Technology

  • Tue 04 Jul 2017 - 19:12
    စိုက်ပျိုးသီးနှံများအ တွက် ပိုးမွှားကာကွယ်နှိမ်နင်းရန် နည်းစနစ်များ၊ ပိုးသတ်ဆေးဆိုင် ရာ အချက်အလက်များကို အ လွယ်တကူလေ့လာသိရှိနိုင်မည့် မိုဘိုင်းအက်ပလီကေးရှင်းတစ်ခု ကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံ ကာကွယ်ရေးဌာနခွဲက ထုတ်လုပ် ဖြန့်ချိကြောင်း သတင်းရရှိသည်။ အဆိုပါ အက်ပလီကေးရှင်း ကို Plant Protection Mobile Application (PP-Version -1.0) ဟု အမည်ပေးထားပြီး ယင်းသို့ ထုတ်လုပ်ဖြန့်ချိသည့်အ ကြောင်းကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးရုံး လူမှုကွန်ရက်တွင် ဇူလိုင် ၃ ရက် က ထုတ်ပြန်ခဲ့သည်။ ယင်းအက်ပ လီကေးရှင်းကို ဇွန်လ ၃၀ ရက်က စ၍ အသုံးပြုနိုင်ကြောင်း သီးနှံ ကာကွယ်ရေးဌာနခွဲကလည်း ထုတ်ပြန်ထားသည်။
  • Sat 01 Jul 2017 - 21:33
     မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းက ဦးစီး၍ Security BSides ဆွေးနွေးပွဲကို ဇူလိုင် ၂ ရက်တွင် လှိုင်တက္ကသိုလ် နယ်မြေ မြန်မာအင်ဖိုတက်ခ်၌ ကျင်းပမည်ဖြစ်သည်။
  • Sat 01 Jul 2017 - 21:31
     မိုဘိုင်းတာဝါ တည် ဆောက်သည့် ကုမ္ပဏီများအနေ ဖြင့် တာဝါလည်ပတ်သည့် ပါဝါ ပိုင်းဆိုင်ရာ၌ မီးစက်အင်ဂျင်များ လျှော့ပေါ့၍ ဆိုလာစနစ်အသုံးပြု ရန် တိုက်တွန်းထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဆွေက ပြောသည်။
  • Fri 30 Jun 2017 - 22:32
    မိုက်ကရိုဆော့ဖ်ဝင်းဒိုး စနစ် အသုံးပြုသည့် ကွန်ပျူတာ များကို အဓိကတိုက်ခိုက်နေသည့် Petya အမည်ရှိ Ransomware ကို သတိထားရန် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက သတိပေးကြေညာထားသည်။ Ransomware တိုက်ခိုက်ခံ ရပါက သိမ်းဆည်းထားသည့် ဖိုင်များကို ကြည့်ရှုနိုင်တော့မည်မဟုတ်ဘဲ အဖျက်ခံရသည့်ဖိုင်များကို ပြန်လည်ရရှိရန် နည်းလမ်း မရှိသေးကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက သတိပေးသည်။
  • Thu 29 Jun 2017 - 20:55
    အိုင်စီတီဆိုင်ရာသုတေ သနလုပ်ငန်းများ လုပ်ကိုင်နေ သည့် သီရိလင်္ကာအခြေစိုက် LIRNE ASIA အဖွဲ့နှင့် ပြည်တွင်းနည်းပညာဆိုင်ရာ အရပ်ဘက်အ ဖွဲ့အစည်းဖြစ်သည့် MIDO တို့ပူး ပေါင်း၍ အိုင်စီတီပေါ်လစီနှင့် သက်ဆိုင်သည့် စာတမ်းဖတ်ပွဲကို ရန်ကုန်မြို့၌ သုံးရက်ကြာပြုလုပ် မည်ဖြစ်သည်။ စာတမ်းဖတ်ပွဲကို သြဂုတ် ၃၀ ရက်မှစက်တင်ဘာ ၁၇ ရက်အထိ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ပြီး စာတမ်းဖတ်ပွဲမတိုင်မီ အိုင်စီတီပေါ်လစီနှင့်သက်ဆိုင်သည့် သုတေသနသင်တန်းကို သြဂုတ် ၂၈ရက် မှ ၃၀ ရက် အထိ ဖွင့်လှစ်မည်ဖြစ်သည်။အိုင်စီတီပေါ်လစီနှင့်ပတ်သက်၍ သုတေသနပြုလုပ်သည့် နည်းလမ်းများ၊ ရရှိလာသည့်သုတေသနများကို အခြေခံ၍ မူဝါဒပြောင်းလဲရေးနှင့် ပြန်လည်အသုံးချရေး နည်းလမ်းများကို သင်တန်း၌ ပို့ချမည်ဖြစ်သည်။ သင်တန်းတက်ရောက်ရန် မြန်မာနိုင်ငံမှအသက်(၄၀) အောက်ကျား၊မ ၁၀ ဦးကို စကောလားဖြင့်ခေါ်ယူမည်ဖြစ်သည်။
  • Thu 29 Jun 2017 - 11:53
    အခုသီတင်းပတ် အစော ပိုင်းက ဥရောပနဲ့ အမေရိကန်က အ ဖွဲ့အစည်းတချို့ဟာ ကွန်ပျူတာ တွေကိုထိန်းချုပ်ပြီး အကျပ်ကိုင် ငွေကြေးတောင်းခံတဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရ ပါတယ်။ ဒါဟာ နှစ်လတာခန့် ကာလအတွင်း နိုင်ငံတကာ အတိုင်းအတာနဲ့ ရိုက်ခတ်လာတဲ့ Ransom-ware တိုက်ခိုက်မှုလို့ ဆိုနိုင်ပါတယ်။ Ransomware ဆိုတာကအဖျက် Malware ပုံစံတစ်မျိုးဖြစ် ပြီး ကွန်ပျူတာထဲက အချက်အ လက်တွေကို Encryption ပြုလုပ်ထိန်းချုပ်ထားပြီး ဒီအချက်အ လက်တွေကို ပြန်လိုချင်ရင် ငွေပေးရမယ်ဆိုတာမျိုး အကျပ်ကိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် ဖြစ်ပွားတဲ့ Petya Ransom-ware ကတော့ မေလ အစောပိုင်း မှာ ကြုံခဲ့ရတဲ့ WannaCry ထက် ပိုကြမ်းတယ်လို့ ဆိုက်ဘာလုံခြုံ ရေး သုတေသီတွေက မှတ်ချက်ပြုကြပါတယ်။
  • Wed 28 Jun 2017 - 21:37
     ရန်ကုန်၊ မန္တလေး၊ နေ ပြည်တော်ရှိ စာတိုက်ပုံး ၂၅၀ ခန့် ကို ဂျပန်နည်းပညာသုံးအဆင့်မြင့် စာတိုက်ပုံးများဖြင့် ပြောင်းလဲအ စားထိုးမည်ဟု မြန်မာ့စာတိုက် လုပ်ငန်းက ထုတ်ပြန်ကြေညာ သည်။ Nagata Myanmar က စာ တိုက်ပုံး ပြောင်းလဲတပ်ဆင်ရေးကိုတာဝန်ယူဆောင်ရွက်ပြီး လက်ရှိအချိန်၌ စာတိုက်ပုံး ၁၀၀ ခန့်ကိုပြောင်းလဲ တပ်ဆင်ခဲ့ကြောင်း မြန်မာ့စာတိုက်လုပ်ငန်း(ရန်ကုန်တိုင်း)မန်နေဂျာ ဦးသောင်းနိုင်စိုးက ပြောသည်။ စာတိုက်ပုံးများသည် ငလျင် ဒဏ် ၆ ဒသမ ၈ ရစ်ခ်ျတာစကေး ကို ခံနိုင်ရည်ရှိသည့်အပြင် A4 စာရွက်ဆိုဒ်နှင့် Legal စာရွက်ဆိုဒ် တို့ကို ထည့်သွင်းနိုင်သည်။ အ လားတူ ရေနှင့်ဆေးလိပ်တိုများ ပစ်ထည့်ခြင်းကို ကာကွယ်တား ဆီးနိုင်ပြီး ပေးပို့သည့်စာများကို ပျက်စီးမှုအနည်းဆုံးဖြစ်အောင် နည်းပညာအရ ကာကွယ်ထား ကြောင်း မြန်မာ့စာတိုက်လုပ်ငန်း မှ သိရသည်။
  • Wed 28 Jun 2017 - 21:36
     မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချပြီးဖြစ်သည့် စီဒီအမ်အေ ၄၅၀ မိုဘိုင်းဖုန်းလိုင်း သုံးသောင်းခန့်ကို နံပါတ်အသစ် ပြောင်းလဲ အသုံးပြုစေမည်ဖြစ် သည်။ မိုဘိုင်းဖုန်းနံပါတ် ၀၉ ၆ နှင့် စသောမိုဘိုင်းဖုန်းလိုင်းများသည် စတုတ္ထမြောက် အော်ပရေတာ MyTel ၏ဂဏန်းနံပါတ်များဖြစ် ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က ရောင်းချထားသည့် ၀၉ ၆၃၊ ၀၉ ၆၄၊ ၀၉ ၆၅၊ ၀၉ ၆၆၊ ၀၉ ၆၇၊ ၀၉ ၆၈ အစရှိသည့်နံပါတ်များကို ဖြုတ်သိမ်းရန် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြား ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် ၀၉ ၆ နှင့်စသောမိုဘိုင်း ဖုန်းလိုင်းသုံးသောင်းခန့်ကို ၀၉ ၈၉၆ ဟု ဂဏန်းနှစ်လုံးတိုးမြှင့်၍ ပြောင်းလဲအသုံးပြုရမည်ဟု ကြေ ညာခဲ့သည်။ မိုဘိုင်းဖုန်းနံပါတ် ပြောင်းလဲခြင်းတို့ကို ဇွန်လ ၂၉ နှင့်  ၃၀ ရက်တွင်ဆောင်ရွက်မည်ဖြစ် သည်။
  • Wed 28 Jun 2017 - 12:39
    နိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများ၌ မိုဘိုင်းတာဝါတိုင်များတည်ဆောက်ခြင်း ကန့်သတ်ထားကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဆွေက ပြောသည်။ ပုဂံ၊ ညောင်ဦးနှင့်မြောက်ဦး ကဲ့သို့သော ရှေးဟောင်းယဉ်ကျေး မှုနယ်မြေများတွင် မိုဘိုင်းတာဝါ တိုင်များ တည်ဆောက်ခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနက ကန့်သတ်ဆက်သွယ်ရေး အော်ပရေတာများသည် မိုဘိုင်းကွန်ရက် ကန့်သတ်ဧရိယာအပြင်ဘက်မှ ဆက်သွယ်ရေးစနစ်ရရှိအောင် ဆောင်ရွက်ခဲ့သည်။
  • Wed 28 Jun 2017 - 12:37
    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် 4G အင်တာနက်ကွန်ရက်ကို စက်တင်ဘာအတွင်း မြို့ ကြီး ၃၀သို့ ဖြန့်ကြက်မည်ဟုထုတ်ဖော်ပြောကြားခဲ့သည်။
  • Mon 26 Jun 2017 - 22:21
    အထပ်မြင့်အဆောက် အအုံများပေါ်ရှိ မိုဘိုင်းတာဝါတိုင် များကို ဖယ်ရှားလိုပါက  တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘောထားတစ်ခုတည်းမဟုတ်ဘဲ  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအပါအ၀င် တာဝါကုမ္ပဏီများ၊ အော်ပရေတာများနှင့် ညှိနှိုင်းဆွေးနွေးရမည်ဟု ဦးစီးဌာနပြောရေး ဆိုခွင့်ရှိသူဦးမျိုးဆွေက ပြောသည်။  ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီ လာကျော်က ဇွန်လ ၉ ရက်တွင်ပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရတစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲ၌ အထပ်မြင့်အဆောက်အအုံများပေါ် တပ်ဆင်ထားသည့် ဆက်သွယ်ရေးအင်တာနာတိုင် (မိုဘိုင်းRooftop တာဝါ)များကို ဖယ်ရှားရှင်းလင်းသွားမည်ဟု ပြောကြားခဲ့သည့်အပေါ် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ညှိနှိုင်းမှုလိုအပ်သည်ဟု တုံ့ပြန်ခဲ့သည်။
  • Mon 26 Jun 2017 - 22:20
     ခဲခြစ်ငွေဖြည့်ကတ်များ တွင် QR Scan ဖြင့် ငွေဖြည့်သွင်း နိုင်သည့် နည်းစနစ်များထည့် သွင်းထားကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက ဇွန်လ ၂၅ ရက်၌ ကြေညာသည်။ ပုံမှန်ခဲခြစ် ဂဏန်းနံပါတ် များကို ဆက်လက်အသုံးပြုမည် ဖြစ်သော်လည်း အသုံးပြုသူများ လွယ်ကူစွာ ငွေဖြည့်သွင်းနိုင်ရန် နှင့် ငွေဖြည့်ဂဏန်းများ မှားယွင်း ရိုက်သွင်းမှုကို လျှော့ချနိုင်ရန် QR Scan ဖြင့် ငွေဖြည့်သွင်းနိုင်သည့် နည်းလမ်းသစ်ကို မိတ်ဆက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
  • Sun 25 Jun 2017 - 20:48
    တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘားကမ့်ဦး ဆောင်အကောင်အထည်ဖော် ဆောင်သူများစုဝေး၍ ဘားကမ့် လမ်းညွှန်စာအုပ် ထုတ်ဝေရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးမင်းဦးက ပြောသည်။  မြို့အသီးသီးမှ ဘားကမ့်ဦးဆောင်စီစဉ်သူ အဖွဲ့ ၁၄ ဖွဲ့နှင့် လေ့လာရေးအဖွဲ့ သုံးဖွဲ့တို့သည် ဇွန်လ ၁၈ ရက်တွင် ရန်ကုန်မြို့ ၌ စုဝေးတွေ့ဆုံခဲ့ပြီး ဒေသအသီးသီး၌ ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးတိုင်ပင်ခြင်း ဖြစ်သည်။
  • Sun 25 Jun 2017 - 20:47
     အစ္စရေးအစိုးရ၏အ ထောက်အပံ့ဖြင့် စက်တင်ဘာ တွင် ကျင်းပမည့် အစ္စရေး Start Up ပွဲတော်(DLD Israel 2017) သို့တစ်ပတ်ကြာ သွားရောက်ခွင့်ရရှိရန် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သိရသည်။  လျှောက်ထားလိုသူများအ နေဖြင့် တည်ထောင်ထားသည့် ကုမ္ပဏီသက်တမ်းသုံးနှစ်ထက် မပိုသော လုပ်ငန်းများလျှောက် ထားနိုင်ပြီး အသက်(၂၅)နှစ်မှ (၄၀)နှစ်အတွင်း ဖြစ်ရမည်ဟု အစ္စရေးအစိုးရက ကန့်သတ်ထား သည်။
  • Sun 25 Jun 2017 - 15:40
    ဘာသာရေးဆိုင်ရာ အ သုံးအနှုန်းများကို စုစည်းဖော်ပြ ထားသည့် jrcreligiousterms.wiki ကို ပြည်တွင်းရှိ Judson Research Center ကဇွန်လ ၁၇ ရက်တွင် မိတ်ဆက်ခဲ့သည်။
  • Fri 23 Jun 2017 - 19:00
    ဇွန်လ ၃၀ ရက်အထိ မှတ်ပုံတင်ခြင်းမရှိသည့်ဆင်းမ် ကတ်များကို အပြီးအပိုင်လိုင်း ပိတ်သိမ်းမည်ဖြစ်ကြောင်း ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထပ်မံအသိပေးကြေညာခဲ့သည်။  မိုဘိုင်းဆင်းမ်ကတ်များကို မတ်လ ၃၁ ရက်နောက်ဆုံးထား ၍ မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင် ထားခြင်းမရှိသည့် ဆင်းမ်ကတ်များကို ယာယီလိုင်းပိတ်သိမ်း မည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပထမအကြိမ်အသိပေးကြေညာခဲ့သည်။
  • Fri 23 Jun 2017 - 18:57
     ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ရှိ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ၀န်ထမ်း များကို ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သော အဆင့်မြင့်နည်း ပညာသင်တန်းများ ပို့ချခဲ့သည်ဟု မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းမှ စုံစမ်းသိရသည်။  အစိုးရအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် တိုင်းဒေသကြီးကွန်ပျူ တာပညာရှင်အသင်းများက နည်း ပညာအခြေခံသင်တန်းများပို့ချခဲ့ သော်လည်း အဆင့်မြင့်ဆိုက်ဘာ လုံခြုံရေးသင်တန်းကို အထူးစုံစမ်းဆေးရေးဦးစီးဌာန တစ်ခုတည်းကိုသာ ပို့ချခြင်းဖြစ်သည်။
  • Thu 22 Jun 2017 - 13:33
    ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း စမတ်ဖုန်းတွေရဲ့ နည်းပညာပိုင်းနဲ့ အသုံးတွင်ကျယ်မှုဟာ အံ့ဩစရာ အရှိန်အဟုန်မျိုးနဲ့ မြင့်တက်လာပါတယ်။ အိတ်ဆောင် ကိရိယာငယ် ဆက်သွယ်ရေး Gadgetလေးတွေဟာ နိစ္စဓူဝ လူမှုနယ်ပယ်ရဲ့ မရှိမဖြစ် ပစ္စည်းလေးတွေလိုတောင် ဖြစ်လာခဲ့တယ်။ ဈေးကွက်ထဲမှာ စမတ်ဖုန်း ဒီဇိုင်းစုံ၊ အမှတ်တံဆိပ်စုံနဲ့ စွမ်းဆောင်ရည် အမျိုးမျိုးကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း အဆင့်အမြင့်ဆုံးလို့ ဆိုရမယ့် High-end အမှတ်တံဆိပ်တွေအပြင် ပေါ့ပေါ့ပါးပါး Appတွေလောက် အသုံးပြုဖို့သာ ရည်ရွယ်ထားတဲ့ ဘတ်ဂျတ်ဖုန်းတွေထိ အစုံအလင်ပါပဲ။  
  • Wed 21 Jun 2017 - 21:20
     ဝန်ကြီးဌာနများအတွင်း ရုံးစာရေးသားခြင်း၊ ဝက်ဘ်ဆိုက်၊ အက်ပလီကေးရှင်းနှင့် Databaseအပါအဝင် တိုင်းရင်းသားဘာသာ စကားတို့ကို ရေးသားရာ၌ ပြည်ထောင်စုဖောင့်ကို အသုံးပြုနိုင် ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်က အကြံပြုခဲ့သည်။ ကွန်ပျူတာသုံး မြန်မာစာ စနစ် တစ်ပြေးညီအသုံးပြုရေး Chief Information Officer (CIO)များပါဝင်သည့် အလုပ်ရုံဆွေးနွေး ပွဲ၌ အကြံပြုချက်တောင်းခံသည့် အပေါ် ယူနီကုတ်စံသတ်မှတ်ချက် ISO-10646 နှင့်ကိုက်ညီသည့် ပြည်ထောင်စုဖောင့်ကို ဝန်ကြီးဌာနများ၌ အသုံးပြုနိုင်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်း ချုပ်က အကြံပြုသည်။
  • Wed 21 Jun 2017 - 21:19
    4G အင်တာနက်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်၌ စတင်မိတ်ဆက်ခဲ့သည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ကွန်ရက်အမြန်နှုန်း 150 Mbps အထိ ပေးအပ်မည်ဟု အော်ပရေတာ စီအီးအိုက ကြေညာခဲ့သည်။ 4G ကွန်ရက်ကို ဇွန်လအ တွင်း မိတ်ဆက်ပြီးဖြစ်သည့် တယ်လီနောသည် အမြန်နှုန်း 40Mbps အထိ ရရှိမည်ဟု ကြေညာခဲ့သော် လည်း မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် အမြန်နှုန်း 75 Mbps မှ 150Mbps အထိ ရရှိမည်ဟု ကြေ ညာခဲ့သည်။

Pages

Subscribe to Technology