မုံရွာထန်းဇလုပ်ချောင်းအတွင်း ရေဆင်းချိုးသော လူငယ်တစ်ဦး ရေနစ်သေဆုံး

 မုံရွာမြို့နယ် ကျောက္ကာ မြောက်ကျေးရွာအနီး ထန်းဇလုပ် ချောင်းအတွင်း သူငယ်ချင်းများ နှင့်အတူ ရေဆင်းချိုးသော လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မုံရွာမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။ 

ဇွန်လ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်က ထန်းဇလုပ်ချောင်းအ တွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းချိုးသော အသက်(၁၉) နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မုံရွာမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ် ရဲအောင်က ပြောသည်။ 

‘‘ရေချိုးရင်းနဲ့ ရေနစ်သေဆုံး တာပါ။ ပထမပိုင်းက ချောင်းအ ပေါ်ပိုင်းမှာ သူငယ်ချင်းတွေနဲ့ သောက်စားရင်း ရေချိုးတယ်။ အောက်ပိုင်း ကလိုင်ဘက်ပြောင်း ချိုးတော့ အဲဒီကောင်လေးမတွေ့ တော့ ရှာရင်းနဲ့ ရေနစ်သေဆုံးတာ ကို တွေ့ခဲ့တာပါ’’ဟု ရဲအုပ်ရဲ အောင်က ပြောသည်။ 

မုံရွာမြို့နယ် ညောင်ဖြူပင် ကျေးရွာအုပ်စု ဘုမ္မနိုးချောင်းစု ကျေးရွာနေအသက် (၁၉)နှစ်အရွယ်အမျိုးသားတစ်ဦးသည် သူငယ်ချင်းများနှင့် ရေချိုးနေစဉ် ရေနစ်ခဲ့သောကြောင့် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်အပ်နှံခဲ့ ကြောင်း ရဲမှတ်တမ်းများအရ သိရှိ ရသည်။ 

အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ မုံရွာမြို့နယ် ကျောက္ကာ ကျေးရွာရဲကင်းစခန်းမှူးက တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် မုံရွာ မြို့နယ်မြေရဲစခန်းက သေမှုသေ ခင်းဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ 

More in Crime Section

Top News