တိုင်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရွေးချယ်ရေး ကော်မတီဝင်၏သား ပထမဆုရခဲ့သည့်အပေါ် ပြန်လည်စိစစ်မည်ဟု ဆို

အကြိမ် (၂၀)မြောက် အ ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်း ၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ဧရာဝတီတိုင်းအဆင့်ပန်း ချီပြိုင်ပွဲတွင် ဆုစိစစ်ရွေးချယ်ရေး ကော်မတီ၌ ပါဝင်သော ပန်းချီ ဆရာတစ်ဦး၏သား ယှဉ်ပြိုင်သည့် ပန်းချီကားပထမဆုရရှိသဖြင့် ပြန်လည်စိစစ်မည်ဟု အခမ်းအနားကျင်းပရေးတိုင်းအဆင့်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင်က ပြောသည်။

‘‘အမှတ်ပေးစည်းမျဉ်းကို ပြန်ဆွဲလို့ရပါတယ်။ ပြန်ဆွဲပြီး ပြန်လည်စိစစ်လို့ ရပါတယ်။ ဒီ ပန်းချီကားပဲ စစ်မှာဖြစ်ပါတယ်။ ပြန်လည်ဖွဲ့စည်းမယ်ဆိုရင်ပညာ ရှင်ရဲ့ သားသမီးပါနေရင် ဒီပညာ ရှင်ကို ခေတ္တဖယ်ပြီးတော့ ကျန် တဲ့ကော်မတီက ပညာရှင်အဆင့် နီးပါးရှိတဲ့ ပညာရေးဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေနဲ့ ပြန်ဖွဲ့ ပြီး စစ်ဆေးအကဲဖြတ်မှာဖြစ်ပါ တယ်’’ ဟု ဇွန်လ ၁၄ ရက်က ပု သိမ်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အစည်းအ ဝေးခန်းမတွင် ပြုလုပ်သည့် အ ခမ်းအနားကျင်းပရေးကော်မတီ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်း သားများ၏ မိဘများနှင့် တွေ့ဆုံ စဉ် ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြောကြားသည်။

အဆိုပါဆုရရှိသည့် ပြိုင်ပွဲ ၀င်များကို ဇွန်လ ၂၀ ရက်တွင် ပုသိမ်မြို့၌ ကျင်းပမည့် ယင်းအခမ်းအနားတွင် ကြေညာရန်စီစဉ် ထားသော်လည်း ပန်းချီပြိုင်ပွဲ၌  ပထမဆုရရှိသူ ကြိုတင်သတင်း ထွက်ပေါ်လာပြီး ဝေဖန်မှုများဖြစ် ပေါ်လာသဖြင့် ယခုကဲ့သို့ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆုရွေးချယ်ရေးကော်မတီတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရွေးချယ်ခံရသော ပန်းချီ ကားများကို အဂတိမှုကင်းရှင်းရန် ရေးဆွဲသူ၏အမည်နှင့် ကျောင်း ကိုမဖော်ဘဲ Code စနစ်ဖြင့် ရွေးချယ် အမှတ်ပေးခဲ့သည်။ မူဘောင်မ၀င်သည့် ပန်းချီကားများဦးစွာပယ်၍ ဆန်ခါတင်ပန်းချီကားများကို ရွေးချယ်ခဲ့သည်။ ယင်းနောက် ဆုရပန်းချီကားများ ကို ပန်းချီပညာရှင်များက ရွေး ချယ်ခဲ့ပြီး မည်သည့်အကြောင်း ကြောင့် ရွေးချယ်သည်၊ မရွေး ချယ်သည်ကို ပညာရှင်များက ပန်းချီကားများ၏နောက်တွင်မှတ်တမ်းတင်ထားကြောင်း ဆုစိစစ် ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ရဲမှူးကြီးလှိုင်တင့်က ပြောသည်။

‘‘ပန်းချီကားတွေထဲက ပထ မဆုရတဲ့ ပန်းချီကားကိုရွေးတော့ ကော်မတီထဲက တစ်ယောက်က ထကန့်ကွက်တယ်။ အဲဒီကားကို မပေးပါနဲ့တဲ့၊ ဘာဖြစ်လို့လဲဆို တော့ သူ့သားရဲ့ပန်းချီကားဖြစ် နေလို့တဲ့၊ အဖေကကော်မတီမှာ ပါပြီး ကလေးကဆုရတယ်ဆိုရင် ဝေဖန်ခံရမယ်ဆိုပြီးပြောတယ်။ ဒါနဲ့ကျန်တဲ့ပညာရှင်တွေက ဒီ ကားက ဒီလောက်ကောင်းတာ အဖေကော်မတီဝင်ဖြစ်လို့ က လေးက မရရဘူးဆိုရင် ကလေး နစ်နာတယ်။ ဒါကြောင့် ပညာရှင် တွေက ဒီပန်းချီကားကိုပဲ ပေးမယ် ဆိုပြီး ဆုံးဖြတ်ခဲ့တာ’’ ဟု ရဲမှူး ကြီးလှိုင်တင့်က ပြောသည်။

‘‘ဆုမရတဲ့ ကျောင်းသားမိ ဘသုံးလေးယောက် ၀ိုင်းတိုင် တယ်လို့သိရပါတယ်။ ရွေးချယ် မှုရလဒ်တော့ တိတိကျကျမသိရ သေးဘူး။ ကြီးကြပ်ရေးအဖွဲ့က ရော၊ ပညာရှင်အဖွဲ့ကရော တိတိကျကျလုပ်တယ်လို့မြင်ပါ တယ်။ ဆုမရလို့ တိုင်ကြေးဆိုရင် ဆုမရတဲ့လူတိုင်းတိုင်ကြမှာပေါ့။ ဖြစ်စေချင်တာကတော့ ကလေး တွေရဲ့ စိတ်ကို အရောင်မဆိုးစေ ချင်တာပါ’’ ဟု ပြိုင်ပွဲဝင်ကျောင်း သားမိဘတစ်ဦးဖြစ်သူ ဒေါ်ကျော့ ကျော့ခိုင်က ပြောသည်။

အကြိမ် (၂၀)မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်း ၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ဧရာဝတီတိုင်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ သို့ တိုင်းအတွင်းရှိ မြို့နယ်အသီး သီးမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူ၊ ကျောင်းသား တစ်ရာကျော်ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းအ နက်ပထမ၊ ဒုတိယ၊ တတိယ ဆုပေါင်း ၂၇ ဆု ချီးမြှင့်မည်ဟု သိရသည်။

More in News Section

Top News