Technology
  • Fri 14 Nov 2014 - 23:16
    ဆက်သွယ်ရေးကုမ္ပဏီ များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လေ့လာစောင့်ကြည့်နိုင်ရန် ဖွဲ့စည်းသွားမည့်ဆက်သွယ်ရေးကော်မရှင်ကိုကမ္ဘာ့ဘဏ်၏  အကူအညီဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန  ဒုဝန်ကြီးဦးသောင်းတင်က  ပြောသည်။ ‘‘ဆက်သွယ်ရေးကော်မရှင်ဆိုတာ အရင်က ကျွန်တော်တို့ နိုင်ငံမှာမှ မရှိခဲ့ဖူးတာ။ တခြား နိုင်ငံတွေမှာ ဘယ်လိုပုံစံနဲ့ လုပ်လဲဆိုတာကို ကမ္ဘာ့ဘဏ်က ပိုပြီးတော့သိတဲ့အတွက် သူတို့ရဲ့ အကူအညီနဲ့ လုပ်သွားမှာပါ’’ဟု ဒုဝန်ကြီးဦးသောင်းတင်က ပြောသည်။ ၀န်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းများလုပ်ငန်း ဆောင်ရွက်မှုကို စောင့်ကြည့်နိုင်ရန်နှင့် ပြဿနာများ ပေါ်ပေါက်လာပါက ဖြေရှင်းပေးနိုင်ရန်ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင် ဖွဲ့စည်းနိုင်ရန်ဆောင်ရွက်နေပြီး ဆက်သွယ်ရေး အကြံပေးကော်မတီတစ်ခုကိုလည်း ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
  • Fri 14 Nov 2014 - 23:15
     မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)သည် ရန်ကုန်စာတိုက်ကြီး၌ WCDMA ဆင်းမ်ကတ်များကို နိုဝင်ဘာ ၁၄ ရက်မှ စတင်ရောင်းချပေးနေကြောင်း သတင်းရရှိသည်။ ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ စာတိုက် ကြီး၌ တစ်ရက်လျှင် WCDMA ဆင်းမ်ကတ် ၁၀၀ ရောင်းချလျက် ရှိပြီး တနင်္လာမှ သောကြာအထိ အစိုးရရုံးဖွင့်ရက်တိုင်းရောင်း ချပေးသွားမည်ဖြစ်ကြောင်း၊ နိုဝင် ဘာ ၁၄ ရက်မှစတင်၍ရက်အကန့် အသတ်မရှိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စာတိုက်ကြီးတွင် ရောင်းချ နေသည့် မြန်မာ့ဆက်သွယ်ရေး မှ တာဝန်ရှိသူတစ်ဦးက ‘‘နိုဝင် ဘာ ၁၄ ရက်ကစရောင်းတယ်။ တစ်ရက်ကို ကတ် ၁၀၀ ရောင်းချ ပေးမယ်။ အမြဲတမ်းရောင်းချပေး ဖို့ရှိပါတယ်။ ရက်ကန့်သတ်ချက် မရှိပါဘူး။ တနင်္လာကနေ သောကြာအထိ အစိုးရရုံးဖွင့်ရက်တိုင်း ရုံးချိန်အတွင်း ရောင်းချပေး မှာပါ’’ဟု 7 DayDailyအားပြောသည်။
  • Wed 12 Nov 2014 - 21:46
    Android  ရေးသားနည်းအလုပ်ရုံသင်တန်း (Android Boothcamp)ကို လာမည့်နိုဝင်ဘာ ၂၉ရက်နှင့် ၃၀ ရက်များတွင် မန္တလေးမြို့၌ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။  အဆိုပါအလုပ်ရုံသင်တန်းတွင် Android Application ရေးသားနည်းများကို ပြည်တွင်းမှ ကျွမ်းကျင် Developer များက သင်ကြားပေးသွားဖြစ်ကြောင်း၊ Application တစ်ခုထွက်ပေါ်လာရန် အခြေခံမှစ၍ အဆင့်ဆင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လိုသူများ အနေဖြင့် အွန်လိုင်းမှ လျှောက်လွှာတင်ရမည်ဖြစ်ပြီး အခြေခံအားဖြင့် Programming အကြောင်းကို နားလည်ထားရန် လိုအပ်ကြောင်း သိရသည်။ အဆိုပါ အလုပ်ရုံသင်တန်းကို Ideabox Myanmarနှင့် Google တို့မှ ကူညီပံ့ပိုးပေးခြင်းဖြစ်ပြီး Google Developer Group Yangon ၏ ပြည်တွင်း Developer များက သင်ကြားပေးသွားမည်ဖြစ်ကြောင်း Ideabox Myanmar တွဲဖက်တည်ထောင်သူ ကိုကောင်းစစ်က ပြောသည်။
  • Mon 10 Nov 2014 - 19:47
    တရုတ်နိုင်ငံအခြေစိုက် ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်သော OPPO သည် ၎င်းတို့၏ နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုထားသည့် စမတ်ဖုန်းထုတ်ကုန်သစ်နှစ်မျိုးဖြစ်သော OPPO R5 နှင့် OPPO N3 တို့ကို ယခုနှစ်ကုန်ပိုင်းတွင် မြန်မာပြည်တွင်း၌ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ OPPO R5 ဖုန်းကိုယ်ထည် အထူမှာ 4.5mm သာရှိသည့်အတွက် လက်ရှိတွင် ကမ္ဘာ့အပါးလွှာဆုံးစမတ်ဖုန်းအဖြစ် သတ်မှတ်ခံထားရပြီး OPPO N3 သည်၂၀၆ ဒီဂရီအထိ အလိုအလျောက်လှည့်ပတ်၍ ဓာတ်ပုံများရိုက်နိုင်သော 16MP ရှိ စွမ်းဆောင်ရည်မြင့်ကင်မရာတပ်ဆင်ပေးထားသည့် စမတ်ဖုန်းဖြစ်ကြောင်း သိရသည်။ N3 စမတ်ဖုန်းသည် Quad-Core 2.5 GHz Krait 400 CPU ကို အသုံးပြုထားပြီး Full HD Resolution ရှိသည့် ၅ ဒသမ ၅ လက်မမျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး လက်ဗွေဖြင့် အသုံး ပြုနိုင်သည့် Fingerprint စနစ်ထည့်သွင်းပေးထားကာ ဖုန်းတွင်း မှတ်ဉာဏ် 32GB နှင့် RAM 2GB တွဲဖက်ပေးထားပြီး Dual SIM သုံးနိုင်မည်ဖြစ်သည်။ R5 သည် အလူမီနီယံဖရိန်ဖြင့် အပါးလွှာဆုံးဖြစ်အောင် ပြုလုပ်ပေးထားပြီး 1080 Pixels ရှိသော ၅ ဒသမ ၂ AMOLED မျက်နှာပြင် တပ်ဆင်ပေးထားသည့်အတွက် အလင်းပြန်မှုကို လျှော့ချပေးနိုင်ပြီး 13 MPရှိသော နောက်ကင်မရာနှင့် Selfie ရိုက်လိုသူများအတွက် 5MP ရှိသော ရှေ့ကင်မရာကို တွဲဖက်ပေးထားသည်။
  • Sat 08 Nov 2014 - 19:10
    နိုဝင်ဘာလအတွင်း ကျင်းပမည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ် နှံမှုဆိုင်ရာဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံ၏ အနာဂတ်ICTတိုးတက် ပြောင်းလဲမှု အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းသ တင်းရရှိသည်။
  • Sat 08 Nov 2014 - 19:07
    ပြည်တွင်းရှိ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများအား ဂျပန်နိုင်ငံရှိ ကွန်ပျူတာတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်စေရန် အတွက် ပြည်ပအဖွဲ့အစည်းများ ၏ အကူအညီဖြင့်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပ ညာဝန်ကြီးဌာနမှ  သတင်းရရှိ သည်။
  • Sat 08 Nov 2014 - 19:04
  • Sat 08 Nov 2014 - 18:35
     မြန်မာနိုင်ငံ၏ ဖုန်းသိပ်သည်းဆမှာ ယခုနှစ်ကုန်တွင် နိုင်ငံ့လူဦးရေ၏ ၃၀ မှ ၃၅ ရာခိုင်နှုန်းခန့်အထိ တိုးတက်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင်ကပြောကြားသည်။ ဒုဝန်ကြီး ဦးသောင်းတင်သည် ယမန်နေ့က ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ပြုလုပ်လျက်ရှိသည့် Inter-national Myanmar ICT Exhibition 2014 တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးတယ်လီကွန်းကဏ္ဍမှာ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျသည် မှန်သော်လည်း ယခုနှစ်ကုန်တွင် ၃၀ မှ ၃၅ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ကြောင်း၊  လာမည့် ၂၀၁၅ မတ်လတွင် ၅၀ ရာခိုင်နှုန်းအထိတိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ‘‘လက်ရှိ မိုဘိုင်းအသုံးပြုမှုအရေအတွက်က တိုးတက်လာနေတယ်။ လစဉ် တစ်သန်းလောက်ဖြန့်ရင် ၂ ရာခိုင်နှုန်းတက်နေတယ်။ အဲဒီတော့ လစဉ် ၃ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းကြားတိုးတက်နေတယ်။ အဲဒီလိုဆိုတော့ ကျွန်တော့်အနေနဲ့ဒီနှစ်ကုန်မှာ တယ်လီကွန်းသိပ်သည်းဆက ၃၀ ဒါမှမဟုတ် ၃၅ ရာခိုင်နှုန်းအထိ တိုးတက်လာဖို့ မျှော် လင့်တယ်။ လာမယ့်နှစ် မတ်လဆိုရင် ၅၀ ရာခိုင်နှုန်းလောက်ထိ တိုးတက်လာဖို့ မျှော်မှန်းထားတယ်’’ဟု ဒုဝန်ကြီးက ပြောသည်။
  • Fri 07 Nov 2014 - 23:27
    ပြည်ပဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် အူရီးဒူးသည် ၎င်းတို့၏ ဆင်းမ်ကတ်များမှ ဖုန်းခေါ်ဆိုခနှုန်းထား များကို နိုဝင်ဘာ ၇ ရက်မှစ၍ မည်သည့်ဖုန်းမဆို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ပြောင်းလဲကောက်ခံသွားကြောင်း သတင်းရရှိသည်။ ‘‘၇ ရက် မနက်ကနေစပြီးတော့ ဘယ်ဖုန်းကိုခေါ်ခေါ် ၂၅ ကျပ်နဲ့ ပြောင်းပြီးတော့ ကောက်သွားမှာ ဖြစ်ပါတယ်။ အသုံးပြု သူတွေသိအောင် အသေးစိတ်ကိုလည်း ဒီရက်ပိုင်းထဲမှာ ထုတ်ပြန်ပေးသွားပါမယ်’’ ဟု အူရီးဒူးမြန်မာမှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။ အူရီးဒူးအနေဖြင့် ယခင်က ဖုန်းခေါ်ဆိုခနှုန်းထားများကို ၎င်းတို့၏ ဖုန်းအချင်းချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် အခြားဖုန်းများသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိပြီး နိုဝင်ဘာလ ၇ ရက်မှစ၍ မည်သည့်ဖုန်းမဆို ၂၅ ကျပ်နှုန်းသို့ ပြောင်းလဲကောက်ခံလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
  • Thu 06 Nov 2014 - 23:14
    ဆက်သွယ်ရေးဝန်ဆောင်လုပ်ငန်းများပေးနေသည့် အော်ပရေတာ သုံးခုစလုံးတွင် သုံးစွဲသူများအတွက် သိရှိလိုသည်များ မေးမြန်းရန် ၀န်ဆောင်မှုဌာန Call Center ထားရှိသော်လည်း လိုင်းမအားခြင်း၊ အ ဆင့်ဆင့်လွှဲပြောင်းခြင်း၊ လိုင်းကျပ်ခြင်းတို့ကြောင့် မေးမြန်းသူများအဆင်ပြေမှုမရှိဘဲ အခက်အခဲတွေ့ကြုံနေရကြောင်း သတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၀န်ဆောင်မှုဌာနနှင့် ပတ်သက်ပြီး ‘‘မြန်မာ့ဆက်သွယ်ရေးရဲ့ ဖုန်းနံပါတ် ၁၀၆ က အခမဲ့ဖုန်းခေါ်ဆိုနိုင်တယ်ဆိုလို့ ကားဂိတ်ဖုန်းနံပါတ်နဲ့ တခြားသိချင်တာတွေရှိလို့ မကြာခဏဖုန်းဆက်ဖူးတယ်။ မအားသေးပါရှင်ဆိုတဲ့ အသံပဲကြားရတယ်။ တစ်ခါမှ မရဖူးဘူး။ အဲဒါနဲ့ 1876 ရဲ့ တခြားဝန်ဆောင်မှုတွေကိုပဲ ဖုန်းဘီလ်အကုန်ခံပြီး ဆက်မေးရတယ်’’ဟု ကုမ္ပဏီတစ်ခုတွင် Admin ဌာန၌ လုပ်ကိုင်နေသူ မခိုင်စုယဉ်က ပြောသည်။ ပြည်ပဆက်သွယ်ရေးကုမ္ပဏီတယ်လီနောမြန်မာ၏ Call Center မှာ ဆက်သွယ်ရန် ခက်ခဲသော်လည်း အဆင့်ဆင့်ခေါ်ဆိုရကြောင်း၊ အခြားပြည်ပကုမ္ပဏီ အူရီးဒူးမြန်မာ၏ Call Center မှာမူ လိုင်းဝင်သွားသော်လည်း ဖုန်းလိုင်းကျပ်ခြင်းကြောင့် ဆက်လက်မေးမြန်းရန် ခက်ခဲမှုနှင့် တွေ့ကြုံရကြောင်း အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီများ၏ ၀န်ဆောင်မှုဌာန (Call Center) သို့ ခေါ်ဆိုမေးမြန်းဖူးသူတစ်ဦးက မှတ်ချက်ပြုသည်။
  • Thu 06 Nov 2014 - 23:12
    လက်ရှိပြည်တွင်း၌ ဆက်သွယ်ရေးအော်ပရေတာ သုံးခု ၀န်ဆောင်မှုရှိနေချိန်တွင် သုံးစွဲသူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေး (MPT)ဆင်းမ်ကတ်ကိုဦးစားပေးအဖြစ် ရွေးချယ်အသုံး ပြုနေကြသည်။ ပြည်ပဆက်သွယ် ရေးကုမ္ပဏီ နှစ်ခုဖြစ်သည့် တယ် လီနောမြန်မာနှင့် အူရီးဒူးမြန်မာ၏ ဆင်းမ်ကတ်များကို ဖုန်းခေါ်ဆိုခ သက်သာခြင်း၊ အင်တာနက်အ သုံးပြုရာတွင် မြန်ဆန်မှုရှိခြင်းတို့ ကြောင့် ဒုတိယဦးစားပေးအဖြစ် အသုံးပြုနေကြကြောင်း မိုဘိုင်း ဖုန်းအရောင်းဆိုင်များနှင့် သုံးစွဲသူ များက ပြောသည်။ မိုဘိုင်းဆက်သွယ်ရေးဈေး ကွက်တွင် MPT ဆင်းမ်ကတ်များ ကို ယခင်ကထက်ပိုမိုလွယ်ကူစွာ ၀ယ်ယူရရှိနိုင်သော်လည်း ၎င်းတို့ ကြေညာထားသည့် ဆင်းမ်ကတ် တစ်ခုလျှင် ၁,၅၀၀ ကျပ်ဖြင့် မရရှိနိုင်ဘဲ အနိမ့်ဆုံး ၁၂,၀၀၀ ကျပ်ဝန်းကျင် ဈေးပေါက်သည်။ အူရီးဒူး ဆင်းမ်ကတ်များကို ကျပ် ၁,၅၀၀ ကျပ်ဖြင့် အလွယ်တကူဝယ်ယူနိုင် သော်လည်း တယ်လီနောဆင်းမ်ကတ်များမှာ ဟန်းဆက်၊ ငွေဖြည့် ကတ်များနှင့် တွဲဖက်၍ ရောင်းချ မှုများရှိကာ ဈေးတင်ရောင်းချမှု များလည်း ရှိနေကြောင်း မိုဘိုင်း ဖုန်းအရောင်းဆိုင်များက ပြော သည်။ လူကြီးမင်းမိုဘိုင်းဖုန်းအ ရောင်းဆိုင်များ ဒါရိုက်တာဦးပြည်စိုးထွန်းက ‘‘လက်ရှိမှာ MPT ဆင်းမ်ကတ်က တခြားအော်ပရေတာတွေရဲ့ ဆင်းမ်ကတ်တွေထက် ဈေးကြီးပေးဝယ်ရပေမယ့် ကွန်ရက်ဖြန့်ကြက်မှုကောင်းလို့ ရောင်းအားလည်း ကောင်းတယ်။ ဦးစားပေးအဖြစ် အသုံးပြုကြဆဲပေါ့။ အူရီးဒူးနဲ့ တယ်လီနောကို ယှဉ်ကြည့်ရင်တော့ တယ်လီနောက ထွက်ခါစဆိုတော့ စိတ်ဝင်စားမှုပိုရတယ်။ ဈေးကလည်း တချို့ ဆိုင်တွေမှာ ၁,၅၀၀ ကျပ်နဲ့ မရနိုင် ဘူး။ ဟန်းဆက်နဲ့ တွဲရောင်းတာတွေ ၊ငွေဖြည့်ကတ်နဲ့ တွဲရောင်းတာတွေရှိတယ်။ အူရီးဒူးကတော့ ၁,၅၀၀ ကျပ်နဲ့ပဲ ရောင်းချနေကြ တာများပါတယ်’’ဟု ပြောသည်။
  • Wed 05 Nov 2014 - 23:59
    မြန်မာနိုင်ငံ၌ စတုတ္ထအကြိမ်အဖြစ် ကျင်းပသွားမည့် Developer Conference(Decon)တွင် မိုဘိုင်းနှင့် Web ဆော့ဖ် ၀ဲရေးသားနည်းများအပြင် ဂိမ်းရေးနည်းအကြောင်းကိုလည်း ကျယ်ပြန့်စွာဆွေးနွေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ ‘‘ဂိမ်းရေးသားနည်းနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေနဲ့ယှဉ်  ရင် မြန်မာကအားနည်းနေသေးတယ်။ အဲဒီအတွက် ကဏ္ဍတစ်ခု အနေနဲ့ ဆွေးနွေးသွားမှာဖြစ်ပြီး တခြားမိုဘိုင်း၊ Webနဲ့ Cloud နည်းပညာပိုင်းဆိုင်ရာတွေကိုလည်း ဆွေးနွေးသွားဖို့ရှိပါတယ်’’ ဟု ရန်ကုန်တိုင်းကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌဦးမင်းဦးက ပြောသည်။ ယခုနှစ် Developer Conference ကို နိုဝင်ဘာ ၁၅နှင့် ၁၆ ရက် နှစ်ရက်ကျင်းပသွားမည်ဖြစ်ပြီး Web, Mobile,Cloud နည်းပညာများ၊ Game Developmentကို လက်တွေ့မိတ်ဆက် သည့် Workshopများ၊ Android Applicationရေးနည်းများ၊ Cyber Securityနှင့် E-Government Platformဆိုင်ရာအမြင် များကို လက်တွေ့လုပ်ကိုင်နေသည့် ပညာရှင်များက တင်ပြဆွေး နွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Mon 03 Nov 2014 - 20:15
    ရန်ကုန်- ဈေးကွက်အတွင်း၌ တယ်လီနောဆင်းမ်ကတ်များ ပစ္စည်းပြတ်နေပြီး ထပ်မံချထားပေးမည့်ရက်ကို မသိရသေးသည့်အတွက် ဈေးတင်ရောင်းချမှုများဖြစ်ပေါ်လာကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ သတင်းရရှိသည်။
  • Sun 02 Nov 2014 - 23:27
    မိုဘိုင်းဖုန်းနှင့် ငွေကြေးဝန်ဆောင်မှုများ၊ လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် MyKyat Mobile Money ၀န်ဆောင်မှုကို ပထမပုဂ္ဂလိကဘဏ်နှင့်ပူးပေါင်း၍ ၂၀၁၅ ဇန်န၀ါရီအတွင်း ပေးသွားမည်ဖြစ်ကြောင်း Frontier Technology Partners ကုမ္ပဏီမှ သတင်းရရှိသည်။ ‘‘MyKyat ကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကစပြီးတော့ စမ်းသပ်ခဲ့တာ အခုဆို ၉၀ ရာခိုင်နှုန်းလောက် ပြီးသွားပါပြီ။ ၂၀၁၅ ဇန်န၀ါရီလအတွင်းမှာ ပြည်တွင်းက လူအားလုံးနဲ့ အဆင်ပြေမယ့် Eco System နဲ့ မိုဘိုင်းငွေပေးချေတဲ့ ၀န်ဆောင်မှုတွေကို ပေးသွားမှာ ဖြစ်ပါတယ်’’ ဟု Frontier Technology Partners ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Tim Scheffmann က ပြောသည်။ MyKyat Mobile Money ၀န်ဆောင်မှုအား သုံးစွဲမှုအပေါ်မူ တည်ပြီး လိုက်လျောညီထွေရှိမည့် ၀န်ဆောင်မှုပုံစံဖြင့် ပေးသွားမည်ဖြစ်ပြီး လယ်သမားများ၊ ကျောင်းသားများ၊ လူငယ် များ၊ အလုပ်သမားများနှင့် လုပ်ငန်းရှင်များဟူ၍ သုံးစွဲသူပေါ်တွင် မူတည်ပြီး ၀န်ဆောင်မှုပုံစံများ ကွဲပြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sun 02 Nov 2014 - 23:21
    လက်ရှိဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဖုန်းဆင်းမ်ကတ် မှောင်ခိုဈေးနှုန်းများတွင် MPT ဖုန်းဆင်းမ်ကတ်မှာ အမြင့်ဆုံးဈေးဖြင့် ဦးဆောင်လျက်ရှိကြောင်း AT ဖုန်းအရောင်းဆိုင်က ပြောသည်။
  • Sun 02 Nov 2014 - 13:18
    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိအသုံးပြုနေသော အပြည်ပြည်ဆိုင်ရာ အင်တာနက်ဘန်ဝှစ်များထဲမှအချို့ကို ပြည်ပအော်ပရေတာနှစ်ခုအား ငှားရမ်းသွားရန် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။
  • Sun 02 Nov 2014 - 13:15
    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အပြည်ပြည်ဆိုင်ရာ အင်တာနက်ဘန်ဝှစ်ခ်ျများ တိုးချဲ့သွားရန် ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sun 02 Nov 2014 - 13:12
    ICT Park အသစ်တစ်ခု တည်ဆောက်နိုင်ရန် ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်အတွင်းရှိ မြေဧကသုံးရာပေါ်တွင် ကနဦးစီမံကိန်းများ ဆောင်ရွက်သွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
  • Sat 01 Nov 2014 - 23:40
    တယ်လီနောဆင်းမ်ကတ်များကို ရန်ကုန်မြို့ရှိ မိုဘိုင်း ဖုန်းအရောင်းဆိုင်များတွင် အလွယ်တကူဝယ်ယူ၍ မရတော့ဘဲ ရောင်းချပေးနိုင်သည့် ပမာဏနည်းလာသောကြောင့် အချိန်မီ ထပ်မံချမပေးနိုင်ပါက မှောင်ခိုဈေးကွက်များဖြစ်ပေါ်လာနိုင်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ သတင်းရရှိသည်။ ‘‘ဆင်းမ်ကတ်တွေက ကျွန်တော်တို့ဆီမှာ ကုန်သလောက် ဖြစ်နေပြီ။ တခြားဆိုင်တွေမှာဆိုရင် လုံးဝကုန်သွားပြီ။ ဈေးကွက်ထဲမှာ  ဆင်းမ်ကတ်တွေပြတ်သွား ပြီဆိုရင် မှောင်ခိုဈေးကွက်ဖြစ် လာနိုင်ပါတယ်’’ဟု လူကြီးမင်းစီးပွားရေးလုပ်ငန်းစုမှ ဒါရိုက်တာကိုစည်သူကပြောသည်။ တယ်လီနောအနေဖြင့် ရန်ကုန်မြို့တွင် အောက်တိုဘာ၂၆ ရက်၌ ဆင်းမ်ကတ်များစတင် ရောင်းချပေးခဲ့ပြီး မူလက ဖုန်းဘီလ်သုံးထောင်ကျပ်နှင့် ဆင်းမ်ကတ်တစ်ကတ်တွဲရောင်းပေးသော်လည်း လက်ရှိတွင် ဆင်းမ်ကတ်ရှားပါးလာသောကြောင့် ဟန်း ဆက်နှင့်တွဲရောင်းသည့်ဆိုင်များရှိလာသလို ဖုန်းဘီလ်ငါးထောင်နှင့်အထက်ဖြည့်မှ ဆင်းမ်ကတ်ရောင်းသည့်ဆိုင်များလည်းရှိလာကြောင်း အသုံးပြုသူများထံမှ သတင်းရရှိသည်။
  • Fri 31 Oct 2014 - 23:18
    တယ်လီနောဆင်းမ်ကတ်များဖြင့် အင်တာနက်အသုံးပြု၍ အွန်လိုင်းစာမျက်နှာများ ကြည့်ရှုခြင်း၊ သတင်းအချက်အလက်များရှာဖွေခြင်းများကို Opera Mini Browserဖြင့်ပြုလုပ်ပါက အင်တာနက်အသုံးပြုခသက်သာစေမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က ဆိုသည်။ ‘‘Opera ကအသုံးပြုသူတွေ လိုချင်တဲ့ဝက်ဘ်ဆိုက်စာမျက်နှာတွေနဲ့ ဒေတာတွေကိုချုံ့ပြီးတော့ အသုံးပြုသူတွေကိုရှာပေးတဲ့အတွက် ဒေတာနဲ့ကောက်တဲ့ အသုံးပြုခတွေကိုသက်သာစေမယ့်အပြင် အင်တာနက်သုံးတဲ့အခါ ပိုပြီးတော့မြန်စေမှာဖြစ်ပါတယ်’’ဟု Petter Furberg ကဆိုသည်။ တယ်လီနောသည် ၎င်းတို့၏ အင်တာနက်အသုံးပြုခများကို ဒေတာဖြင့်ကောက်ယူသည့်အတွက် Opera Mini Bro-wser Software သည် အခြား Browser Software များထက်ဒေတာ အသုံးပြုမှုပမာဏကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သည့်အတွက် အင်တာနက်အသုံးပြုခ သက်သာစေမည်ဖြစ်သည်။
Pages
Subscribe to Technology