Technology

  • Mon 27 Oct 2014 - 21:04
    အောက်တိုဘာ ၂၆ ရက် ညတွင် ရန်ကုန်မြို့ရှိ မိုဘိုင်းအိတ်ချိန်းတစ်ခုမှ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် GSM ဖုန်းအလုံးရေ တစ်သန်းကျော် လိုင်းပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသတင်းရရှိသည်။ ‘‘မနေ့က ည ၇ နာရီလောက်မှာ ရန်ကုန်က အိတ်ချိန်းတစ်ခုက ချို့ယွင်းမှုဖြစ်ပေါ်ခဲ့တဲ့အတွက် လိုင်းပြတ်တောက်မှုတွေ ဖြစ်သွားတာပါ။ အခုတော့ ပြန်ပြီးကောင်းနေပါပြီ’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အိတ်ချိန်းမှ စက်ချို့ယွင်းမှုကြောင့် လိုင်းပြတ်တောက်ခဲ့သည့်အချိန်မှာ ည ၇ နာရီတွင် စတင်ဖြစ်ပွားခဲ့ပြီး ပြုပြင်မှုများပြုလုပ်ခဲ့၍ ည ၁၀ နာရီတွင် ပြန်လည်ကောင်းမွန်ခဲ့ကြောင်း သတင်းရရှိသည်။
  • Sun 26 Oct 2014 - 23:28
     တယ်လီနောဆင်းမ် ကတ်များ ရန်ကုန်မြို့တွင် စတင် ရောင်းချသည့်နေ့၌ ဆင်းမ်ကတ် မလောက်ငမှုနှင့် မှောင်ခိုဈေး ကွက်ပေါ်ပေါက်ခဲ့ခြင်းများ မရှိခဲ့ ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင် များထံမှ သတင်းရရှိသည်။ ယခုကဲ့သို့ ရောင်းအားပုံမှန် သာရှိခြင်းမှာ တယ်လီနောမြန်မာ အနေဖြင့် ၎င်းတို့၏ ဆင်းမ်ကတ် များရောင်းချမည့်နေ့ကို ကြိုတင် ကြေညာခြင်းမရှိသည့်အတွက် ဆင်းမ်ကတ်စတင်ရောင်းချသည့် နေ့ကို မိုဘိုင်းဈေးကွက်နှင့် နီးစပ် သူ အများစုသာသိရှိပြီး အခြားလူများ မသိရှိကြခြင်းကြောင့် တယ်လီနောအနေဖြင့် အရောင်းဆိုင်ပေါင်း ရှစ်ထောင်၌တစ်ပြိုင်တည်းရောင်းချပေးလိုက်သည့်အတွက်လည်း ဖြစ်နိုင်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့မှ သုံးသပ်ကြသည်။ ‘‘တယ်လီနောဆင်းမ်ကတ် စရောင်းတာကို တချို့လူတွေက သေချာမသိကြသေးဘူး။ မိုဘိုင်း ဈေးကွက်နဲ့ နီးစပ်တဲ့ လူတွေ လောက်ပဲသိသလို ဖြစ်နေတယ်။ ပြီးတော့ အရောင်းဆိုင်အများကြီး မှာ တစ်ပြိုင်တည်း ရောင်းပေး လိုက်တဲ့အတွက် တစ်ဆိုင်တည်း မှ လူတွေစုပြုံမနေတာလည်း ဖြစ် နိုင်ပါတယ်’’ဟု Mr. Fone မိုဘိုင်း ဖုန်းအရောင်းဆိုင်မှ အထွေထွေ မန်နေဂျာ ဦးထက်လင်းကျော်က ပြောသည်။
  • Sun 26 Oct 2014 - 23:24
    တယ်လီနောဆင်းမ်ကတ်များကို ရန်ကုန်မြို့တွင် စတင်ဝန်ဆောင်မှုပေးသည့် အချိန်၌ မြို့နယ်ပေါင်း ၄၄ ခုတွင် စတင်အသုံးပြုနိုင်မည်ဖြစ်သော်လည်း လူသုံးများသည့် ရပ်ကွက်အချို့၌ လိုင်းမမိသည့် ပြဿနာများနှင့် ကြုံတွေ့နိုင်သေးကြောင်း သတင်းရရှိသည်။ ‘‘တယ်လီနောဆင်းမ်ကတ်တွေကို ၄၄ မြို့နယ်ထဲက နေရာ တော်တော်များများမှာ မိနိုင်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ အသုံးပြုသူတွေ အရမ်းများရင် လိုင်းမမိတတ်တဲ့ ပြဿနာအချို့ နဲ့ ကြုံတွေ့နိုင်ပါသေးတယ်။ အဲဒီအတွက်လည်း တာဝါတိုင်တွေ တိုးချဲ့တည်ဆောက်နေပါတယ်’’ဟု တယ်လီနောမြန်မာ၏ အမှု ဆောင်အရာရှိချုပ် Petter Fur-berg က ပြောသည်။   တယ်လီနောအနေဖြင့် လက်ရှိတွင် ရန်ကုန်၌ တာဝါတိုင်ပေါင်း ၃၄၈ တိုင် စိုက်ထူထားပြီး ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင် ၎င်းတို့၏ ဖုန်းများကောင်းမွန်စွာ အသုံးပြုနိုင်စေရန်အ တွက် တစ်လလျှင် တာဝါတိုင်တစ်ရာနှုန်းဖြင့် လစဉ်တိုးချဲ့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 25 Oct 2014 - 22:23
    အူရီးဒူးဖုန်းအသုံးပြုသူများအနေဖြင့် ယနေ့မှစ၍ ရက် သုံးဆယ်အတွင်း ဖုန်းဘီလ်သုံးထောင်ဖြည့်ပါက အူရီးဒူးဆင်းမ်ကတ်အချင်းချင်း မိနစ်တစ်ထောင်ဖုန်းပြောခွင့်နှင့် SMS အစောင်ရေတစ်ထောင် အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ကျွန်မတို့ရဲ့ အမာခံပရိသတ်တွေအတွက် ဒီအပိုထပ်ဆောင်းဝန်ဆောင်မှုကိုပေးတာဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ တစ်မူထူးခြားတဲ့ဝန်ဆောင်မှုကို အသုံးပြုနိုင်ဖို့အတွက်ဖြစ်ပါတယ်’’ဟု အူရီးဒူးမြန်မာ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။ အူရီးဒူးမြန်မာမှပေးသည့် အဆိုပါအခမဲ့အသုံးပြုခွင့်ဝန် ဆောင်မှုကိုရရှိလိုပါက သုံးထောင်တန်ဖုန်းဘီလ်ကတ်အား တစ်ခါတည်းဖြည့်သွင်းရယူနိုင်သလို ရက်သုံးဆယ်အတွင်း တစ်ထောင်တန်ဖုန်းဘီလ်ကတ်သုံးခါဖြည့်သွင်း၍လည်းရယူနိုင်ကြောင်း သတင်းရရှိသည်။
  • Sat 25 Oct 2014 - 22:15
    ပြည်ပဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနောမြန်မာက ၎င်းတို့၏ဆင်းမ်ကတ်များကို မှတ်ပုံတင်တစ်ခုလျှင် ဆင်းမ်ကတ်တစ်ခုနှုန်းဖြင့် ရန်ကုန်မြို့တွင် ယနေ့မှစ၍ ရောင်းချ  ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  ‘‘တနင်္ဂနွေနေ့ကနေစပြီးတော့ တယ်လီနောရဲ့ဝန်ဆောင်မှုတွေကို ရန်ကုန်မှာ စပြီးပေးသွားမှာပါ။ အဲဒီနေ့မနက်ပိုင်းကနေစပြီးတော့ တယ်လီနောဆင်းမ်ကတ်တွေကို အရောင်းဆိုင်တွေမှာ မှတ်ပုံတင်တစ်ခုကို တစ်ကတ်နှုန်းနဲ့စတင်ပြီး ရောင်းချပေးသွားပါမယ်’’ဟု တယ်လီနောမြန်မာကပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။  တယ်လီနောမြန်မာသည် မန္တလေးနှင့်နေပြည်တော်တို့တွင် ဝန်ဆောင်မှုပေးရာ၌ မှတ်ပုံတင်တစ်ခုလျှင် ဆင်းမ်ကတ်သုံးကတ်နှုန်းဖြင့် ရောင်းချပေးခဲ့သော်လည်း ရန်ကုန်မြို့သည် လူဦးရေပိုများသည့်အတွက် မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေရန် ယခုလိုရောင်းချပေးခြင်းဖြစ်သည်ဟုဆိုသည်။
  • Fri 24 Oct 2014 - 22:59
    အွန်လိုင်းပေါ်မှတစ်ဆင့် လူအသုံးအဆောင် ပစ္စည်းများအရောင်းအ၀ယ်ပြုလုပ်ပေးနေသည့် Kaymu အွန်လိုင်းဈေးဝယ် စင်တာသည် မြို့ပေါင်း ၂၃ မြို့သို့ အရောက်ပို့ပေးသည့် အွန်လိုင်းအရောင်းအ၀ယ် ၀န်ဆောင်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘Kaymu ကနေ၀ယ်တဲ့ ပစ္စည်းတွေကို ရန်ကုန်မြို့တွင်းဆိုရင်အိမ်အရောက်ပို့ပေးပြီး၊ တခြားနယ်မြို့တွေမှာဆိုရင် အနီးစပ်ဆုံးကားဂိတ်ကိုပို့ပေးပါတယ်။ ၀ယ်ယူတဲ့လူတွေ အဆင်ပြေစေဖို့အတွက် ပစ္စည်းရောက်မှ ငွေပေးချေတဲ့ စနစ်ကိုကျင့်သုံးထားပါတယ်’’ဟု Kaymu အွန်လိုင်းဈေးဝယ်စင်တာမှ ပြန်ကြားရေးတာဝန်ခံ မယမုံဦးက ပြောသည်။ Kaymu အွန်လိုင်းဈေးဝယ်စင်တာသည် နိုင်ငံတကာတွင် အွန်လိုင်းဈေးဝယ်သည့် ၀န်ဆောင်မှုကို ပေးနေသော Rocket Internet ကုမ္ပဏီ၏ ရုံးခွဲတစ်ခုဖြစ်ပြီး ပြည်တွင်းရှိ အွန်လိုင်း စတိုးနှင့် အပြင်အရောင်းဆိုင် ပေါင်း နှစ်သောင်းကျော်ဖြင့် ချိတ် ဆက်ထားကာ ၎င်းတို့၏ ၀က်ဘ်ဆိုက်တွင် လူအသုံးအဆောင် ပစ္စည်းပေါင်း သုံးသောင်းနီးပါးကို ကြည့်ရှုလေ့လာ၍ ၀ယ်ယူနိုင် ကြောင်း သတင်းရရှိသည်။ ‘‘ကျွန်မတို့ အွန်လိုင်းဈေး ၀ယ်စင်တာမှာ အခုလက်ရှိ လူ သုံးကုန်တွေကိုပဲ ရောင်းချနေ ပြီး နောက်ပိုင်းမှာ အစားအသောက် တွေကိုပါ အိမ်အရောက်ပို့ပေးတဲ့ ၀န်ဆောင်မှုတွေ ပြုလုပ်ပေး သွားဖို့အတွက် လုပ်နေပါတယ်’’ ဟု မယမုံဦးက ဆိုသည်။
  • Thu 23 Oct 2014 - 22:39
    ပြည်တွင်း၌ WiMax စနစ်ဖြင့် အင်တာနက်ဝန်ဆောင် မှုပေးလျက်ရှိသော Red Link Communication သည် ယခုနှစ် မကုန်မီ အများပြည်သူများ Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာသုံးခုကို တိုးချဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ဒီနှစ်မကုန်ခင်မှာ Wifi အခမဲ့အသုံးပြုလို့ရတဲ့ နေရာသုံးခု လောက်ထပ်ပြီး တိုးချဲ့သွားဖို့ရှိပါတယ်။ တချို့နေရာတွေက ခွင့်ပြု ချက်ရအောင် စောင့်နေရတဲ့အတွက် နည်းနည်းလေးကြန့်ကြာနေတာဖြစ်ပါတယ်’’ဟု Red Link ၏ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။ Red Link အနေဖြင့် လက်ရှိတွင် ရန်ကုန်၌ Wifi အခမဲ့အသုံး ပြုနိုင်သော နေရာခြောက်ခုနှင့် ပုဂံတွင် အခမဲ့အသုံးပြုနိုင်သော နေရာလေးခုတို့ကို ပြုလုပ်ပေးထားပြီး အများပြည်သူများ အဆင်ပြေပြေ အသုံးပြုနိုင်မည့် နေရာသုံးခုတွင် ထပ်မံတိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Thu 23 Oct 2014 - 18:46
    Viber မိုဘိုင်း App တွင် ဒစ္စနေလန်းကုမ္ပဏီနှင့် ပူးပေါင်းပြုလုပ်ထားသည့် မစ်ကီမောက်စ်နှင့် သူငယ်ချင်းများ၊ ဇာတ်ကောင်များ အခြေခံသော စတစ်ကာများကို ဒေါင်းလုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
  • Thu 23 Oct 2014 - 18:45
    ဂဏန်းအပူးနှင့် နံပါတ်အလှ တယ်လီနောဆင်းမ်ကတ်များကို ဈေးနှုန်းတစ်မျိုးဖြင့် သီးသန့်ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာအမှုဆောင်အရာရှိချုပ် Petter Furberg က ပြောသည်။
  • Thu 23 Oct 2014 - 18:42
    CDMA 800 ဖုန်းနံပါတ် ၇၃ ဖြင့်စသော ဆင်းမ်ကတ်များ ပြန်သိမ်းမည်ဆိုပါက တရားဝင်သတင်းထုတ်ပြန်သွားမည်ဖြစ်ပြီး အကယ်၍ သိမ်းခဲ့မည်ဆိုလျှင် အသုံးပြုသူများ မနစ်နာစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
  • Thu 23 Oct 2014 - 16:41
    ၎င်းတို့ အသစ်ထုတ်လုပ် ရောင်းချမည့် စမတ်ဖုန်းများတွင် Nokia ဆိုသော အမှတ်တံဆိပ်ကို ဖယ်ရှားတော့မည်ဟု Microsoft ကော်ပိုရေးရှင်းက ကြေညာခဲ့သည်။
  • Wed 22 Oct 2014 - 22:17
    မြန်မာနိုင်ငံအတွင်း နည်းပညာကဏ္ဍတွင် အမျိုးသမီး များ ပိုမိုပါဝင်လာနိုင်ရန် ပြည်တွင်းမှ နည်းပညာကျွမ်းကျင်သည့် အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသည့် Geek Girls အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း အူရီးဒူးမြန်မာမှ သတင်းရရှိသည်။ ‘‘နည်းပညာနယ်ပယ်မှာ အမျိုးသမီးတွေပါဝင်စေခြင်းဟာ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတိုင်းမှာရှိသင့်တဲ့ အချက်ပဲဖြစ်ပါတယ်။ အခုဆိုရင် နည်းပညာနယ်ပယ်မှာ အခြေခံအဆင့်ကစပြီး ပါဝင်နိုင်ဖို့ အခွင့်အလမ်းတွေရနိုင်တာကို တွေ့ရပါတယ်’’ဟု Geek Girls မြန်မာ၏အကြံပေး Adrianna Tan က ပြောသည်။ Geek Girls မြန်မာအဖွဲ့သည် ပြည်တွင်းရှိ နည်းပညာနယ်ပယ်အတွင်းက သတင်းအချက်အလက်နှင့် နည်းပညာကျွမ်းကျင် သည့် အမျိုးသမီးများနှင့် နည်းပညာဝါသနာပါသော အမျိုးသမီး များကိုတွေ့ဆုံ၍ အသိပညာဖလှယ်ကာ နည်းပညာကဏ္ဍတွင် အမျိုးသမီးများပါဝင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
  • Tue 21 Oct 2014 - 17:16
    ပြည်တွင်း၌ WiMax စနစ်အင်တာနက်ဝန်ဆောင်မှုများ ပေးနေသည့် Red Link ကုမ္ပဏီသည် ၎င်းတို့၏   ၀န်ဆောင်မှုများကို အဆင့်မြှင့်တင်သွားရန် Internet Service Provider လိုင်စင်လျှောက်ထားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘လိုင်စင်လျှောက်ဖို့အတွက်စပြီး လုပ်နေပါပြီ။ လိုင်စင်ရတာနဲ့ သီးသန့်လိုင်စင်၊ သီးသန့်ဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်တဲ့အတွက် ဒီထက်ပိုပြီးကောင်းမွန်ပြီး အဆင့်မြင့်တဲ့ ၀န်ဆောင်မှုတွေကို  ပေးသွားဖို့ရှိပါတယ်’’ဟု Red Link   အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်ကပြောသည်။   Red Link အနေဖြင့် လက်ရှိတွင် အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရထားသည့် ရတနာပုံတယ်လီပို့စ်ကုမ္ပဏီ၏ လက်အောက်မှ အင်တာနက်ဝန်ဆောင်မှုများကို  ပေးနေခြင်းဖြစ်၍ မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် ဆက်သွယ်ရေးဆိုင်ရာလိုင်စင်ထုတ်ပေးရေးဥပဒေနှင့်အညီ Internet Service Providerလိုင်စင်ကို  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထားသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။
  • Mon 20 Oct 2014 - 22:39
    အူရီးဒူးမြန်မာက ၎င်းတို့ ၏ မိုဘိုင်းဝန်ဆောင်မှုကို အသုံး ပြုသူများအတွက် SMS ပေးပို့ရာတွင် အသုံးပြုနိုင်မည့် ၀န်ဆောင်မှု အသစ်ရှစ်မျိုးကို မိတ်ဆက်လိုက်ကြောင်း သတင်းရရှိသည်။ အူရီးဒူးအနေဖြင့် ယခင်က နည်းပညာအတားအဆီးများ ကြောင့် မရရှိခဲ့သော SMS နည်း ပညာသစ်ဝန်ဆောင်မှုများကိုအသုံးပြုသူများအတွက် စတင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အူရီးဒူးမှ စတင်မိတ်ဆက်လိုက်သော SMS ၀န်ဆောင်မှုသစ် များမှာ SMS Signature ၊ SMS Reply၊ SMS Copy ၊ Hold SMS ၊ SMS Schedule ၊ Future SMS ၊ SMS Check နှင့် Cancel SMS တို့ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sun 19 Oct 2014 - 22:02
    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၎င်းတို့၏ မိုဘိုင်းဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုနှုန်းထားများကို အသုံးပြုသူများ အဆင်ပြေစေမည့်ပုံစံမျိုးဖြင့် ဖြေလျှော့သွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ‘‘မိုဘိုင်းဆိုင်ရာဝန်ဆောင်မှုတွေကို ဖြေလျှော့ပေးသွားဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာ အကူးအပြောင်းကာလအနေနဲ့ ဆောင်ရွက်နေတဲ့အတွက် ကွန်ရက်က အပြည့်အဝမနိုင်သေးတာ ကြောင့် တဖြည်းဖြည်းချင်း ဖြေလျှော့သွားဖို့လုပ်နေပါတယ်။ အခြားအော်ပရေတာတွေနဲ့အပြိုင် ဝန်ဆောင်မှုပေးနိုင်အောင် လုပ်သွားမှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာတစ်ဦးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၎င်းတို့၏ဝန်ဆောင်မှုများကို ဖြေလျှော့ရာတွင် ဖုန်းပြောဆိုခနှုန်းထားများ၊ ဆင်းမ်ကတ်များဝယ်ယူရာတွင် အင်တာနက်အသုံးပြုရန် ငွေတစ်သောင်းကျပ်ပေး၍ ပြန်လျှောက်နေရခြင်း စသည်တို့အပြင် အခြားဝန်ဆောင်မှုများလည်း ပါဝင်နိုင်ကြောင်း သတင်းရရှိသည်။
  • Sat 18 Oct 2014 - 21:47
    မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ကျေးရွာပေါင်း ၁၄၀ ကျော်တွင် ရွေ့လျားဆေးပေးခန်းများဖြင့် ကျန်းမာရေးဝန်ဆောင်မှုများပြုလုပ်သွားရန် အူရီးဒူးမြန်မာနှင့် Pact မြန်မာတို့သဘောတူလက်မှတ်ရေးထိုးလိုက်ကြောင်း သတင်းရရှိသည်။ ယခုပြုလုပ်သွားမည့် ရွေ့လျားကျန်းမာရေးဆေးပေးခန်းဝန် ဆောင်မှုသည် ကျန်းမာရေးစောင့်ရှောက်မှုအလွယ်တကူမရနိုင် သော ကျေးလက်ဒေသများသို့ လှည့်လည်၍ အခြေခံကျန်းမာရေး လိုအပ်ချက်များရရှိစေရန်၊ အာဟာရပြည့်ဝစေရန်၊ လိုအပ်သောဝန်ဆောင်မှုများရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘မြန်မာပြည်မှာရှိတဲ့ ကလေး သူငယ်လေးတွေရဲ့ ကျန်းမာရေးပိုမိုကောင်းမွန်လာအောင်ဖန်တီးပေးဖို့ ကျွန်တော်တို့မှာ အခွင့်အလမ်းတွေအများကြီးရှိပါတယ်’’ ဟု အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောသည်။
  • Fri 17 Oct 2014 - 21:42
    အမေရိကန်အခြေစိုက် ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် နည်းပညာကုမ္ပဏီ Honeywell က မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ပူး ပေါင်းလုပ်ကိုင်နိုင်မည့် ကုမ္ပဏီများကို ရှာဖွေနေကြောင်း သတင်းရရှိသည်။ အဆိုပါကုမ္ပဏီသည် မြန်မာ နိုင်ငံတွင် ကုမ္ပဏီရုံးခွဲတစ်ခု ဖွင့်လှစ်ထားပြီဖြစ်သော်လည်း လုပ် ငန်းများ အကောင်အထည်ဖော်ရန် မြန်မာလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် ရှာဖွေနေဆဲ ဖြစ်ကြောင်း ကုမ္ပဏီမှ ဒေသတွင်း ဒါရိုက်တာ မစ္စတာ Tawan Jan-dangက ပြောသည်။ လုံခြုံရေးကင်မရာများ၊ လုံ ခြုံရေးသော့စနစ်များ၊ အသံစနစ် များ၊ မီးဘေးအန္တရာယ်အချက် ပေးကိရိယာနှင့် အလိုလျောက်မီး သတ်ကိရိယာများ၊ မီးခလုတ်များ၊ရေဘားနှင့် ဂက်စ်ဘားများ ဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီဖြစ်သည်။
  • Fri 17 Oct 2014 - 21:38
     ပြည်တွင်း၌ အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးငယ် များ ပညာသင်ကြားနိုင်စေရန် အူရီးဒူးမြန်မာသည် Myanmar Mobile Education Project နှင့် ပူးပေါင်း၍ ရွေ့လျားစာသင်ခန်း စနစ်ဖြင့် ပညာသင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါရွေ့လျားစာသင်ခန်း myME Project သည် ကလေးများ အဓိကလိုအပ်သော အခြေခံစာတတ်မြောက်မှု၊ ဂဏန်း သင်္ချာနှင့် ကွန်ပျူတာကျွမ်းကျင်မှုတို့ကို လုံခြုံစိတ်ချရသော ပတ် ဝန်းကျင်တွင် အသုံးချနိုင်ရန် သင်ကြားမှုများဖြင့် အထောက်အပံ့များပေးမည့် စီမံကိန်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ် သည်။ ‘‘မြန်မာပြည်တိုးတက်ပြောင်းလဲရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ပညာရေးကဏ္ဍကို ထောက်ပံ့ပေးရတာ ဝမ်းသာဂုဏ်ယူမိပါတယ်’’ဟု အူရီးဒူးမြန်မာ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။
  • Thu 16 Oct 2014 - 21:38
    တယ်လီနောအနေဖြင့် ရန်ကုန်တိုင်းတစ်တိုင်းလုံးအ တွက် တာဝါတိုင်အလုံအလောက် ရှိနေပြီး ဖုန်းတာဝါတိုင်ပေါင်း ရှစ်ရာထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သတင်းရရှိသည်။ လက်ရှိတွင် ဖုန်းတာဝါတိုင်ပေါင်း ၃၀၅ တိုင်တည်ဆောက်ပြီးစီးသွားပြီဖြစ်သော်လည်း မိုဘိုင်းနက်ဝါ့ခ်ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်နေပြီး တယ်လီနောဆင်းမ်ကတ်ရောင်းချမည့် နေ့ကို သတ်မှတ်ရက်ထက် နောက်ဆုတ်ခဲ့သည်။ ‘‘လက်ရှိတာဝါတိုင်နဲ့ ဆိုရင်လည်း ဖုန်းနက်ခ်ဝက်က ကောင်းနေပါပြီ။ ရန်ကုန်တိုင်းမှာ ဖုန်းလိုင်းအရမ်းကောင်းဖို့အတွက်ဆို ရင်တာဝါတိုင် ရှစ်ရာလိုတယ်’’ ဟု တယ်လီနောမြန်မာမှ အမှု ဆောင်အရာရှိချုပ် Mr.Petter Furberg ကပြောသည်။
  • Thu 16 Oct 2014 - 16:54
    ယခုနှစ်တွင်ကျင်းပသွားမည့် ပခုက္ကူဘားကမ့်အား အိုင်တီနည်းပညာနှင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများအကြောင်းကိုပါ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Pages

Subscribe to Technology