ဘူးခွံ၊ ပလတ်စ တစ်အမှိုက်များနှင့် ပနံမရစွာ မြင်တွေ့နေရသည်။


အင်းလျားကန်ကဲ့သို့ စိမ်း ညစ်ညစ်ရေပေါ်တွင် ရေသန့်ဘူး ခွံ၊ ပုလင်းခွံများနှင့်ပလတ်စတစ် များကနေရာယူနေသည့် နောက် ထပ်နေရာတစ်ခုက ကန်တော်ကြီး ပင်ဖြစ်သည်။

စည်းကမ်းမဲ့စွန့်ပစ်မှုများ ကြောင့် ပလတ်စတစ်အမှိုက်များ၊ ရေသန့်ဘူးခွံ၊ ပုလင်းများသည် ရန်ကုန်မြို့ လမ်းများနှင့် လမ်းကြို လမ်းကြားများတွင် အမြဲတစေနေ ရာယူနေခဲ့သလို အများပြည်သူ အပန်းဖြေရာနေရာများ၌လည်း
စွန့်ပစ်အမှိုက်များနှင့် မကင်းပေ။

လူနေအိမ်များနှင့် စား သောက်ဆိုင်များမှ စွန့်ပစ်ရေများ ၀င်ရောက်ခြင်းနှင့် အမှိုက်သရိုက် များ ကန်အတွင်း စွန့်ပစ်နေခြင်း စသည်တို့ကြောင့် ရန်ကုန်မြို့၏ အထင်ကရ အပန်းဖြေကန်နှစ်ခု ဖြစ်သည့် အင်းလျားနှင့်ကန်တော် ကြီးတို့သည် တဖြည်းဖြည်း ညစ် ညမ်းလာနေသည်။

‘‘အမှိုက်ပုံးတွေလည်း အ များကြီးထားရဲ့သားနဲ့၊ တချို့ဆို သောက်ထားတဲ့ အအေးဘူးတွေ၊ အရက်ပုလင်းတွေကို ဘယ် လောက်အဝေးရောက်လဲဆိုတဲ့ သဘောနဲ့ ပြိုင်ပစ်နေကြတာ။ သူ တို့က အပျော်လုပ်ကြတာမှန်ပေ မယ့်
လည်း ကန်ထဲမှာတော့ အ မှိုက်ပိုပွတာပေါ့’’ဟု ကန်တော်ကြီး သို့ အပန်းဖြေလာရောက်သူ ကိုမင်းမင်းက ပြောသည်။

ရန်ကုန်မြို့၏ သမိုင်းမှတ် တမ်းတွင် တစ်ထောင့်တစ်နေရာ ကပါဝင်ခဲ့သည့် အပန်းဖြေနေရာ အင်းလျားကန်ထဲ၌ စည်းကမ်းမဲ့ အမှိုက်များကြောင့် ကန်မညစ် ညမ်းစေရေးနှင့် ရေရှည်တည်တံ့ စေရန် အင်းလျားကို ချစ်မြတ်နိုးသူ များကကယ်ဆယ်ရေးများ ပြုလုပ် လာသည်။

‘‘အင်းလျားကန်က အရင် တုန်းကထက်စာရင် အမှိုက်တွေ များလာတယ်။ စားသောက်ဆိုင် တွေများလာတယ်။ ဆောက်လက် စတွေများလာတယ်။ အမှိုက်တွေ က ပစ်ချင်သလိုပစ်တယ်။ မီး လည်းရှို့ချင်သလို ရှို့တယ်။ ဒီ
အမှိုက်တွေက ကန်ထဲရောက်လာ တာ။ ဒါက အရမ်းသိသာတာ’’ဟု ရွက်လှေအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဘုန်း ကျော်မိုးမြင့်က ပြောသည်။

ယင်းအတွက်ပင် ရွက်လှေ အသင်းသားများနှင့် အင်းလျား ကန်ကို ချစ်မြတ်နိုးသူများ စုပေါင်း ၍ ကန်အတွင်း အမှိုက်ရှင်းလင်း ရေးကို လုပ်ဆောင်လာရသည်။

အင်းလျားကန်သည် အ ကျယ်အ၀န်း ၁ ဒသမ ၅ စတုန်ရန်း မိုင်ရှိပြီး ရန်ကုန်မြို့တွင် အကြီး ဆုံးကန်ဖြစ်၍ ကန်တော်ကြီးကန် သည် ၀ ဒသမ ၂၅ စတုရန်းမိုင် ကျယ်ဝန်းကာ ဒုတိယမြောက် အ ကြီးဆုံးကန်ဖြစ်သည်။

ကန်တော်ကြီးကန်ကို ၁၈၇၉ တွင် ရန်ကုန်မြို့တော်သို့ ရေပေး ဝေရန် ရည်ရွယ်ချက်ဖြင့် စတင် တူးဖော်ခဲ့ကာ ယင်းအချိန်က ရန်ကုန်ဧရိယာသည် ဆူးလေဘုရားအရှေ့ဘက် ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား
စသည့် ဧရိယာတစ်ဝိုက်သာဖြစ်ပြီး မြို့ပြအနေထား မကျယ်ဝန်းသေးသဖြင့် ရေပေးဝေမှုသည် ကန်တော်ကြီးတစ်ခုတည်းနှင့် လုံလောက်ခဲ့သည်။

ထို့နောက် ရန်ကုန်မြို့တော် တွင် အခြေချနေထိုင်သူ တဖြည်း ဖြည်းများလာသလို မြို့ဧရိယာ လည်း ကျယ်ပြန့်လာ၍ ကန်တော် ကြီးတစ်ခုတည်းနှင့် မလုံလောက် တော့သဖြင့် ၁၈၈၄ တွင် အင်း လျားကန်ကို တူးဖော်ခဲ့ခြင်းဖြစ် သည်။

ရန်ကုန်မြို့တော် ရေပေးဝေ မှုအတွက် အင်းလျားကန်မှတစ် ဆင့် ကန်တော်ကြီးကို ၀ိုက်သွယ် တန်းပြီး ရေသွင်းကာ ရေပေးဝေမှု လုပ်ဆောင်ခဲ့သော်လည်း လူနေ ရပ်ကွက်များပိုမိုချဲ့ထွင်လာရာမှ ကန်ရေပေးဝေမှုအတွက် သန့်ရှင်း မှုအားနည်းလာသည့်အပြင် ရန်ကုန်လူဦးရေနှင့် ကန်နှစ်ခု မလုံ လောက်တော့သဖြင့် ၁၉၀၄ တွင် ကန်တော်ကြီးကန်မှ ရေပေးဝေမှု ရပ်ဆိုင်းခဲ့သည်။

ယင်းအချိန်တွင် တိုးတက် များပြားလာသည့် မြို့ပြနှင့် လူဦး ရေအခြေအနေအရ လှော်ကား ကန်ကို တူးဖော်၍ ရေပေးဝေရေး လုပ်ဆောင်ခဲ့သည်။ ကန်တော် ကြီးနှင့် အင်းလျားကန်ကို အများ ပြည်သူ အပန်းဖြေရာ နေရာအဖြစ် ပြောင်းလဲခဲ့သည်။

အများပြည်သူအပန်းဖြေရာ နေရာအဖြစ် ပြောင်းလဲခဲ့သော အင်းလျားကန်နှင့် ကန်တော်ကြီး ကန်အတွင်း အမှိုက်များစွန့်ပစ် ခြင်း၊ လူနေအိမ်ခြေများမှ စွန့်ပစ် ရေများဝင်ရောက်ခြင်းနှင့် ကန်အ တွင်းရှိ စားသောက်ဆိုင်များမှ
စွန့် ပစ်ရေများ ၀င်ရောက်ခြင်းတို့ ကြောင့် ကန်ရေညစ်နွမ်းမှုဖြစ်ပေါ် နေခဲ့၍ ထိန်းသိမ်းရေးများပြုလုပ် နေရသည်။

အင်းလျားကန်နှင့် ကန်တော် ကြီးတွင် အမှိုက်များကို ကန်အ တွင်း စွန့်ပစ်မှုများရှိနေ၍ အမှိုက် ပုံးများထဲသို့ အမှိုက်စွန့်ပစ်ရန် ဆိုင်းဘုတ်များထားရှိသော်လည်း အချို့သည် ကြုံသလို စွန့်ပစ်မှုများ ရှိနေသည်။

‘‘ကန်တော်ကြီးက ရေပေးဖို့ မသန့်တော့တာ၊ ကန်က မပျက် သေးဘူး။ လူနေအိမ်ခြေတွေနဲ့ နီး တော့ လူနေရပ်ကွက်တွေက စွန့် ပစ်တဲ့အညစ်အကြေးတွေ ကန်ထဲ ကိုဝင်တယ်’’ဟု ရေနှင့်သန့်ရှင်း ရေးဌာန ဌာနစုမှူး
ဦးကျော်ကျော်ဦးက ပြောသည်။


အင်းလျားကန်နှင့် ကန်တော် ကြီးတို့၏ ရေအရည်အသွေးနှင့် ဂေဟစနစ်ကို သုတေသနပြုလေ့ လာမှု မပြုရသေးသဖြင့် ညစ်ညမ်း မှုပမာဏကို အတိအကျမပြောနိုင် သော်လည်း ဘေးအနီးဝန်းကျင်မှ စွန့်ပစ်ရေနှင့် အကြွင်း
အကျန်များ ၀င်ရောက်ခဲ့ခြင်းနှင့် စွန့်ပစ်အမှိုက် များကြောင့် ညစ်ညမ်းမှုများရှိနိုင် ကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ကျော်ငြိမ်းအေးက ပြောသည်။

‘‘မျက်မြင်အခြေအနေဆို လူ တွေရဲ့ စည်းကမ်းမဲ့စွန့်ပစ်မှုတွေ ကြောင့်လို့ ပြောနိုင်ပါတယ်’’ဟု ဒေါက်တာ ကျော်ငြိမ်းအေးက ပြောသည်။

၂၀၁၅ ဒီဇင်ဘာမှ ၂၀၁၆ သြဂုတ်အတွင်း အင်းလျားကန်ရေ အရည်အသွေး လေ့လာမှုအရ အင်းလျားကန်ရေ အရည်အသွေး သည် နွေနှင့် ဆောင်းရာသီတွင် ဇီဝနှင့်ဓာတုဆိုင်ရာ အောက်ဆီ ဂျင်လိုအပ်ချက်သည် သတ်မှတ်စံ
နှုန်းထက်အနည်းငယ်များပြီး မိုး ရာသီ၌ မိုးရေကြောင့် ပမာဏ လျော့ကျကြောင်း တွေ့ရှိခဲ့သည့် ဟု ရန်ကုန်နည်းပညာတက္ကသိုလ်မှ မဟာအင်ဂျင်နီယာ (ရေအရင်းအ မြစ်အသုံးချမှု) ဘွဲ့အတွက် ပြုစုခဲ့သည့် ကျမ်းပြုစာတမ်း
တစ်ခုတွင် ဖော်ပြထားသည်။

ရလဒ်များအရ အချို့နေရာ များတွင် BOD ပမာဏများနေ သော်လည်း ယင်းမှာ ကန်အရည် အသွေးနှင့် ရေနေသတ္တ၀ါများကို ထိခိုက်စေမှု မတွေ့ခဲ့ကြောင်း စာ တမ်း၌ ဖော်ပြထားသည်။

‘‘တချို့နေရာတွေက သတ် မှတ်စံနှုန်းထက်များတာရှိနိုင်ပေ မယ့် ကန်တစ်ခုလုံးကို ခြုံကြည့်ရင် တော့ အဆင်ပြေသေးတယ်။ အ ပန်းဖြေရေးအနေနဲ့ကတော့ အ ခြေအနေကောင်းသေးတယ်’’ဟု အင်းလျားကန်ကို လေ့လာခဲ့သူ မရွှေရည်မွန်မွန်က ပြောသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က ချက်ထရီယမ်ဟိုတယ်မှ စွန့်ပစ်ရေ များကို သန့်စင်မှုမလုပ်ဘဲ ကန်အ တွင်းသို့ တိုက်ရိုက်စွန့်ပစ်နေ ကြောင်း စစ်ဆေးတွေ့ရှိခဲ့၍ သန့် စင်မှု ပြုလုပ်ပြီးမှ စွန့်ပစ်ရန် ညွှန် ကြားခဲ့ရသလို ကန်တော်ကြီးနှင့် အင်းလျားကန်အနီးဝန်းကျင်ရှိ လူ နေအိမ်များမှ စွန့်ပစ်ရေများ ကန် အတွင်း မ၀င်ရောက်စေရန် ရေလွှဲ မြောင်းများဖောက်လုပ်ခြင်း၊ စား သောက်ဆိုင်များမှ စွန့်ပစ်ရေများ ကို သန့်စင်ပြီးမှ စွန့်ပစ်စေရန် တစ် လတစ်ကြိမ်
စစ်ဆေးခြင်း၊ ကန်အ တွင်းအမှိုက်သရိုက်ဆယ်ခြင်း၊ ကန်ရေသန့်ရှင်းစေရေး ဆေးဖျန်း ခြင်း၊ ရေညှိရေမှော်များ ရှင်းလင်း ခြင်း၊ ရေသန့်စင်မှုတို့ကို ရန်ကုန် မြို့တော်စည်ပင်က ပုံမှန်ပြုလုပ် နေကြောင်း ဦးကျော်ကျော်ဦးက
ပြောသည်။

‘‘လက်ရှိအခြေအနေကိုပဲ ပို မပျက်ယွင်းစေဖို့ ထိန်းသိမ်းနေရ တယ်’’ဟု ဦးကျော်ကျော်ဦးက ပြောသည်။ကန်တော်ကြီးနှင့် အင်းလျား ကန်အတွင်း စားသောက်ဆိုင်များ သိသိသာသာများပြားလာရာ ဆိုင် များမှ စွန့်ပစ်အညစ်
အကြေးများ၊ လူအများက အမှိုက်များ စွန့်ပစ်မှု များကြောင့် ကန်ရေသည် တ ဖြည်းဖြည်းညစ်ညမ်းလာ၍ ယင်း ကန်နှစ်ခုကို အပန်းဖြေရာနေရာ တစ်ခုအဖြစ် မသတ်မှတ်ဘဲ သောက်သုံးရသည့် ရေချိုကန်ကြီး အဖြစ် မှတ်ယူကာ ထိန်းသိမ်း စောင့်ရှောက်သင့်သည်ဟု ပတ် ၀န်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးစည်သူလွင်က ပြောသည်။

‘‘ရန်ကုန်မှာမွေးတဲ့ ရန်ကုန် သားတစ်ယောက်အနေနဲ့ပြောရ ရင် (၁၀) နှစ်သားတုန်းက ကန် တော်ကြီးနဲ့ အသက် (၅၀) ကျော် အချိန် ကန်တော်ကြီးက အကြီး အကျယ်ပြောင်းလဲသွားပြီ။ သစ် ပင်တွေလုံးဝမရှိတော့ဘူး။
ကန် ဧရိယာထဲမှာ ဆိုင်တွေအများကြီး ဆောက်ခွင့်ပေးလိုက်တဲ့အတွက် ကြောင့်လည်းပါမယ်’’ဟု ဦးစည် သူလွင်က ပြောသည်။

ကန်တော်ကြီးနှင့် အင်းလျား ကန်တို့ ရေရှည်တည်တံ့စေရေး  ကန်အတွင်းသို့ ၀င်နေသည့် ရေ ဆိုးပေါက်များကို ပိတ်ခြင်း၊ ကန်အတွင်းသို့ အမှိုက်မစွန့်ပစ်ခြင်း၊ ကန်ထဲတွင်ရှိသည့် အညစ်အကြေး၊ အမှိုက်သရိုက်ကို
ရှင်းလင်းခြင်း၊ကန်အနီးဝန်းကျင်တွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ကန်ရေကို ပုံမှန်စစ်ဆေးခြင်းတို့ ပြုလုပ်ရန်လိုကြောင်း ရေပညာရှင် ဒေါက်တာခင်နီနီသိန်းက အကြံပြုသည်။

‘‘အရမ်းကြီးဆိုးရွားတဲ့အခြေ အနေတော့ မရောက်သေးဘူး။ရေရှည်မှာ ထိန်းသိမ်းမယ်ဆိုရင်တော့ ထိန်းသိမ်းလို့ရနိုင်သေးတယ်’’ဟု မရွှေရည်မွန်မွန်ကပြောသည်။  ။


ဓာတ်ပုံ − ကျော်ဇင်သန်း

Top News