ဖားကန့်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ လူထောင်နှင့်ချီ ရေဘေးကြုံ

ဖားကန့်မြို့ရပ်ကွက်တစ်ခုတွင် နေအိမ်များရေနစ်မြုပ်နေစဉ် (ဓာတ်ပုံ − Kachinwaves FB)

 ဖားကန့်ဒေသတွင်မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ကာ လူထောင်နှင့် ချီ၍ ရေဘေးရင်ဆိုင်ခဲ့ရကြောင်း ဒေသတွင်းအစိုးရ နှင့်လူမှုရေးအ ဖွဲ့အစည်းများထံမှ သတင်းရရှိ သည်။

ဖားကန့်ဒေသမှ လူဦးရေ သိန်းနှင့်ချီရှိသော ဖားကန့်မြို့ နယ်နှင့် လုံးခင်းကျေးရွာအုပ်စု တွင် ဇွန်လ ၁၈ ရက် နံနက်က စ တင်ကာရေကြီးနစ်မြုပ် မှု ရင်ဆိုင် ရခြင်းဖြစ်ပြီး ယခင်နှစ် များထက် ဆိုးရွားကြောင်းဒေသခံများက ပြောသည်။

‘‘လုံးခင်းမှာဆိုရပ်ကွက်(၄)နဲ့ (၃)ကအဆိုးဆုံးပဲ။ မိုးက တအားကြီးတော့ မတတ်နိုင်တော့ဘူး။ ကားတွေမယူနိုင်ဘူး။ ရေထဲစိမ်ထားရတာ’’ ဟုလုံးခင်းကျေးရွာအုပ်စုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဦးလောခံကပြောသည်။

ဇွန်လ ၁၈ နှင့် နံနက် ၅ နာရီ ခန့်က စတင်ကာ ရုတ်တရက် ရေ မြင့်တက်လာခြင်းဖြစ်ပြီး ယင်းနေ့ ညနေ ၅နာရီခန့်တွင် ရေပြန်ကျခဲ့သော်လည်း မြေနိမ့်နေရာများ ၌ ရေနစ်မြုပ်နေကြောင်း ဒေသခံ များကပြောသည်။ ဆယ်နာရီခန့် ကြာသော ရေကြီးနစ်မြုပ်မှုကြောင့် လူ ၂,၀၀၀ ထက်မနည်း ရေ ဘေးရင်ဆိုင်ခဲ့ရှိသည်။

‘‘အိမ်တွေက နှစ်ထပ်အိမ် တွေများလို့ တော်သေးတယ်။ နေ လို့မရတဲ့ အိမ်ကလူတွေကတော့ နီးစပ်ရာဘုန်းကြီးကျောင်းနဲ့ အ မျိုးတွေအိမ်မှာ သွားနေရတယ်။ ကျွန်တော်တို့က ထမင်းထုပ်တွေ လှေနဲ့လိုက်ပို့ရတယ်။ ပိုက်ဆံရှိ လို့တတ်နိုင်တဲ့ သူတွေလည်း ရေမြုပ်နေတော့ ယူကြရတာပဲ’’ ဟု ဖားကန့်မြို့နယ်ငှက်ပျော တောရပ်ကွက်ဒေသခံ ဦးမျိုးဆွေ ကပြောသည်။

လုံးခင်းကျေးရွာအုပ်စုတွင် ရပ်ကွက် ငါးခုရှိပြီး ရပ်ကွက်အား လုံးရေမြုပ်ခဲ့ပြီး ရပ်ကွက် (၄)တွင် ခြောက်ပေခန့်အထိ ရေကြီးနစ် မြုပ်ခဲ့သည်။

‘‘ရေကနောက်ကျိနေပြီး သစ် ကိုင်းတွေပါ ပါလာတာ။ လုံးခင်း မှာရှိတဲ့ ဘေလီတံတားရေထဲမျော မသွားအောင် မီးသတ်တပ်ဖွဲ့ တွေ၊ ရဲတပ်ဖွဲ့တွေနဲ့ တာဝန်ရှိသူ တွေရော ဒေသခံတွေပါသစ်ကိုင်း တွေဝိုင်းဆယ်ခဲ့တာ’’ ဟု ဦးလော ခန်ကပြောသည်။

ဖားကန့်မြို့နယ်တွင်  ရပ် ကွက်အားလုံး ရေမြုပ်ခဲ့ပြီး ညနေ၌ ရေပြန်ကျ၍  သက်သာရာရ ကြောင်း ဒေသခံများက ပြောသည်။ မိုးတိတ်၍ရေပြန်ကျသွား ခြင်းဖြစ်ပြီး မိုးထပ်မံရွာသွန်းပါက ရေပြန်နစ်မြုပ်မည်ကို ဒေသခံများ က စိုးရိမ်နေသည်။

 ဖားကန့်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးကျော်စွာဝင်းက ရေဘေးအတွက် ကယ်ဆယ် ရေးစခန်းများဖွင့်လှစ်ထားပြီး ဒေ သခံလူမှုရေးအဖွဲ့များနှင့်အတူ ကူညီထောက်ပံ့ရေးလုပ်ဆောင်နေ ကြောင်း ပြောသည်။ ရေတင်ကျန် ခဲ့သော မြေနိမ့်နေရာများမှသန့် ရှင်းမှုမရှိသော ရေများကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြိုတင်ကာကွယ်နိုင်ရန် အဆိုပါ ရေများကိုစက်ဖြင့် စုပ်ထုတ်ရန် စီစဉ်ထားကြောင်းပြောသည်။

ဖားကန့်ဒေသတွင် ကျောက် စိမ်းတူးဖော်မှု   လုပ်ငန်းများ ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများရှိနေပြီး မိုးသည်း ထန်စွာရွာသွန်းပါက ဒေသခံများ သည် ရေဘေးအန္တရာယ်နှစ်စဉ် ရင်ဆိုင်နေရသည်။ ရေကြီးနစ် မြုပ်မှုအန္တရာယ်လျော့နည်းစေရန် ကုမ္ပဏီများအနေဖြင့် ဒေသတွင်း မှ ဥရုချောင်းဆယ်ယူရေး ဆက် လက်လုပ်ကိုင်ရန် လိုအပ်နေ ကြောင်းလုံးခင်းကျေးရွာအုပ်စုမှ Green Land သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအရပ်ဘက်အဖွဲ့မှ ဦးနောင်လတ်က   တိုက်တွန်း သည်။

More in News Section

Top News