ဇင်မာဦး နောက်ဆုံးခရီး စင်ကာပူအစိုးရ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်

ဇင်မာဦး သေဆုံးမှုအတွက် စင်ကာပူ အလုပ်သမားဝန်ကြီးဌာနနှင့် သံရုံးတာဝန်ရှိသူများ မိသားစုဝင်များနှင့် တွေ့ဆုံမည်

စင်ကာပူနိုင်ငံတွင် တိုက်ပေါ်မှ ခုန်ချသေဆုံးခဲ့သော မဇင်မာဦးကို စင်ကာပူနိုင်ငံ Mandai Crematorium Hall 1 သုသာန်၌ ဇွန်လ ၁၈ ရက် ညက သင်္ဂြိုဟ်ခဲ့ပြီး စင်ကာပူအစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန် ဒေါ်ဆန်းစန္ဒာဝင်းကပြောသည်။

ထို့အပြင် မဇင်မာဦး၏ အမှု အတွက် ယနေ့ (ဇွန်လ ၁၉ ရက်) တွင် စင်ကာပူနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနနှင့် မိဘများ၊ မြန်မာ သံရုံးမှ တာဝန်ရှိသူများနှင့် အ စည်းအဝေး ပြုလုပ်မည်ဖြစ် ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကောင်စစ်ဝန်ဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။


‘‘သင်္ဂြိုဟ်ဖို့အတွက် ကျွန်မ တို့ သံရုံးကရော၊ မြန်မာအဖွဲ့အ စည်းတွေက အားလုံးပူးပေါင်းပြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ အိမ် ရှင်က နစ်နာကြေးတွေပေးမယ့် အခြေအနေရှိပါတယ်။ အိမ်ရှင် ရယ်၊ အလုပ်သမားဝန်ကြီးဌာန ရယ်၊ နောက်ပြီး ဒီမှာရှိတဲ့သူတွေ ၀ိုင်းဝန်းပြီး ကူညီပေးနေပါတယ်’’ဟု ဒေါ်ဆန်းစန္ဒာဝင်းက 7Day Daily သတင်းစာအား ပြောသည်။

မဇင်မာဦး ခုန်ချသည့် အ ကြောင်းရင်းကို စင်ကာပူရဲတပ် ဖွဲ့က စစ်ဆေးနေပြီး ထုတ်ပြန် ကြေညာခြင်းမရှိသေးပေ။ မဇင် မာဦးအတွက် နစ်နာကြေးရရှိရန် မြန်မာသံရုံးက ဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်လက် ပြောသည်။

‘‘ဟိုနေ့ကတော့ သူ့အဖေနဲ့ ဦးလေးကို ရဲက သူတို့ သိချင်တာလေးတွေမေးတယ်’’ဟု ဒေါ်ဆန်းစန္ဒာဝင်းက ပြောသည်။

ထို့အပြင် မဇင်မာဦး၏ ကျန် ရှိသည့် အဘိုးအဘွားကို ကူညီ ထောက်ပံ့ရန် စင်ကာပူဒေါ်လာ ၁၇,၀၀၀ ကျော်ရရှိပြီး လုံလောက် သည့် ပမာဏရရှိခဲ့၍ အလှူငွေ ကောက်ခံမှုကို ဇွန်လ ၁၈ ရက် တွင် ရပ်ဆိုင်းကြောင်း အလှူငွေ ကူညီကောက်ခံပေးနေသူ ကိုဝေ ဟင်အောင်ကပြောသည်။

မဇင်မာဦးကို သင်္ဂြိုဟ်ရန် ဖခင်နှင့် ဦးလေးတော်စပ်သူတို့ သည့် ဇွန်လ ၁၆ ရက်က စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သည်။ မဇင်မာဦးအမှုကို အဖြစ်မှန် ဖော် ထုတ်ပေးရန် မြန်မာသံရုံးမှ တာ ၀န်ရှိသူများနှင့် ဆွေးနွေးတိုင်ပင် ကာ အပြစ်ရှိသူကို အရေးယူပေး ရန် အဆင့်ဆင့်တင်ပြတောင်းဆို မည်ဖြစ်ကြောင်း မဇင်မာဦး၏ ဦးလေး ကိုသာထွန်းအောင်က ပြောကြားထားသည်။

More in News Section

Top News