တနိုင်းမြို့ပေါ်၌ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်ရောက်ရှိနေ ရေရှည်တွင် စားဝတ်နေရေး အခက်တွေ့နိုင်

တနိုင်းမြို့ပေါ်ရောက် စစ်ဘေးဒုက္ခသည်များ ရေရှည် စားဝတ်နေရေးအတွက် အခက် အခဲရှိနိုင်ကြောင်း တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးဇော်ဝင်းက ပြောသည်။

တပ်မတော်နှင့်ကေအိုင်အေ တို့အကြား မကြာခဏတိုက်ပွဲဖြစ် ပွားနေခြင်းနှင့် မှော်လုပ်သားများ ကို ထွက်ခွာခိုင်းခြင်းတို့ကြောင့် ဒေသခံ ကျေးရွာသားများသည် တနိုင်းမြို့ပေါ်ရှိ ခရစ်ယာန်ဘာ သာရေးကျောင်းများတွင် လာ ရောက်တိမ်းရှောင်လျက်ရှိရာ ဇွန် လ ၁၈ ရက်အထိ စာရင်းများအရ စစ်ဘေးဒုက္ခသည် ၁,၀၁၉ ဦးရှိ ကြောင်း တနိုင်းမြို့ ခရစ်ယာန် ဂိုဏ်းပေါင်းစုံအရေးပေါ်ကယ် ဆယ်ရေးကော်မတီမှ သိရသည်။

တနိုင်းဒေသတွင် တပ်မ တော်နှင့် ကချင်လက်နက်ကိုင်အ ဖွဲ့ ကေအိုင်အေတို့အကြား စစ် ရေးတင်းမာနေသည့်အတွက် လတ်တလောတွင် လယ်ယာလုပ် နေသူများ စိုက်ပျိုးရေးလုပ်ငန်း များလုပ်ဆောင်ရန် အခက်အခဲ ရှိနေသည်ဟု ဦးဇော်ဝင်းကဆက် လက်ပြောကြားသည်။

‘‘နှစ်ဖက်တင်းမာမှုရှိနေတဲ့ အတွက် လောလောဆယ်ရင်ဆိုင် နေရတာက ဒီအချိန်မှာ လယ်ယာ လုပ်တဲ့လူတွေက စပါးစိုက်တဲ့ အချိန်ဆိုတော့ လယ်တောတွေ ဘာတွေ သွားဖို့အခက်တွေ့တာ ပေါ့။ နောက်တစ်ခုက ၂၀၁၆ ၁၂ လပိုင်းကတည်းက ဒီဘက်တွေ မှာ ဆန်တွေရယ်၊ စက်သုံးဆီတွေ ရယ် လွတ်လွတ်လပ်လပ်ရောင်း ချတာ၊ သယ်ယူတာ စိစစ်နေတဲ့ အတွက် တနိုင်းတစ်မြို့နယ်လုံး က စက်သုံးဆီရယ်၊ ဆန်ရယ် ဈေးမြင့်တဲ့ဒဏ်ကို ပြည်သူတွေ ခံ နေရတယ်ဗျ’’ ဟု ၎င်းက ပြော သည်။

ဆက်လက်၍ ၎င်းက ‘‘မြို့ ပေါ်ရောက်နေတဲ့အဖွဲ့တွေ (စစ် ဘေးဒုက္ခသည်များ)ကတော့ တော်တော်များများက သက်ဆိုင် ရာ ဘုရားကျောင်းတွေမှာ နေနေ ကြတယ်။ ဘုရားကျောင်းတွေရဲ့ အစီအစဉ်နဲ့ ကျွေးနေကြတယ်။ ပရဟိတအဖွဲ့တွေက စားဖို့ သောက်ဖို့ဝိုင်းကူထားတယ်။ ဒီ ကြားထဲမှာ ပြည်နယ် NLD က ဆန်အိတ်တွေဘာတွေ ၀ိုင်းကူ ထားတယ်။ လောလောဆယ်မှာ တော့ ပြဿနာမရှိနိုင်ပေမယ့် ရေရှည်မှာဆိုရင်တော့ အခက်အ ခဲအများကြီးရင်ဆိုင်ရနိုင်တယ်’’ ဟု ပြောသည်။

တပ်မတော်နှင့် ကေအိုင် အေတို့သည် ဇွန်လ ၃ ရက်ကစ တင်၍ တနိုင်းဒေသတွင် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။ တနိုင်း ဒေသတွင် ရွှေနှင့် ပယင်းမှော်များ လည်းရှိရာ ယင်းဒေသတွင် နယ် မြေရှင်းလင်းရေးဆောင်ရွက်ရန် ဟုဆိုကာ မှော်လုပ်သားများကို ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး ထွက်ခွာပေးရန် တပ်မတော်က အကြောင်းကြားထားသည်။

စစ်ဘေးဒုက္ခသည်များ၏ လတ်တလောစားဝတ်နေရေးကို တနိုင်းရှိ ခရစ်ယာန်ဘာသာရေး ကျောင်းများက စီစဉ်ပေးနေပြီး ဒေသခံပရဟိတအဖွဲ့များ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့်နိုင်ငံရေး ပါတီအချို့မှ ဆန်နှင့်ဆီအပါအ ၀င် စားနပ်ရိက္ခာအချို့လာရောက် လှူဒါန်းကြကြောင်း အရေးပေါ် ကယ်ဆယ်ရေးကော်မတီပြော ရေးဆိုခွင့်ရှိသူ ဆရာနော်တောင် က ပြောသည်။

‘‘ရေရှည်ကျတော့ မလွယ် ဘူး။ UN က လူမှုကူညီရေးအဖွဲ့ တွေ ပါဝင်ကူညီမှ အဆင်ပြေမယ့် သဘောရှိတယ်။ လောလော ဆယ် လတ်တလောမှာတော့ သူ တို့နေရပ်ကို ပြန်နိုင်ဖို့က အဆင် မပြေသေးဘူးလို့မြင်တယ်။ ဘာ လို့လဲဆိုရင် နှစ်ဖက်စလုံးက တိုက်ပွဲကတစ်ရက်ပြီးတစ်ရက် ဟိုနားမှာဖြစ်လိုက်၊ ဒီနားမှာ ဖြစ် လိုက်ဆိုတော့ ပြင်းပြင်းထန်ထန် မဟုတ်ပေမယ့် အဲဒီလိုဖြစ်နေ တော့ ချက်ချင်းနေရပ်ပြန်ဖို့က နည်းနည်းအခက်အခဲရှိနေမလား လို့ မြင်တယ်ဗျ’’ ဟု ၎င်းက ပြော သည်။

စစ်ဘေးဒုက္ခသည်များအ နက် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ခန့်ရှိရာ ပြည်နယ်အစိုးရ၏ စီစဉ်ပေးမှုအရ တနိုင်းမြို့ပေါ်ရှိ ကျောင်းများတွင် အမည်စာရင်း တင်သွင်းခွင့်ရကြောင်း သတင်း ရရှိသည်။

‘‘ဒေသခံတွေက အခုတော် တော်လေး ဒုက္ခရောက်တယ်။ ကျောင်းဖွင့်တော့ ကလေးတွေရဲ့ စာအုပ်တွေ၊ လွယ်အိတ်တွေ၊ မိုး ကာတွေ၊ ကျောင်းစရိတ်တွေ၊ ကျူရှင်စရိတ်တွေ ပေးနေရတဲ့အ ချိန်၊ ပေးဖို့အတွက် ပြင်ဆင်နေရ တဲ့အချိန် စစ်ပြေးနေရတော့ ဒေ သခံတွေ တော်တော်လေး ဒုက္ခ ရောက်တယ်’’ ဟု Htoi Gender ဒါရိုက်တာဆရာမနန်ပူက ဆို သည်။

More in News Section

Top News