Technology

  • Thu 20 Jul 2017 - 19:44
     ဇူလိုင်လကုန်ကစ၍ လစဉ်ကြေး ပေးသွင်းရုံဖြင့် အကန့်အသတ်မရှိ (Unlimited) အသုံးပြုနိုင်မည့် 5BB Broadband ဖိုက်ဘာကေဘယ်အင်တာနက် လိုင်းများကို မန္တလေးမြို့တွင် စတင် ဝန်ဆောင်မှုပေးမည်ဟု Global Technology ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ 5BB ဖိုက်ဘာအင်တာနက် လိုင်းများကို ဝန်ဆောင်မှုပေးမည့် အပြင် မန္တလေးရှိ အများပြည်သူ နှင့်ဆိုင်သော နေရာငါးခုခန့်တွင် Wifi စနစ်ဖြင့် အခမဲ့အင်တာနက် အသုံးပြုနိုင်ရန်လည်း စီစဉ်ပေး မည်ဟုဆိုသည်။
  • Thu 20 Jul 2017 - 11:44
    Google ဆိုတာ ရည် မှန်းချက်ကြီးမားသ လောက် တီထွင်မှု စိတ်ကူးစိတ်သန်းတွေလည်း ထူး ခြားလှတဲ့ နည်းပညာရှေ့ဆောင် ကုမ္ပဏီ ကြီးတစ်ခုပါ။ ဒါပေမဲ့ စမတ်မျက်မှန်တစ်ခုအဖြစ် ဖန် တီးခဲ့တဲ့ Google Glass က တော့ ကုမ္ပဏီရဲ့ ပြောင်မြောက် အောင်မြင်တဲ့ ပရောဂျက်တစ်ခု မဖြစ်ခဲ့ဘူး။
  • Wed 19 Jul 2017 - 22:07
     Samsung သည် Gear 360 ကင်မရာကို ၂၇၂,၀၀၀ ကျပ်၊ Gear VR ကို ၁၄၂,၀၀၀ ကျပ်ဖြင့် ဇူလိုင် ၁၈ ရက်ကစတင် ကာ ရန်ကုန်မြို့၌ ရောင်းချခဲ့ သည်။ Gear 360 ကင်မရာသည် 8.4 megapixel ပါဝင်ပြီး 4K Resolution ရုပ်ထွက်ရှိကြောင်း၊ဓာတ်ပုံနှင့် ဗီဒီယိုများကို ကိုယ် တိုင်ပြန်လည်ပြုပြင်၍ မတူညီ သော ပုံရိပ်များပြန်လည်ဖန်တီး နိုင်ကြောင်း Samsung က ကြေ ညာထားသည်။ အလားတူ အ သစ်မိတ်ဆက်သည့် Gear 360 ၌မိုဘိုင်းဖုန်း၊ ကွန်ပျူတာများနှင့် ချိတ်ဆက်၍ Live လွှင့်နိုင်ရန် နည်းပညာများပါဝင်သည်။
  • Wed 19 Jul 2017 - 15:21
    Nokia  စမတ်ဖုန်းအသစ် Nokia 8 ကို ဇူလိုင် ၃၁ ရက်တွင် စတင် ရောင်းချမည်ဟု သတင်းများက ဖော်ပြပြီး တန်ဖိုးမှာ ၅၈၉ ယူရို ကျ သင့်မည်ဖြစ်သည်။
  • Wed 19 Jul 2017 - 15:18
    အာဆီယံကွန်ပျူတာ စီးပွားရေးအ ဖွဲ့တစ်ခုဖြစ်သည့် ASOCIO က ပေးအပ်မည့် ICT Industry and User Organization Award ကိုပြည်တွင်းနည်းပညာ ကုမ္ပဏီများ ဝင်ရောက်လျှောက်ထားရန် မြန်မာနိုင်ငံတွင် ကွန်ပျူတာလုပ်ငန်းရှင်အသင်းက ဖိတ်ခေါ်ထားသည်။
  • Wed 19 Jul 2017 - 13:31
    လာမည့်လအတွင်း မိတ်ဆက်မည် ဟု ကောလာဟလသတင်းထွက် နေသော Galaxy Note 8 စမတ် ဖုန်းကို သြဂုတ်အတွင်းမိတ် ဆက်မည်မှာ မှန်ကန်ကြောင်း ဆမ် ဆောင်းကုမ္ပဏီ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
  • Wed 19 Jul 2017 - 13:26
    အစိုးရရုံးဌာနများ စုပေါင်းအသုံး ပြုရန် Data Center တစ်ခုတည် ဆောက်မည်ဖြစ်ပြီး ယင်း Data Center အတွက် အမေရိကန်ဒေါ်လာသန်း ၈၀ ခန့် အသုံးပြုမည်ဟု ခန့်မှန်းထားကြောင်း e- Governm-entဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က ပြောသည်။
  • Tue 18 Jul 2017 - 00:02
     မြန်မာနိုင်ငံကို အာဆီယံဒေသ၏ Digital Hub တစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ ဒစ်ဂျစ် တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီကို ဖွဲ့စည်းထားကြောင်း သတင်းရရှိသည်။ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီကို ဇွန်လ ၂၈ ရက်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့က ဖွဲ့စည်းခဲ့ပြီး ကော်မ တီက Digital Economy ကို အ ကောင်အထည်ဖော်ဆောင်ရွက် ရန်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင်က ပြောသည်။ ‘‘အကုန်လုံးက Manual အနေနဲ့ပဲ လုပ်နေကြတာလေ။ ငွေပေးငွေယူဆိုရင်လည်း ပိုက်ဆံတွေအထုပ်လိုက်ကိုင်ပြီး လုပ်နေကြတာလေ။ ဒစ်ဂျစ်တယ်အနေနဲ့ ငွေလွှဲတာတွေ ဒါမျိုးတွေကို မလုပ်သေးဘူးလေ။ ဒါတွေကို အဓိကထားပြီးလုပ်ဖို့အတွက်ပေါ့ နော်။ e-Government ကလည်း Digital Economy ထဲမှာပါတာပဲ လေ’’ဟု ဦးထွန်းထွန်းနိုင်က ပြော ကြားသည်။
  • Fri 14 Jul 2017 - 21:09
     ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနက ကောက်ခံသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ် ငန်းအခွန်အခသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ် ၌ လျာထားချက်ထက် ပိုမိုရရှိခဲ့ သည်။ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအခွန်အခကို ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ်အတွင်း ၉၀ ဒသမ ၈၄၉ ဘီလီယံ (ကျပ်) လျာထားခဲ့သော်လည်း ၃၄၉ ဒသမ၅၀၅ ဘီလီယံ (ကျပ်) ကောက်ခံရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး၌ ပြောကြားသည်။
  • Thu 13 Jul 2017 - 12:26
    အခုလဆန်းက တိုင် ပေမှာ ကျင်းပသွား တဲ့ Computex ကွန် ပျူတာ နည်းပညာပြပွဲမှာ Nividia က စွမ်းဆောင်ရည်မြင့် Laptop တွေ တည်ဆောက်ဖို့ ဒီဇိုင်း ဗိသုကာ စိတ်ကူးသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Max-Q လို့ နာမည်ပေးထားတဲ့ ဒီနည်း ပညာ ပလက်ဖောင်းသစ်ဟာ ပုံမှန်အားဖြင့် ကြီးမားလေးလံပြီး ကိုယ်ထည်ထူထဲတဲ့ Gaming Laptop တွေကို Apple က ထုတ်တဲ့ Macbook Air တွေလို ပေါ့ပါး ကျစ်လျစ်သွားအောင် ပြောင်းလဲသွားစေနိုင်မှာ ဖြစ်ပါ တယ်။ ဒါ့အပြင် Laptop တစ် လုံးက ထိန်းချုပ်ကိုင်တွယ်နိုင် တဲ့ စွမ်းဆောင်ရည်ကဏ္ဍကို လည်း သိသိသာသာ မြင့်တက် လာစေမယ်လို့ ကွန်ပျူတာ Chip ကုမ္ပဏီကြီးက ညွှန်းဆိုခဲ့ပါတယ်။ Computex မှာ Nvidia က Max-Q ဗိသုကာ နည်းပညာနဲ့ ဖန်တီးထားတဲ့ Gaming Laptop မျိုးဆက်သစ်တချို့ကိုလည်း မိတ် ဆက်ခဲ့ပါသေးတယ်။
  • Wed 12 Jul 2017 - 12:25
    ၂၀၁၆ နိုဝင်ဘာတွင် ကျင်းပသည့် ASEAN Telecommunications Ministers Meeting (TELMIN)အစည်းအဝေး ဆုံးဖြတ်ချက်အရ ASEAN Makerthon ပြိုင်ပွဲကို ၂၀၁၇ စက်တင်ဘာ၌ ကျင်းပမည် ဖြစ်သည်။
  • Wed 12 Jul 2017 - 12:23
    စည်းကမ်းလိုက်နာမှုနှင့် လုပ်ငန်း ပိုင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်မှု နည်းပါးနေသည့် လိုင်စင်ရ ဆက်သွယ်ရေးကုမ္ပဏီ များကို ပြန်လည်တင်းကျပ်ရန် အများပြည်သူ၏ အကြံပြုချက် တောင်းခံရာ ပြန်လည်အကြံပြုသူ တစ်ဦးသာရှိသည်ဟု ဆက်သွယ် ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။
  • Wed 12 Jul 2017 - 12:21
    အပြည်ပြည်ဆိုင်ရာ Gateway လိုင်စင်ကို ဆက်သွယ်ရေးအော်ပ ရေတာသုံးခုအပြင် ပြည်တွင်း ကုမ္ပဏီသုံးခုကို စတင်လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာန ပြောရေးဆိုခွင့်ရှိ သူ ဦးမျိုးဆွေက ပြောသည်။
  • Wed 12 Jul 2017 - 12:19
    ဆက်သွယ်ရေး အော်ပရေတာများ ၏ ဈေးကွက်ဖော်ဆောင်မှု Pack-ages များသည် ပြည်သူလူထုနား မလည်နိုင်သည့် အခြေအနေများ ကို တွေ့ကြုံနေရကြောင်း၊ အော် ပရေတာများအနေဖြင့် ရှင်းလင်း သည့် ကမ်းလှမ်းမှုများကိုသာ ဖော်ဆောင်ရန် ညွှန်ကြားထားပြီးဖြစ် ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦး မျိုးဆွေက ပြောသည်။
  • Sat 08 Jul 2017 - 21:38
     Startup ကုမ္ပဏီတစ်ခုအနေဖြင့် ဖန်တီးရာအဖွဲ့၏ မြေတောင်မြှောက်ပေးရေးအစီအစဉ် (Accelerator) ၌ ပါဝင်ခွင့်ရရှိခဲ့သည့် White Merak အက်ပလီကေးရှင်းသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ငါးဦးထံမှ ကန်ဒေါ်လာ ၁၄၀,၀၀၀ ရင်းနှီးမြှုပ်နှံမှုရရှိခဲ့သည်။
  • Fri 07 Jul 2017 - 23:02
    တိုင်းပြည်စီးပွားရေး တိုးတက်မှုကို အထောက်အကူ ဖြစ်စေသည့် အိုင်စီတီကဏ္ဍကို မြန်မာအစိုးရအနေဖြင့် အာရုံပိုမို ထားရှိရန် လိုအပ်ကြောင်း ဟွာဝေးကုမ္ပဏီ၏ မြန်မာစီအီးအို Mr.Zhang Limanက ပြောသည်။ မြန်မာနိုင်ငံသည် အိုင်စီတီ နှင့်ပတ်သက်၍ အခြေခံအ ဆောက်အအုံမျှဝေအသုံးပြုမှုအ ပါအ၀င် အခြားသောကိစ္စရပ်များ စွာကို ဖြေရှင်းရန်လိုအပ်နေသည့် နိုင်ငံဖြစ်ပြီး အစိုးရအနေဖြင့် တိုင်းပြည်စီးပွားရေးကို အ ထောက်အကူဖြစ်စေသည့် အိုင်စီ တီကဏ္ဍကို ပိုမိုအာရုံစိုက်ရန်လို အပ်ကြောင်း ၎င်းကပြောသည်။
  • Fri 07 Jul 2017 - 23:01
     အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်း အသုံးပြုမည့်အူရီး ဒူး၏ အခြေခံကျန်းမာရေးကွန် ရက်အဆောက်အအုံများသည် လာမည့် ၂၀၁၈ ဇွန်လအတွင်း ပြီးစီးမည်ဟု အော်ပရေတာ၏ပြန် ကြားရေးတာဝန်ခံ မမေမျိုးဟန်က ပြောသည်။   အခြေခံကျန်းမာရေးကွန် ရက်သည် တိုင်းဒေသကြီးနှင့်ပြည် နယ်ရှစ်ခုတို့တွင် ၁၇ ခုအထိ တည်ဆောက်မည်ဖြစ်ပြီး လက်ရှိ အချိန်၌ ကွန်ရက်အခြေခံအ ဆောက်အအုံ ၁၄ ခု စတင်ဆောက်လုပ်နေသည်။ ကချင်ပြည်နယ်ရှိ ကွန်ရက်နှစ်ခုနှင့် ရှမ်းပြည်နယ်ရှိ ကွန်ရက်တစ်ခုကို တည်ဆောက် ရန် ကျန်ရှိနေသေးကြောင်း မမေ မျိုးဟန်က ပြောသည်။
  • Thu 06 Jul 2017 - 21:58
     မိုဘိုင်းဖုန်းဘီလ် ပိုမို ဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်သည့် အော်ပရေတာ နှင့် ဆက်သွယ်ညှိနှိုင်းရာတွင် အ ဆင်မပြေမှုများ ကြုံတွေ့လာပါ က ဆက်သွယ်ရေးညွှန်ကြားမှုဦး စီးဌာနသို့ တိုက်ရိုက်တိုင်ကြားနိုင် ကြောင်း ယင်းဦးစီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးမျိုးဆွေက ပြောကြားသည်။ ဖုန်းဘီလ်ပိုမိုဖြတ် တောက်ရာတွင် မိုဘိုင်းအင်တာနက်ဘီလ်ပိုမိုဖြတ်တောက်ခြင်းနှင့် အသံခေါ်ဆိုမှုဘီလ် ပိုမိုဖြတ်တောက်ခြင်းဟူ၍ နှစ်မျိုးရှိကြောင်း၊ ဖုန်းဘီလ် ပိုမိုဖြတ်တောက်ခြင်းကို ဆက်သွယ်ရေးအော်ပရေတာ သုံးခုစလုံးတွင် ကြုံတွေ့နေရကြောင်း မိုဘိုင်းဖုန်းအသုံးပြုသူများကပြောသည်။
  • Thu 06 Jul 2017 - 21:57
     Google Map အသုံး ပြု၍ မိုဘိုင်းဖုန်းဖြင့် ယာဉ်ကြော ပိတ်ဆို့မှု အခြေအနေများ ကြည့် ရှုနိုင်မည့် Google Traffic နည်း ပညာကို ဇူလိုင် ၆ ရက်ကစ၍ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ဒီနေ့မှစရတာ၊ သုံးရတာအ ဆင်ပြေ၊ မပြေ၊ မှန်၊ မမှန်ဆိုတာကို  သိရဖို့အတွက်တော့ ပြောဖို့စော ပါသေးတယ်။ သူများနိုင်ငံမှာက တချို့နေရာတွေ ကျပ်တယ်။ တချို့နေရာတွေ မကျပ်ဘူး။ ကျွန်တော် တို့ နိုင်ငံမှာက ရုံးဖွင့်ချိန်ဆို အကုန်ကျပ်၊ ရုံးဆင်းချိန်ဆို အကုန်ကျပ်ဆိုတော့ ဘယ်လောက်ထိ အသုံးဝင်မလဲဆိုတာကို နည်းနည်းတော့ စဉ်းစားစရာပေါ့။ အခုလောလောဆယ် ကြည့်လိုက်ရင် မြေပုံတစ်ခုလုံးနီရဲနေတာပဲ’’ဟု Technomation နည်းပညာကုမ္ပ ဏီ အမှုဆောင်အရာရှိချုပ် ကိုထူးမြင့်နောင်က ပြောသည်။ Google Traffic သည် မို ဘိုင်းဖုန်း အသုံးပြုသူများ၏ လမ်း မပေါ်တွင် ရွေ့လျားသွားလာမှုအ ပေါ် အခြေခံ၍ယာဉ်ကြောပိတ်ဆို့မှုများကို တွက်ချက်ပေးသည့် နည်းပညာတစ်ခုဖြစ်သည်။
  • Thu 06 Jul 2017 - 12:01
    ဒစ်ဂျစ်တယ်ခေတ်ထဲမှာ ကလေးတွေနဲ့ နည်းပညာ Gadgetတွေ ထိတွေ့မှုများပြားလာခြင်းကို လိုက်လံတားမြစ်ဖို့ မလွယ်တော့ပါဘူး။ ဒီနေ့ကာလမျိုးမှာ (၂)နှစ်ခွဲ၊ (၃)နှစ်အရွယ် ကလေးတွေကတောင် တက်ဘလက်၊ ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေက Touch-screen ကို သုံးပြီး သူတို့စိတ်ကြိုက် Appတွေကို ရွေးချယ်တတ်နေပါပြီ။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေရဲ့ နည်းပညာထိတွေ့မှုကဏ္ဍကို ကောင်းကျိုးပိုများတဲ့ဘက် ဦးတည်နိုင်ဖို့ ရွေးချယ်ပုံ သွင်းပေးရမှာဖြစ်ပါတယ်။

Pages

Subscribe to Technology