Technology

  • Thu 06 Apr 2017 - 19:42
    မိုဘိုင်းဖုန်းပေါ်မှ ဓာတ်ပုံ၊ ဗီဒီယိုနှင့် အချက်အလက်များ အပြန်အလှန် မျှဝေရာတွင် အသုံးပြုလေ့ရှိသည့် Zapya မိုဘိုင်း App ကို မြန်မာနိုင်ငံတွင် အသုံးပြုသူ ၃၃ ဒသမ ၅ သန်းခန့်ရှိလာပြီး လူကြိုက်အများဆုံး App တစ်ခုအနေဖြင့် ရပ်တည်နေကြောင်း Zapya  ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ တစ်နေ့တခြား တိုးပွားလာ သော မိုဘိုင်းဖုန်းဈေးကွက်ကြောင့် မြန်မာနိုင်ငံ၌ ဖုန်းအသုံးပြုသူအားလုံး၏ ၇၃ ရာခိုင်နှုန်းသည် Zapya App ကို အသုံးပြုလာကာ ၂ နှစ်ကျော်အတွင်း Zapya အသုံးပြုသူဦးရေ လျင်မြန်စွာတိုးတက်လာကြောင်း ဧပြီ ၅ရက်တွင် Zapya ကသတင်းထုတ်ပြန်သည်။ထို့ကြောင့် စီမံခန့်ခွဲမှုများနှင့် သတင်းအကြောင်းအရာများကို ဒေသစံနှုန်းများအတိုင်း မြှင့်တင်ကာ ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများကို မြန်မာနိုင်ငံမှအသုံးပြုသူများထံ ပေးပို့မည်ဖြစ်ကြောင်း Zapya ကုမ္ပဏီက ဆိုသည်။
  • Wed 05 Apr 2017 - 20:51
     အော်ပရေတာများ ယူနီကုတ်စနစ်ကို ထောက်ပံ့ပေးရေးနှင့် ပြည်တွင်းသို့ တင်သွင်းလာသည့် ဟန်းဆက်အပါအ၀င် နည်းပညာ Device များ ယူနီကုတ်စနစ်ကို အထောက်အပံ့ပေးရန် ၀န်ကြီးဌာနအနေဖြင့် ညွှန်ကြားပေးရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က တိုက်တွန်းခဲ့သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးသန့်စင်မောင်နှင့် ယူနီကုတ် စနစ်အကြောင်း အကြံပြုဆွေးနွေးစဉ် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က အချိန်ကာလတစ်ခု သတ်မှတ်၍ အော်ပရေတာများနှင့် ဟန်းဆက်တင်သွင်းသူများကို ညွှန်ကြားပေးရန် အကြံပြုခဲ့သည်။
  • Wed 05 Apr 2017 - 20:49
    ယာယီလိုင်းပိတ်သိမ်း ခြင်းခံထားရသည့် မိုဘိုင်းဆင်းမ် ကတ်များ သုံးလအတွင်း ပြန်လည်မှတ်ပုံတင်နိုင်မည်ဟု ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဆွေက ပြောသည်။ မတ်လ ၃၁ ရက်အထိ မှတ်ပုံတင်ခြင်းမရှိခဲ့သည့် မိုဘိုင်း ဆင်းမ်ကတ်များကို ဇွန်လကုန် အထိ မှတ်ပုံတင်ရန်ခွင့်ပြုထား သော်လည်း ဇွန်လအထိ လာ ရောက်မှတ်ပုံတင်ခြင်းမရှိပါက အပြီးလိုင်းပိတ်သိမ်းမည်ဟု ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
  • Mon 03 Apr 2017 - 21:21
     မျက်စိဖြင့် Lock ဖွင့်နိုင်သော နည်းပညာပါသည့် Sam-sung Glaxy S8 နှင့် S8+ ကို ဧပြီ ၃ ရက်၌ ရန်ကုန်မြို့တွင် စတင်မိတ်ဆက်ပြီး မေလတွင် စတင်ရောင်းချစတင်မည်ဟု Samsung မြန်မာက ကြေညာသည်။ Bixby ကဲ့သို့သော နည်းပညာသစ်များပါဝင်သည့် Glaxy S8 ကို ၁,၀၆၀,၀၀၀ ကျပ်၊ Glaxy S8+ ကို ၁,၁၉၀,၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်သည်။ ‘‘Bixby က ကိုယ်လိုချင်တဲ့ ပုံတွေကို စကားပြောပြီး ရှာနိုင်တယ်။ ဘယ်သူ့ကို ဘာစာပို့လိုက်ဆိုပြီးတော့ ပို့ခိုင်းနိုင်တယ်။ ဘာရှာပေးပါဆိုပြီးတော့ ရှာခိုင်းနိုင်တယ်။ ကိုယ့်ရဲ့အတွင်းရေးမှူးတစ်ဦးလိုပါပဲ’’ ဟု နည်းပညာသစ် Bixbyနှင့်ပတ်သက်၍ Samsung မှ ကိုဇာနည်ဝင်းထက်က ပြောသည်။
  • Sun 02 Apr 2017 - 21:18
     မြန်မာဂိမ်းကုမ္ပဏီဖြစ် သည့် My Play ကို သြစတြေးလျ နိုင်ငံ အခြေစိုက် iSentric ကုမ္ပဏီ က ကျပ်သန်းခြောက်ထောင်ဖြင့် မတ်လအတွင်းကဝယ်ယူခဲ့သည်။ iSentric ကုမ္ပဏီအနေဖြင့် My Play ၌ ရင်းနှီးမြှုပ်နှံမှု ထည့် သွင်းမည်ဟု သတင်းများထွက် ပေါ်လာပြီး ကုမ္ပဏီအရောင်းအ ဝယ်ဖြစ်ခဲ့သည်။
  • Sat 01 Apr 2017 - 19:43
     ဒေတာဖြတ်တောက် ခြင်းမရှိဘဲ အခမဲ့အသုံးပြုနိုင် သည့် Wow Box အမည်ရှိ သတင်းနှင့် ဖျော်ဖြေရေးဝန်ဆောင်မှုများ ပါဝင်သည့် အက်ပလီကေးရှင်းကို တယ်လီနောက စတင်မိတ်ဆက် ခဲ့သည်။ WowBox အက်ပလီကေး ရှင်းသည် တယ်လီနော၏ ထုတ် ကုန်တစ်ခုဖြစ်ပြီး တယ်လီနော ဆင်းမ်ကတ်အသုံးပြုသူများသည် ဒေတာအခမဲ့စနစ်ဖြင့် အသုံးပြု နိုင်သော်လည်း အခြားသော မိုဘိုင်းဆင်းမ်ကတ်များ၌ ထည့် သွင်းအသုံးပြုနိုင်မည်မဟုတ်ပေ။
  • Fri 31 Mar 2017 - 21:20
     ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် e-Govern-ment အတွက် အသုံးစရိတ်ကို ၂၀၁၆ အတွင်း ကျပ်သန်းတစ်ထောင် အသုံးပြုခဲ့သော်လည်း အသေးစိတ်စာရင်းကို လွှတ်တော် အနေဖြင့် မသိရှိကြောင်း ရန်ကုန် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က   ပြောကြား သည်။ ‘‘ဟာ့ဒ်ဝဲအတွက် ကုန်ကျစ ရိတ်ဘယ်လောက်၊ ဆော့ဖ်ဝဲအ တွက် ကုန်ကျစရိတ်ဘယ်လောက်ဆိုတာပဲသိတာ။ အသေးစိတ် တော့ တောင်းမကြည့်တဲ့အတွက် မသိပါဘူး’’ဟု ၎င်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရသည် e-Government အသုံး စရိတ်ကို ၂၀၁၇ အတွက် ကျပ် သန်းတစ်ထောင် ဆက်လက်အ သုံးပြုရန် တောင်းခံခဲ့သော်လည်း လွှတ်တော်က ကန့်ကွက်ခဲ့သည်။
  • Thu 30 Mar 2017 - 20:53
    မတ်လ ၃၁ ရက် နောက်ဆုံးထား၍ မှတ်ပုံတင်ခြင်းမရှိသောဆင်းမ်ကတ်များကို ယာယီလိုင်းပိတ်သိမ်းမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားထားသဖြင့် မှတ်ပုံတင်ရန်နောက်ဆုံးအချိန်သည်  ယနေ့ (မတ်လ ၃၁ ရက်)ဖြစ်သည်။ သို့ဖြစ်၍ အော်ပရေတာတစ်ခုချင်းအလိုက် ကိုယ်တိုင်မှတ်ပုံတင်နိုင်မည့် နည်းလမ်းများကို ဖော်ပြလိုက်ပါသည်။
  • Tue 28 Mar 2017 - 00:43
     ဆယ်လ်ဖီရိုက်ကူးရန် ၁၂၀ ဒီဂရီ Wide Angle ပါဝင်သည့် OPPO F3 Plus ကို ဧပြီ ၁ ရက်တွင်  ၅၉၉,၀၀၀ ကျပ်ဖြင့် စတင်ရောင်း ချမည်ဟု ကြေညာသည်။ OPPO သည် F3 Plus ကို ၂၀၁၇ အတွက် ပထမဆုံးမိတ် ဆက်ခြင်းဖြစ်ပြီး မေလတွင် F3 မော်ဒယ်ကို ဆက်လက်မိတ်ဆက် မည်ဟု ထုတ်ပြန်ထားသည်။ F3 Plus ကို မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံတို့၌ တစ်ပြိုင်တည်း ရောင်းချမည်ဖြစ်ပြီး ကြို တင်မှာယူမှုကို မတ်လ ၂၃ ရက်က စတင်လက်ခံခဲ့သည်။
  • Tue 28 Mar 2017 - 00:41
     သွေးလှူရှင်များ မိမိတို့ နှင့်နီးစပ်ရာတွင် လွယ်ကူစွာသွေး လှူဒါန်းနိုင်ရန် ဝက်ဘ်ဆိုက်ကို အမျိုးသားသွေးဌာနက မတ်လ ၂၄ ရက်၌ စတင်လွှင့်တင်ခဲ့သည်။  ဝက်ဘ်ဆိုက်အမည်သည် www.donatebloodmyanmar. org ဖြစ်ပြီး လူမှုကွန်ရက်စာမျက် နှာ(ဖေ့စ်ဘွတ်ခ်)မှာမူ National Blood Center (အမျိုးသားသွေး ဌာန)ဟူ၍ဖြစ်သည်။ သွေးလှူရှင် များ သွေးလှူဒါန်းရာတွင် စောင့် ဆိုင်းရသော အချိန်လျော့နည်းစေ ရန်နှင့် လွယ်ကူစေရန် ရည်ရွယ် ဖွင့်လှစ်ကြောင်း အမျိုးသားသွေး ဌာန(ရန်ကုန်)မှ တာဝန်ခံ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင်က ပြောသည်။ ‘‘အဓိက သွေးလှူတဲ့သူတွေ လွယ်လွယ်ကူကူနဲ့ လှူလို့ရ အောင်ပါ။ ဝက်ဘ်ဆိုက်ထဲ ဝင် ကြည့်လို့ ကိုယ် အဲဒီနားမှာ နီးရင် သွေးလှူရတာ လွယ်ကူသွားပြီ။ အဲဒီမှာ ဘယ်နေ့ကို လာလှူချင် ပါတယ်ဆိုပြီး စာရင်းသွင်းလိုက်ရုံ ပဲ။ ဝက်ဘ်ဆိုက်မှာ သွေးလှူဒါန်း ပွဲတွေကိုလည်း တင်ထားပေးလို့ နီးစပ်ရာပွဲတွေမှာ လှူချင်လည်း ရတယ်။ သိချင်တဲ့ သတင်းအ ချက်အလက်တွေကိုလည်း မက် ဆေ့ခ်ျချန်မေးလို့ရပြီး ကျွန်မတို့ဆီ က ပြန်ဖြေကြားပေးမှာ ဖြစ်ပါ တယ်’’ဟု ၎င်းက ပြောသည်။
  • Fri 24 Mar 2017 - 22:29
     မြန်မာနိုင်ငံအခြေစိုက် My Play မိုဘိုင်းဂိမ်းကုမ္ပဏီတွင် သြစတြေးလျနိုင်ငံ အခြေစိုက် iSentric ကုမ္ပဏီက ငွေကြေးရင်း နှီးမြှုပ်နှံခဲ့ကြောင်း My Playကုမ္ပဏီ မန်နေဂျာကိုစိုင်းပြည့်ဖြိုး ဟန်က ပြောသည်။ ‘‘ငွေကြေးဘယ်လောက်ရင်း နှီးမြှုပ်နှံတာလဲဆိုတာတော့ ကျွန်တော်တို့မပြောလိုဘူး။ သဘောတူညီထားတာတွေတော့ ရှိတယ်။ဒါပေမဲ့ တစ်လုံးတည်းရမှာလား၊အချိန်ကာလအလိုက် ရမှာလား ဆိုတာတွေတော့ မသိရသေးဘူး’’ ဟု ၎င်းက ပြောသည်။ My Play ကုမ္ပဏီသည် မြန်မာနိုင်ငံ၌  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပထမဆုံးရရှိသည့် ဂိမ်းကုမ္ပဏီ ဖြစ်ပြီး  လက်ရှိတွင်  ပြည်တွင်း ထုတ်ကုန်မိုဘိုင်းဂိမ်းများနှင့် အွန် လိုင်းဂိမ်းများကို ကမ္ဘာ့နိုင်ငံအနှံ့ သို့ ဖြန့်ချိထားသည်။
  • Fri 24 Mar 2017 - 22:28
     ကိုင်ဆောင်ထားသည့် စီဒီအမ်အေနံပါတ်နှင့် အနီးစပ် ဆုံးတူညီသည့် ဂျီအက်စ်အမ် နံပါတ်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မတ်လ ၂၀ ရက်တွင် စတင်ထုတ်ပေးခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြန်မာ့ဆက်သွယ်ရေး ရုံးတည်ရှိရာနေရာများ၌ ကိုင် ဆောင်ထားသည့် စီဒီအမ်အေ နံပါတ်နှင့် အနီးစပ်ဆုံးတူညီသည့် ဂျီအက်စ်အမ် နံပါတ်များထုတ် ပေးနေပြီး ဆင်းမ်ကတ်တန်ဖိုး ကျပ် ၁,၅၀၀ ပေးသွင်းရန်မလိုအပ်ကြောင်း စုံစမ်းသိရသည်။ ‘‘စီဒီအမ်အေနံပါတ်တွေကို ဂျီအက်စ်အမ်နံပါတ်နဲ့ လဲပေးတာ မဟုတ်ဘူးနော်။ ကိုင်ထားတဲ့ စီဒီ အမ်အေနံပါတ်နဲ့ အနီးစပ်ဆုံးတူ ညီတဲ့ ဂျီအက်စ်အမ်နံပါတ်အသစ် တစ်ခုကို ထပ်ပေးတာ။ လျှောက် ထားချင်တယ်ဆိုရင် မူရင်းစီဒီ အမ်အေကတ်ပါရမယ်။ ဂျီအက်စ် အမ်ကတ်အသစ်ကို မှတ်ပုံတင်ဖို့ အတွက် မှတ်ပုံတင်မိတ္တူပါရမယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြန်ကြားရေးတာဝန်ခံက ပြော ကြားသည်။
  • Thu 23 Mar 2017 - 19:06
    ၂ နှစ်ကျော်အတွင်း မူးယစ်ဆေးနှင့် ပြစ်မှုကြီးများနှင့် ပတ်သက်သည့် မိုဘိုင်းဖုန်း ၂၆ ခု၏ ခေါ်ဆိုထားမှု မှတ်တမ်းများ ကို အစိုးရထံထုတ်ပြန်ပေးခဲ့ရ ကြောင်း အူရီးဒူးမြန်မာမှ Mr.Christopher Peirce က ပြောသည်။  ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှတစ်ဆင့် အော်ပရေတာက ထုတ်ပေးရန် တောင်းဆိုမှု စုစုပေါင်း၄၆ ခုရှိသော်လည်း အူရီးဒူးက ၂၆ ခုသာထုတ်ပေးခဲ့ကြောင်း သိရသည်။ ‘‘ကြီးလေးတဲ့ ပြစ်မှုတွေဖြစ် တဲ့ လူသတ်မှုနဲ့ မူးယစ်ဆေးဝါး လို အမှုတွေစုံစမ်းစစ်ဆေးရာမှာ ဖုန်းခေါ်ဆိုထားတဲ့စာရင်း Call Log ကို ထုတ်ပြန်ပေးခဲ့တာပါ’’ ဟု Mr.Christopher Peirce က ပြောသည်။
  • Wed 22 Mar 2017 - 21:45
    ကွန်ရက်ဆက်သွယ်မှု၊ နည်းပညာလုံခြုံရေးနှင့် ဆက် သွယ်ရေးဆိုင်ရာများ ဆွေးနွေး မည့် NetCon 2017 အမည်ရှိNetwork Conference တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူ တာပညာရှင်အသင်းက ကျင်းပ ရန်ရှိကြောင်း သတင်းရရှိသည်။ အဆိုပါဆွေးနွေးပွဲကို မတ်လ ၂၆ ရက်မှ ၂၇ ရက်အထိ ရန် ကုန်တက္ကသိုလ် လှိုင်နယ်မြေရှိ Info Tech တွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက်လိုသူများ netcon-myanmar.com ၌ ဝင်ရောက် စာ ရင်းပေးသွင်းနိုင်သည်။ NetCon 2017 ၌ ပညာရှင် ၃၀ ဦးက ခေါင်းစဉ် ၄၀ ဖြင့် ဦးဆောင်ဆွေးနွေး မည်ဟု တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်းက ကြေညာ သည်။
  • Tue 21 Mar 2017 - 19:03
     မိုဘိုင်းအက်ပလီကေး ရှင်းအသုံးပြု၍ တက္ကစီငှားရမ်းမှု လုပ်ဆောင်နိုင်မည့် ၀န်ဆောင်မှု ကို မလေးရှားနိုင်ငံအခြေစိုက် Garb ကုမ္ပဏီက ရန်ကုန်မြို့တွင်လာရောက်လုပ်ကိုင်ရန် စမ်းသပ်နေသည်။ ဧပြီ တစ်လလုံး မိုဘိုင်းအက် ပလီကေးရှင်းဖြင့် တက္ကစီငှားရမ်း ခြင်းဝန်ဆောင်မှုကို ရန်ကုန်မြို့၌ စမ်းသပ်မည်ဖြစ်ပြီး အငှားယာဉ် မောင်းများနှင့် တက္ကစီ ငှားရမ်းစီး နင်းသူများအဆင်ပြေစေရန် ဆက် လက်ဆောင်ရွက်မည်ဟု Garb မြန်မာကုမ္ပဏီက သတင်းထုတ် ပြန်သည်။
  • Mon 20 Mar 2017 - 23:28
     နှစ်စဉ်ဧပြီ ၁ ရက်တွင် ကျင်းပသည့် Arduino Dayကို ရန်ကုန်မြို့၌ သုံးကြိမ်မြောက်အဖြစ် ကျင်းပမည်ဟု ပွဲစီစဉ်သူ ကိုကိုရဲကပြောသည်။ Arduino ဆိုသည်မှာ Arduino Chip ကို အသုံးပြု၍ ဒရုန်းနှင့်စက်ရုပ်ငယ်များအပါအ၀င် စိတ်ကူးဉာဏ်များကို မျိုးစုံအကောင်အထည်ဖော်နိုင်သော နည်းပညာတစ်ခုဖြစ်သည်။ Arduino Chip ကို အခြေခံ ၍ စိတ်ကူးအသစ်များကို အကောင်အထည်ဖော်ထားသည့် ထုတ်ကုန်များကိုပြသခြင်း၊ Arduino နှင့် ပတ်သက်၍ အတွေ့ အကြုံနှင့် ဗဟုသုတများကို ပြန် လည်မျှဝေခြင်းစသည်တို့ကို Arduino Day ၌ လုပ်ဆောင်မည်ဖြစ်သည်။
  • Sun 19 Mar 2017 - 23:10
     မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) သည် ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် 4G ဟန်းဆက် များကို ဈေးကွက်အတွင်း ဖြန့်ချိ ထားကြောင်း မတ်လ ၁၇ ရက်က ကြေညာခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးသည် 4G ကွန်ရက်ကို ရန်ကုန်မြို့၌ တည်နေရာအကန့်အသတ်ဖြင့် မိတ်ဆက်ထားသော်လည်း ကိုယ် ပိုင်အမည်ဖြင့် ဟန်းဆက်များကို ဈေးကွက်အတွင်းသို့ ကြိုတင်ဖြန့် ချိခဲ့သည်။
  • Sat 18 Mar 2017 - 22:49
    ဧပြီ ၁ ရက်ကစ၍ ၀န် ကြီးဌာနအားလုံးတွင် ကွန်ပျူတာ မြန်မာစာစနစ်ကို ယူနီကုတ်တစ်ခု တည်းကိုသာ အသုံးပြုရမည်ဟု နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြား ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ ‘‘ဒါက အသစ်မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ၀န်ကြီးဌာ နတွေမှာ Myanmar 2 ဖောင့်(ယူ နီကုတ်)ဖောင့်ကိုသုံးနေတာ’’ ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ဖေဖော်ဝါရီ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည့် နိုင်ငံတော်သမ္မ တရုံး၏ ညွှန်ကြားချက်၌ ဧပြီ ၁ ရက်မှစတင်၍ ၀န်ကြီးဌာနများ၏ ရုံးသုံးကွန်ပျူတာစနစ်တွင် ယူနီ ကုတ်ဖောင့်များကိုသာ အသုံးပြုရမည်ဟု ပါရှိသည်။
  • Thu 16 Mar 2017 - 22:41
    မှတ်ပုံတင်ထားခြင်းမရှိ သည့် ဆင်းမ်ကတ်များကို လိုင်း ပိတ်သိမ်းရန် ရက်ပိုင်းသာ လိုတော့သည့်အချိန်တွင် ဆက်သွယ်ရေး အော်ပရေတာများသည် မိုဘိုင်းဖုန်းအသုံးပြုသူများကို မှတ်ပုံတင်ကြရန် အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။  မိုဘိုင်းဆင်းမ်ကတ်များကို မတ်လ ၃၁ ရက် နောက်ဆုံးထား ၍ မှတ်ပုံတင်ကြရန် ဆက်သွယ်  ရေးညွှန်ကြားမှုဦးစီးဌာနက ကြေ ညာချက်ထုတ်ပြန်ထားသော ကြောင့် ဆက်သွယ်ရေးအော်ပရေ တာများသည် မိုဘိုင်းဖုန်းအသုံးပြု သူများကို နည်းလမ်းမျိုးစုံဖြင့် မှတ် ပုံတင်ကြရန် တိုက်တွန်းခဲ့သည်။
  • Thu 16 Mar 2017 - 12:31
    တစ်ချိန်တုန်းကတော့ လက်ပတ်နာရီတွေကို အချိန်ကို သတ် မှတ်ဖော်ပြပေးတဲ့ ကိရိယာအနေ နဲ့အပြင် အဆောင်အယောင် တစ်ခုအနေနဲ့ပါ ဝတ်ဆင်ခဲ့ကြ တယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ တော့ နည်းပညာနယ်ပယ်ဘက်ကို ပိုယိမ်းတဲ့ စမတ်လက်ပတ် နာရီတွေ အသုံးတွင်ကျယ်လာ ပါတယ်။ ဒါပေမဲ့ စမတ်လက် ပတ်နာရီတွေရဲ့ အဓိက ရည် ရွယ်ချက်ကိုက နိစ္စဓူဝလူနေမှု ဘဝကို အထောက်အပံ့ပေးဖို့အ တွက်ပဲ ပစ်မှတ်ထားတာကြောင့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဒီဇိုင်းတွေနဲ့ ထုတ်လုပ်လေ့ရှိပါ တယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝ သူတွေရဲ့ တောင်းဆိုမှုကြောင့်တန်ဖိုးကြီး စမတ်လက်ပတ်နာရီ တွေ သီးသန့်ထုတ်လုပ်တဲ့ ဈေး ကွက်တစ်ခုလည်း ရှိနေပြန်တယ်။ အခုဆောင်းပါးမှာတော့ စတိုင် လည်းကျ၊ တန်ဖိုးလည်းကြီးပြီး စမတ်နည်းပညာ အထောက်အပံ့ ပါဝင်တဲ့ လက်ပတ်နာရီငါးမျိုးကို စုစည်း ဖော်ပြလိုက်ပါတယ်။

Pages

Subscribe to Technology