Technology

  • Fri 03 Oct 2014 - 22:42
    အူရီးဒူးမြန်မာ၏ မိုဘိုင်းဝန်ဆောင်မှုများနှင့်အရေးကြီးသော သတင်းအချက်အလက်များကိုအလွယ်တကူသိရှိအသုံးပြုနိုင်မည့် My Ooredoo မိုဘိုင်းအက်ပလီကေးရှင်းကို အွန်လိုင်းတွင် အခမဲ့ဒေါင်းလုတ်ပြုလုပ်နိုင်ပြီဖြစ်ကြောင်းသတင်းရရှိသည်။ အဆိုပါအက်ပလီကေးရှင်းသည် အူရီးဒူးမြန်မာမှ တရားဝင်ထုတ်လုပ်လိုက်သည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းဝန်ဆောင်မှုများကိုအင်္ဂလိပ်-မြန်မာဘာသာနှစ်မျိုးဖြင့် လေ့လာမှုများပြုလုပ်၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ ‘‘အသုံးပြုသူတွေအနေနဲ့ ၀န်ဆောင်မှုတွေကိုဘယ်လို ဆောင်ရွက်ရမလဲဆိုတာ သိနိုင်ဖို့အခက်အခဲရှိနေပါတယ်။ ဒီ Appကို ယူလိုက်တာနဲ့ အရေးကြီးတဲ့အချက်အလက်တွေကို မို ဘိုင်းဖုန်းကနေ အလွယ်တကူရယူနိုင်မှာဖြစ်ပါတယ်’’ဟု အူရီးဒူးမြန်မာမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမန်နေဂျာဒေါ်သီရိကြာညိုကပြောသည်။
  • Fri 03 Oct 2014 - 20:41
    အူရီးဒူးမြန်မာသည် ၎င်းတို့၏ မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် တန်ဖိုးနည်း စမတ်ဖုန်းဟန်းဆက်နှစ်မျိုးကို ၀ယ်ယူမည်ဆိုပါက အရစ်ကျစနစ်ဖြင့် ဖုန်းဘီလ်ထဲသို့ ငွေပြန်ထည့်ပေးမည့် အစီအစဉ်တစ်ခု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။
  • Fri 03 Oct 2014 - 20:30
    တယ်လီနောဆင်းမ်ကတ်များကို စက်တင်ဘာ ၂၇ ရက်တွင် မန္တလေးမြို့၌ စတင်ရောင်းချခဲ့ပြီး ၀ယ်ယူသူများပြားခဲ့သည့်အတွက် ရရှိထားသော ဆင်းမ်ကတ်ခွဲတမ်းမှာ တစ်ရက်တည်းဖြင့် ရောင်းကုန်သွားခဲ့ကြောင်း  မိုဘိုင်းဖုန်းအရောင်းဆိုင်များထံမှ သတင်းရရှိသည်။
  • Thu 02 Oct 2014 - 22:26
    မြန်မာ့ဆက်သွယ်ရေး ဖုန်းဆင်းမ်ကတ်များ ရောင်းချ ပေးရာတွင် ညလုံးပေါက်တန်းစီ စောင့်ဆိုင်းသူများက ဦးထား သည့်နေရာများကို တစ်ဆင့်ပြန် လည်ရောင်းချမှုများ ပေါ်ပေါက် နေကြောင်း သတင်းရရှိသည်။ ‘‘မနက် ၂ နာရီကတည်းကလာတန်းစီကြတဲ့ လူတွေက မိုးလင်းတော့ နေရာကောင်းကို သုံး ထောင်၊ ငါးထောင်ဆိုပြီး ပြန်ရောင်းနေကြတာ’’ ကမာရွတ်မြို့နယ် ဂျန်းရှင်းစကွဲဈေးဝယ်စင်တာရှေ့တွင် အမ်ပီတီဆင်းမ်ကတ်ဝယ်ယူရန် လာရောက်တန်းစီသူတစ်ဦးက ပြောသည်။ ဖုန်းကတ်တန်ဖိုးမှာ ၁၅၀၀ ကျပ်ဖြစ်သော်လည်း တန်းစီသည့်နေရာများအား ပြန်လည် ရောင်းချဈေးက ပိုများသဖြင့် အမှန် တကယ်ဖုန်းကတ်လိုချင်သူထက် မှောင်ခိုရောင်းချလိုသူများသာ ဖြစ်နိုင်ကြောင်း လှိုင်သာယာမြို့ နယ်မှ ကမာရွတ်မြို့နယ် ဂျန်းရှင်း စကွဲဈေးဝယ်စင်တာတွင် ဆင်းမ် ကတ်လာရောက်တန်းစီ ၀ယ်ယူ သူ အမျိုးသားတစ်ဦးက ဆိုသည်။
  • Thu 02 Oct 2014 - 22:22
    တယ်လီနောမြန်မာသည် ၎င်းတို့၏ ဆင်းမ်ကတ်များ ကို ယနေ့ (အောက်တိုဘာ ၃ ရက်)တွင် နေပြည်တော်၌ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘မနက်ဖြန်ပဲ နေပြည်တော်မှာ ဈေးကွက်စတင်မိတ်ဆက် သွားမှာပါ။ အရောင်းဆိုင်တွေကိုလည်း တစ်ပြိုင်တည်းဖြန့်ချိပေးသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုလည်း ထုတ်ပြန်ပေးသွားပါမယ်’’ဟု တယ်လီနောမြန်မာမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
  • Wed 01 Oct 2014 - 22:24
    တယ်လီနောဆင်းမ်ကတ်အသုံးပြုသူများအနေဖြင့် နိုင်ငံပေါင်း ၂၄၀ ကျော်သို့ ဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှု (International Calling) ကို စတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း၎င်းတို့၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှုအား အသုံး ပြုမည်ဆိုပါက မည်သည့်နိုင်ငံမဆို SMS တစ်စောင်ပို့လျှင် ၃၀ ကျပ်သာကျသင့်မည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခနှုန်းထားများမှာ နိုင်ငံအပေါ်မူတည်ပြီး တစ်မိနစ်လျှင် အနည်းဆုံး ၂၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ကျသင့်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
  • Wed 01 Oct 2014 - 14:08
    Microsoft ကော်ပိုရေးရှင်းသည် ၎င်းတို့၏ ကွန်ပျူတာ OS အသစ်ဖြစ်သည့် Windows 10 နှင့် ပတ်သက်ပြီး အချက်အလက်များ ပထမဆုံးအကြိမ် သတင်းထုတ်ပြန် ကြေညာခဲ့သည်။
  • Tue 30 Sep 2014 - 00:25
    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖုန်းသုံးစွဲသူများထံသို့ မက်ဆေ့ခ်ျမှားယွင်းပေးပို့မှုများဖြစ်ပေါ်ခဲ့သောကြောင့် သုံးစွဲသူများ မလိုအပ်ဘဲ ငွေဖြည့်တင်းခဲ့ရမှုများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Data Centerသည်ယနေ့ နံနက် ၂ နာရီခန့်တွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု(System Error) ဖြစ်ပွားခဲ့သည့်အတွက် GSM ဆင်းမ်ကတ်အသုံးပြုသူဦးရေ ထောင်ဂဏန်းခန့်ကို ဖုန်းဘီလ်မရှိတော့၍ ငွေဖြည့်တင်းရန် အကြောင်းကြားသည့် Messageများ မှားပို့မိခဲ့ခြင်းဖြစ်သည်။
  • Sun 28 Sep 2014 - 23:11
     မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အခက်အခဲများ၊ သိလိုသည်များကို မေးမြန်းလိုပါက 1876 Call Center မှ တစ်ဆင့် လိုင်းခွဲနံပါတ် ၁၀၆ကို နှိပ်၍ အခမဲ့မေးမြန်းမှုများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်းသတင်းရရှိသည်။ ‘‘၁၀၆ကို နှိပ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်တာတွေကို မေးမယ်ဆိုရင် ဖုန်းဘီလ်ထဲကနေ လုံးဝမဖြတ်ပါဘူး။ သိချင်တာတွေကို အခမဲ့မေးနိုင်ပါတယ်’’ဟု 1876 Call Centerမှ လုပ်ငန်းတာဝန်ခံတစ်ဦးကပြောသည်။
  • Sat 27 Sep 2014 - 23:28
     မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စက်တင်ဘာ ၂၇ ရက်တွင် ဆင်းမ်ကတ်ပေါင်းနှစ်သိန်းခွဲကိုထပ်မံရောင်းချပေးခဲ့ပြီး တစ်လအတွင်း ဆင်းမ်ကတ်ပေါင်းတစ်သန်းကျော်အထိရောင်းချပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။  ‘‘ဒီနေ့ပဲ နှစ်သိန်းခွဲထပ်ပြီးတော့ချပေးတယ်။ သုံးစွဲသူတွေ အဆင်ပြေစေဖို့အတွက် တိုက်ရိုက်ရောင်းချပေးတဲ့ကိုယ်စားလှယ်အသစ်တွေထပ်ပြီးတိုးသွားဖို့လည်းလုပ်နေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးဌာန ဒါရိုက်တာဦးစောထူးသာကပြောသည်။
  • Sat 27 Sep 2014 - 20:17
    မြန်မာနိုင်ငံတွင် တစ်ရက်လျှင် ၀င်ငွေနှစ်ဒေါ်လာအောက်ရှိသူများပင် ၎င်းတို့၏ မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို အသုံးပြုနိုင်မည့် ဈေးသက်သာသော ပုံစံမျိုးဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောသည်။
  • Sat 27 Sep 2014 - 20:08
    လေးခုမြောက် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်မည့် ရတနာပုံတယ်လီပို့သည် ၎င်းတို့၏ ဆင်းမ်ကတ်များ ရောင်းချရာ၌ ဆင်းမ်ကတ်တစ်ခုဝယ်ယူသူတိုင်း အစုရှယ်ယာတစ်ခုရရှိနိုင်သော ပုံစံမျိုးဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
  • Sat 27 Sep 2014 - 20:06
    ပြည်ပဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် အူရီးဒူးသည် အင်တာနက်အသုံးပြုလိုသူများအတွက် Router နှင့် တွဲဖက်အသုံးပြုနိုင်သော အင်တာနက်သီးသန့် အသုံးပြုနိုင်သည့် ဆင်းမ်ကတ်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Fri 26 Sep 2014 - 22:50
    တယ်လီနောမြန်မာအနေဖြင့် ဒေါ်လာငါးဆယ် အောက် တန်ဖိုးနည်းဟန်းဆက်နှစ်မျိုးကို ၎င်းတို့၏ ဆင်းမ်ကတ် များနှင့် တွဲဖက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ တယ်လီနောမှ ရောင်းချပေးမည့် ဟန်းဆက်များမှာ 2 G ကွန်ရက် အသုံးပြုနိုင်သည့် Keypad ဟန်းဆက်ကို ကျပ် ၁၉,၉၀၀ နှင့် 3G ကွန်ရက်ကို အသုံးပြုနိုင်သည့် Touch Screenစမတ်ဖုန်းကို ကျပ် ၄၉,၉၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ ဟန်းဆက်နှစ်မျိုးတွင် 2G ကွန်ရက်သုံး Keypad ကို ၀ယ် ယူမည်ဆိုပါက မိနစ်တစ်ရာအခမဲ့ဖုန်းပြောဆိုခွင့်၊ SMS တစ်လအခမဲ့ပေးပို့ခွင့်နှင့် အင်တာနက် 100 MB အခမဲ့အသုံးပြုခွင့် တို့ကိုရရှိနိုင်မည်ဖြစ်သည်။
  • Thu 25 Sep 2014 - 23:08
    ဖွံ့ဖြိုးမှုနည်းသော ကျေးလက်ဒေသများရှိ အခြေခံ ပညာကျောင်းများတွင် သင်ခန်းစာများကို အွန်လိုင်းမှ တစ်ဆင့်လေ့လာနိုင်မည့် E-Learning System များတပ်ဆင်ပေးရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိ သည်။ ‘‘ဘယ်ကျောင်းတွေမှာ လုပ်ပေးသွားမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ ဖွံ့ဖြိုးမှုနည်းတဲ့ နယ်မြို့လေးတွေနဲ့ ကျေးလက်ဒေသတွေက အခြေခံပညာကျောင်းတွေမှာ အဓိက ထားပြီး တပ်ဆင်ပေးထားဖို့ စီစဉ်နေပါတယ်’’ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းသတင်းအချက်အလက်နည်းပညာဌာနမှ ဒုအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးကပြောသည်။
  • Wed 24 Sep 2014 - 20:33
    မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံကြားတွင်ချိတ်ဆက်ထားသော SMW-3ပင်လယ်ရေအောက်ကေဘယ်ဆက်ကြောင်း တစ်လကျော်ပြတ်တောက်နေခဲ့ရာမှ စက်တင်ဘာ၂၃ ရက်တွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ ‘‘ပြတ်နေတဲ့ဆက်ကြောင်း အားလုံးပြန်ကောင်းသွားပြီဖြစ်တဲ့အတွက် လက်ရှိမှာအားလုံးကို ပုံမှန်ပြန်ပြီးအသုံးပြုနိုင်ပါပြီ’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပြည်ပဆက်သွယ်ရေးစခန်းမှ လက်ထောက်အင်ဂျင်နီယာဦးဇော်ဌေးကပြောသည်။
  • Mon 22 Sep 2014 - 21:47
    ဂျပန်ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် KDDI သည် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်း၍ အွန်လိုင်းမှတစ်ဆင့် ငွေပေးချေနိုင်သော Prepaid e-money ကတ်နှင့် Mobile Money ၀န်ဆောင်မှုများ ပေးနိုင်ရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။ ‘‘e-money ကတ်တွေကို  ကျွန်တော်တို့ရဲ့ မိုဘိုင်းကွန် ရက်ရှိတဲ့ နိုင်ငံတွေမှာ စပြီး သုံးနေပါပြီ။ မြန်မာနိုင်ငံမှာလည်း အဲဒီဝန်ဆောင်မှုတွေ မကြာခင်မှာ သုံးနိုင်ဖို့ လုပ်သွားပါမယ်’’ ဟု KDDI မှ ဈေးကွက်ဆိုင်ရာ အကြီးတန်းအရာရှိ Koichi Kawase က ပြောသည်။
  • Sun 21 Sep 2014 - 22:48
    အမေရိကန်အခြေစိုက်ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Apple၏ စမတ်ဖုန်းထုတ်ကုန်အသစ်နှစ်ခုဖြစ်သော iPhone 6 နှင့် iPhone 6 Plus တို့ ကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့တွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ကျွန်တော်တို့ဆီမှာတော့ မနေ့က ပစ္စည်းရောက်တယ်။ဒီနေ့စရောင်းပေးသွားဖို့ ရှိပါတယ်။ အလုံးကတော့ နည်းနည်းပဲရှိပါသေးတယ်။ ဟိုဘက်မှာ ဈေးနှုန်းမတည်ငြိမ်သေးတဲ့အတွက် လိုသလောက်မရသေးတာကြောင့်ပါ’’ဟု Smart Touch မိုဘိုင်းဖုန်းအရောင်းဆိုင်ပိုင်ရှင်ကိုမောင်မောင်က ပြောသည်။
  • Sun 21 Sep 2014 - 12:12
    မိုဘိုင်းကွန်ရက်အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဆင်းမ်ကတ်ဝယ်ယူလျှင် အင်တာနက်ကိုပါ တစ်ပါတည်း အသုံးပြုနိုင်မည့် ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
  • Sun 21 Sep 2014 - 12:08
    ကွန်ပျူတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းတို့ကို ဖွဲ့စည်းသွားမည်ဟု သတင်းရရှိသည်။

Pages

Subscribe to Technology