Y-8 လေယာဉ်ပျက်ကျပြီး ၁၂ရက်အကြာ Black Box တွေ့ရှိ

ဆယ်ယူရရှိသည့် ပျက်ကျ Y-8 လေယာဉ် အမြီးပိုင်းနှင့် BlackBoxကို တပ်မတော်သားများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဖေ့စ်ဘွတ်ခ်)

 လေယာဉ်ပျက်ကျမှု မှတ်တမ်းကို ဖော်ထုတ်ပေးနိုင် မည့် Black Box ကို Y-8 လေ ယာဉ်အမြီးပိုင်းတွင် တွေ့ရှိခဲ့ပြီး ပျက်ကျရသည့်အကြောင်းရင်းကို ဖော်ထုတ်နိုင်ရေးဆောင်ရွက် နေကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။

ဇွန်လ ၁၅ ရက်ကတွေ့ရှိခဲ့ သော Y-8 လေယာဉ်၏အမှတ် (၅၈၂၀) အမှတ်အသားပါရှိသည့် လေယာဉ်အမြီးပိုင်းကို ဇွန်လ ၁၈ ရက်နေ့လယ်တွင် ဆယ်ယူနိုင်ခဲ့ပြီး ယင်းအမြီးပိုင်းတွင် FRD-Flight Data Recorder (Black Box) နှင့် CVR - Cockpit Voice Recoder Black Box ပါဝင်လာကြောင်း သတင်းထုတ်ပြန်ထားသည်။ 

Black Box သည်လေယာဉ်ပျံသန်းနေချိန်လေယာဉ်၏ အချက်အလက်အားလုံးကို မှတ်တမ်းတင်ပေးထားသည့်စက်ဖြစ်ပြီး ယင်းစက်ထဲတွင် လေယာဉ်မောင်းခန်းထဲမှ အသံများကို ၂၅ နာရီကြာဖမ်းယူနိုင်ထားနိုင်သော Cockpit Voice Recorder လည်းပါဝင်ကြောင်း ကျွမ်းကျင်သူများက ရှင်းပြသည်။ရေအောက်ပေ ၁၁၅ ပေခန့်တွင် ရှိနေသောလေယာဉ်အမြီးပိုင်းကို လေအိတ်များအသုံးပြု၍ ရေမျက်နှာပြင်ပေါ်သို့ ရောက်အောင်ဆယ်ယူခဲ့ပြီး ညနေ ၃ နာရီခွဲ၌ ရေယာဉ်ကြီးတစ်စီးပေါ်သို့ တင်ဆောင်နိုင်ခဲ့သည်။  လေယာဉ်အမြီးပိုင်း နေရာဝန်းကျင်တွင် လေယာဉ်အပိုင်းအစအ ချို့ကို ထပ်မံတွေ့ရှိခဲ့ပြီး ဆယ်ယူ ခဲ့ကြောင်းသတင်းထုတ်ပြန်ထား သည်။

Black Box တွေ့ရှိပြီးနောက် လေယာဉ်ပျက်ကျရသည့် အ ကြောင်းရင်းသိရန် နီးစပ်ပြီဖြစ် သည့်။ လေယာဉ်ပျက်ကျမှုဖြစ် စဉ်ကို မြန်မြန်ဆန်ဆန် ထုတ်ပြန် ပေးစေလိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် မှတ်ချက် များ ဝင်ရောက်ရေးသားခဲ့သည်။ ပျက်ကျရသည့် အကြောင်းရင်း ကို ဖော်ထုတ်နိုင်ရေးဆောင်ရွက် နေကြောင်းတပ်မတော် ကာကွယ် ရေးဦးစီးချုပ်ရုံးက ဆက်လက် သ တင်းထုတ်ပြန်ထားသည်။ လေ ယာဉ်၏ ကျန်အစိတ်အပိုင်းများ ကို တပ်မတော် (ရေ) မှ စစ်ရေ ယာဉ်များ၊ ဒေသခံငါးဖမ်းစက် လှေများ၊ ကျွမ်းကျင်ရေငုပ်စစ် သည်များ ပူးပေါင်း၍ဆက်လက် ရှာဖွေနေကြောင်း သတင်းထုတ် ပြန်ထားသည်။

 ပျောက်ဆုံးနေသူများကို ဇွန်လ ၁၈ ရက်ကရှာဖွေမှုတွင် အမျိုးသားရုပ်အလောင်း တစ် လောင်းထပ်မံတွေ့ရှိခဲ့ပြီး စုစု ပေါင်းရုပ်အလောင်း ၉၂ လောင်း တွေ့ရှိထားသည်။ လေ ယာဉ်ပေါ် တွင် ၁၂၄ ဦးလိုက်ပါ၍ ၃၂ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။

ပျက်ကျသော Y-8 လေ ယာဉ်သည်တရုတ်ကုမ္ပဏီထုတ် ဖြစ်၍ ယခုတွေ့ရှိသော Black Box ကိုပြည်တွင်း၌ စစ်ဆေးမည် လား၊ ပြည်ပ၌ စစ်ဆေးမည်လား ဆိုသည်ကို မသိရသေးပေ။

More in News Section

Top News