ဘိလပ်မြေစက်ရုံထွက်မီးခိုးငွေ့များ ပတ်ဝန်းကျင်သို့ သက်ရောက်မှုရှိ၊ မရှိ လေထုစစ်ဆေးတိုင်းတာနေ

မန္တလေးတိုင်းဒေသ ကြီးအတွင်း ဘိလပ်မြေစက်ရုံများ မှ ထွက်ရှိသည့် မီးခိုးငွေ့များက အနီးပတ်ဝန်းကျင်ဒေသများသို့ သက်ရောက်မှုရှိ၊ မရှိ လေထုစစ်ဆေးတိုင်းတာမှုများ ပြုလုပ်နေ ကြောင်း မန္တလေးတိုင်းသဘာဝ ပတ်ဝန်းကျင်ဦးစီးဌာနမှ သတင်း ရရှိသည်။

မန္တလေးတိုင်းဒေသကြီးတွင် လုပ်ငန်းလည်ပတ်နေသော ဘိ လပ်မြေစက်ရုံခုနစ်ရုံကို ဇွန်လ ၂၀ ရက်မှစတင်ကာ စစ်ဆေးနေ ပြီး ဌာနအနေဖြင့် ဒုတိယအကြိမ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရ သည်။

‘‘ဘိလပ်မြေစက်ရုံတွေက လောင်စာအဖြစ်ကျောက်မီးသွေး သုံးတယ်။ ကျောက်မီးသွေးသုံးလို့ ထွက်လာတဲ့ခေါင်းတိုင်က မီးခိုး ငွေ့တွေက ၀န်းကျင်လေထုအ တွက် ဘာတွေဖြစ်လာနိုင်လဲဆို တာတွေကိုတိုင်းတာမယ်’’ ဟု သ ဘာဝပတ်ဝန်းကျင်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦး သန့်စင်ထွန်းက ပြောသည်။

စစ်ဆေးတွေ့ရှိချက်များကို သုံးသပ်ကာ စက်ရုံသို့အကြံပြု မည်ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့သို့ လည်း အစီရင်ခံစာတင်ပြမည်ဟု သိရသည်။

‘‘စက်ရုံ၊ အလုပ်ရုံခေါင်းတိုင် တွေက ထွက်ရှိတဲ့ အခိုးအငွေ့ တွေကို စစ်ဆေးတိုင်းတာတဲ့စက် Portable Gas Analyzer ဆိုတဲ့ ပစ္စည်းနဲ့စစ်ဆေးတိုင်းတာတယ်။ စက်ရုံခေါင်းတိုင်မှာ တိုင်းတာတဲ့ အပေါက်လေးရှိတယ်။ အဲဒီအ ပေါက်ကို စက်ထိုးပြီးစက်ရုံက ထွက်ရှိတဲ့မီးခိုးငွေ့ကို စကန်ဖတ် စစ်ဆေးတယ်။ အနီးဝန်းကျင်ဒေ သကိုတော့ စစ်ဆေးတိုင်းတာ စက်နဲ့ထောင်တိုင်းတယ်’’ ဟု ဦး သန့်စင်ထွန်းက ပြောသည်။

ဘိလပ်မြေစက်ရုံခေါင်းတိုင် များမှ ထွက်ရှိသည့် မီးခိုးငွေ့များ နှင့်ပတ်သက်၍ ပြီးခဲ့သည့် ဖေ ဖော်ဝါရီက စစ်ဆေးရာတွင် စက်ရုံအချို့သည် သတ်မှတ်စံချိန်စံညွှန်းများထက် ကျော်လွန်နေကြောင်း ဌာနမှသိရသည်။

‘‘စက်ရုံက မီးခိုးငွေ့တွေက သဘာဝပတ်ဝန်းကျင်ထိခိုက်တာ တွေရှိတယ်။ ခေါင်းတိုင်က မီးခိုး ငွေ့တွေက ပြာမှုန်တွေပါတယ်။ စိုက်ပျိုးသီးနှံထွက်ရှိတဲ့အနီးမှာဆို သီးနှံတွေအပေါ်ပြာတွေကျတော့ သိပ်မဖြစ်ထွန်းတဲ့ ပြဿနာတွေရှိ တယ်’’ ဟု ကျောက်ဆည်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးရဲမင်းထွန်းက ပြောသည်။

ဘိလပ်မြေ စက်ရုံများသည် ကျောက်ဆည်နှင့် သာစည်မြို့ တွင် အများဆုံးရှိပြီး လုပ်ငန်းရပ် နားထားသော စက်ရုံများရှိကာ လက်ရှိတွင် လည်ပတ်နေသော စက်ရုံများကိုသာ စစ်ဆေးခြင်း ဖြစ်သည်။