Technology

  • Sat 27 Sep 2014 - 20:08
    လေးခုမြောက် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်မည့် ရတနာပုံတယ်လီပို့သည် ၎င်းတို့၏ ဆင်းမ်ကတ်များ ရောင်းချရာ၌ ဆင်းမ်ကတ်တစ်ခုဝယ်ယူသူတိုင်း အစုရှယ်ယာတစ်ခုရရှိနိုင်သော ပုံစံမျိုးဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
  • Sat 27 Sep 2014 - 20:06
    ပြည်ပဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် အူရီးဒူးသည် အင်တာနက်အသုံးပြုလိုသူများအတွက် Router နှင့် တွဲဖက်အသုံးပြုနိုင်သော အင်တာနက်သီးသန့် အသုံးပြုနိုင်သည့် ဆင်းမ်ကတ်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Fri 26 Sep 2014 - 22:50
    တယ်လီနောမြန်မာအနေဖြင့် ဒေါ်လာငါးဆယ် အောက် တန်ဖိုးနည်းဟန်းဆက်နှစ်မျိုးကို ၎င်းတို့၏ ဆင်းမ်ကတ် များနှင့် တွဲဖက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ တယ်လီနောမှ ရောင်းချပေးမည့် ဟန်းဆက်များမှာ 2 G ကွန်ရက် အသုံးပြုနိုင်သည့် Keypad ဟန်းဆက်ကို ကျပ် ၁၉,၉၀၀ နှင့် 3G ကွန်ရက်ကို အသုံးပြုနိုင်သည့် Touch Screenစမတ်ဖုန်းကို ကျပ် ၄၉,၉၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ ဟန်းဆက်နှစ်မျိုးတွင် 2G ကွန်ရက်သုံး Keypad ကို ၀ယ် ယူမည်ဆိုပါက မိနစ်တစ်ရာအခမဲ့ဖုန်းပြောဆိုခွင့်၊ SMS တစ်လအခမဲ့ပေးပို့ခွင့်နှင့် အင်တာနက် 100 MB အခမဲ့အသုံးပြုခွင့် တို့ကိုရရှိနိုင်မည်ဖြစ်သည်။
  • Thu 25 Sep 2014 - 23:08
    ဖွံ့ဖြိုးမှုနည်းသော ကျေးလက်ဒေသများရှိ အခြေခံ ပညာကျောင်းများတွင် သင်ခန်းစာများကို အွန်လိုင်းမှ တစ်ဆင့်လေ့လာနိုင်မည့် E-Learning System များတပ်ဆင်ပေးရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိ သည်။ ‘‘ဘယ်ကျောင်းတွေမှာ လုပ်ပေးသွားမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ ဖွံ့ဖြိုးမှုနည်းတဲ့ နယ်မြို့လေးတွေနဲ့ ကျေးလက်ဒေသတွေက အခြေခံပညာကျောင်းတွေမှာ အဓိက ထားပြီး တပ်ဆင်ပေးထားဖို့ စီစဉ်နေပါတယ်’’ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းသတင်းအချက်အလက်နည်းပညာဌာနမှ ဒုအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးကပြောသည်။
  • Wed 24 Sep 2014 - 20:33
    မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံကြားတွင်ချိတ်ဆက်ထားသော SMW-3ပင်လယ်ရေအောက်ကေဘယ်ဆက်ကြောင်း တစ်လကျော်ပြတ်တောက်နေခဲ့ရာမှ စက်တင်ဘာ၂၃ ရက်တွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ ‘‘ပြတ်နေတဲ့ဆက်ကြောင်း အားလုံးပြန်ကောင်းသွားပြီဖြစ်တဲ့အတွက် လက်ရှိမှာအားလုံးကို ပုံမှန်ပြန်ပြီးအသုံးပြုနိုင်ပါပြီ’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပြည်ပဆက်သွယ်ရေးစခန်းမှ လက်ထောက်အင်ဂျင်နီယာဦးဇော်ဌေးကပြောသည်။
  • Mon 22 Sep 2014 - 21:47
    ဂျပန်ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် KDDI သည် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်း၍ အွန်လိုင်းမှတစ်ဆင့် ငွေပေးချေနိုင်သော Prepaid e-money ကတ်နှင့် Mobile Money ၀န်ဆောင်မှုများ ပေးနိုင်ရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။ ‘‘e-money ကတ်တွေကို  ကျွန်တော်တို့ရဲ့ မိုဘိုင်းကွန် ရက်ရှိတဲ့ နိုင်ငံတွေမှာ စပြီး သုံးနေပါပြီ။ မြန်မာနိုင်ငံမှာလည်း အဲဒီဝန်ဆောင်မှုတွေ မကြာခင်မှာ သုံးနိုင်ဖို့ လုပ်သွားပါမယ်’’ ဟု KDDI မှ ဈေးကွက်ဆိုင်ရာ အကြီးတန်းအရာရှိ Koichi Kawase က ပြောသည်။
  • Sun 21 Sep 2014 - 22:48
    အမေရိကန်အခြေစိုက်ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Apple၏ စမတ်ဖုန်းထုတ်ကုန်အသစ်နှစ်ခုဖြစ်သော iPhone 6 နှင့် iPhone 6 Plus တို့ ကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့တွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ကျွန်တော်တို့ဆီမှာတော့ မနေ့က ပစ္စည်းရောက်တယ်။ဒီနေ့စရောင်းပေးသွားဖို့ ရှိပါတယ်။ အလုံးကတော့ နည်းနည်းပဲရှိပါသေးတယ်။ ဟိုဘက်မှာ ဈေးနှုန်းမတည်ငြိမ်သေးတဲ့အတွက် လိုသလောက်မရသေးတာကြောင့်ပါ’’ဟု Smart Touch မိုဘိုင်းဖုန်းအရောင်းဆိုင်ပိုင်ရှင်ကိုမောင်မောင်က ပြောသည်။
  • Sun 21 Sep 2014 - 12:12
    မိုဘိုင်းကွန်ရက်အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဆင်းမ်ကတ်ဝယ်ယူလျှင် အင်တာနက်ကိုပါ တစ်ပါတည်း အသုံးပြုနိုင်မည့် ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
  • Sun 21 Sep 2014 - 12:08
    ကွန်ပျူတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းတို့ကို ဖွဲ့စည်းသွားမည်ဟု သတင်းရရှိသည်။
  • Sat 20 Sep 2014 - 22:57
    မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၎င်းတို့၏ ဆင်းမ်ကတ်  နှစ်သိန်းကို ယခုလအတွင်း တတိယအကြိမ်ခွဲတမ်းအဖြစ် စက်တင် ဘာ ၂၀ ရက်တွင် စတင်၍ ရောင်းချပေးခဲ့ပြီး  လာမည့်ဆယ်ရက် အတွင်း ဆင်းမ်ကတ်လေးသိန်း ထပ်မံချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ဒီနေ့ပဲ နှစ်သိန်းထပ်ချပေးလိုက်တဲ့အတွက် ဒီလထဲမှာ ကျွန် တော်တို့ချပေးတာ  တစ်သန်း ကျော်သွားပြီ။ ဒီလထဲမှာပဲ ဆင်းမ်ကတ်လေးသိန်း ထပ်ချပေးသွားဖို့ လျာထားပါတယ်’’ဟု  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးဌာနမှ ဒါရိုက်တာ ဦးစောထူးသာ ကပြောသည်။
  • Sat 20 Sep 2014 - 20:39
    မိုဘိုင်းဖုန်းမှတစ်ဆင့်ငွေလွှဲပြောင်းခြင်းနှင့် ကုန်ပစ္စည်းများ အရစ်ကျစနစ်ဖြင့် ၀ယ်ယူခြင်းတို့ ပြုလုပ်နိုင်မည့်မိုဘိုင်းဘဏ်စနစ်ဝန်ဆောင်မှုကို အောက်တိုဘာလအတွင်းစတင်ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ သတင်းရရှိသည်။ ‘‘ကျွန်တော်တို့ရဲ့ မိုဘိုင်းဘဏ်စနစ်(Mobile App)ထဲကနေ ငွေလွှဲမယ်ဆိုရင် အင်တာနက်ဖွင့်ပြီးတော့ ပြုလုပ်နိုင်သလို၊ Offlineအနေနဲ့ SMSပေးပို့ပြီးတော့လည်း ပြုလုပ်နိုင်ပြီး ဘဏ် ရဲ့ ၀န်ဆောင်မှုတွေနဲ့ အတိုးနှုန်းတွက်ချက်တာတွေကိုလည်း Appထဲကနေ တွက်ချက်နိုင်တဲ့ စနစ်ကိုထည့်ပေးထားပါတယ်’’ ဟု ဧရာဝတီဘဏ် E-Channel ဌာနမှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုမျိုးခင်ရီကပြောသည်။
  • Wed 17 Sep 2014 - 21:35
    ကမ္ဘာ့အဖွဲ့ဝင်ဖြစ်သောအပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC က မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေးဈေးကွက်သို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးအော်ပရေတာများ တွေ့ဆုံဆွေးနွေးခဲ့သည့် Myanmar Connetဆွေးနွေးပွဲမှ သိရသည်။ ‘‘ကျွန်တော်တို့အနေနဲ့ မိုဘိုင်းအော်ပရေတာတွေရဲ့ ဆောင်ရွက်မှုကို လေ့လာစောင့်ကြည့်မှုတွေ လုပ်နေပါတယ်။ ကိုယ်တိုင်ပဲ ရင်းနှီးမြှုပ်နှံမလား၊ အဖွဲ့အစည်းတစ်ခုခုနဲ့ လက်တွဲပြီးတော့ပဲ လုပ်မလားဆိုတာကိုတော့ အတိအကျမပြောနိုင်သေးပါဘူး’’ဟု IFC အာရှဒေသဆိုင်ရာအကြီးအကဲတစ်ဦးဖြစ်သူ Carlos Katsuya က ပြောသည်။
  • Sun 14 Sep 2014 - 21:03
    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်နှစ်သိန်း ကို စက်တင်ဘာ ၁၃ ရက်တွင် ဒုတိယအသုတ်အနေဖြင့် ချထားပေးခဲ့ရာ နှစ်ရက်အတွင်း ကုန်သွားကြောင်း ဈေးကွက်အတွင်းရှိ အရောင်းကိုယ်စားလှယ်ဆိုင်များထံမှ သတင်းရရှိသည်။ ‘‘ကျွန်မတို့ဆိုင်မှာ ခွဲတမ်းကတ်ရှစ်ရာရတယ်။ နှစ်ရက်ပဲ ရောင်းလိုက်ရတယ် ကုန်သွားပြီ။  နောက်ထပ်ချပေးမယ့် ခွဲတမ်းကိုတော့ ဘယ်နေ့ချပေးမလဲဆိုတာ မသိရသေးဘူး’’ဟု Jountion Square ရှိ Elite Tech အရောင်းဆိုင်မှ တာဝန်ခံတစ်ဦးက ပြောသည်။
  • Sun 14 Sep 2014 - 16:07
    နိုင်ငံတကာ ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Microsoft မှ လုံခြုံရေးဆိုင်ရာ အကြီးတန်းအရာရှိ Pierre Noel သည် မြန်မာနိုင်ငံ၌ ဆိုက်ဘာလုံခြုံရေး (National Cyber Security)ကို အကောင်အထည်ဖော်နိုင်ရန် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ယခုလအတွင်း လာရောက်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 13 Sep 2014 - 21:01
    ဆက်သွယ်ရေးအော်ပရေတာအချင်းချင်း အပြန်အ လှန်ဖုန်းခေါ်ဆိုရာတွင် တစ်မိနစ်ခေါ်ဆိုခနှုန်းထားများ သက်သာစေရန်ညှိနှိုင်းမှုများ ပြုလုပ်ပြီး ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနသို့ တင်ပြထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။ ‘‘အော်ပရေတာ အချင်းချင်းအပြန်အလှန် ဖုန်းခေါ်ဆိုတဲ့အခါမှာ တစ်မိနစ်ခေါ်ဆိုခနှုန်းထားတွေကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင်လို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ အတည်ပြုချက်ရဖို့ တင်ပြထားပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာဒေါ်စန်းစန်းလွင်က ပြောသည်။
  • Fri 12 Sep 2014 - 23:18
     Viber မိုဘိုင်းအက်ပလီကေးရှင်းတွင် Video Call ခေါ်ဆိုမှုကို အသစ်ထုတ်လုပ်လိုက်သည့် Viber ဗားရှင်း 5.0 တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘အခုဆိုရင် Viber ကိုသုံးပြီး ဗီဒီယိုခေါ်ဆိုမှုကို သင့်ရဲ့မိုဘိုင်းဖုန်းမှာသာမကဘဲ PC နဲ့ Mac ပေါ်မှာပါ တစ်ပြိုင်တည်းသုံးနိုင်ပြီဖြစ်တာကြောင့် သုံးစွဲသူတွေအတွက် အဆင်ပြေဆုံးဖြစ်စေမှာပါ’’ဟု Viber ၏ CEO ဖြစ်သူ Talmon Marco က ပြောကြားခဲ့သည်။
  • Thu 11 Sep 2014 - 21:46
    မိုဘိုင်းဖုန်းအသုံးပြုသူများအနေဖြင့် ဖုန်းတစ်ခါလာတိုင်းပိုက်ဆံငါးကျပ်ရရှိမည့် (Cash For Call)မိုဘိုင်းကြော်ငြာဝန်ဆောင်မှုကို ပြည်တွင်း၌ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း VMG Telecomesကုမ္ပဏီမှ သတင်းရရှိသည်။ အဆိုပါဝန်ဆောင်မှုကို အသုံးပြုမည်ဆိုပါက ဖုန်းဝင်လာ လျှင် ဖုန်း Ringtone နေရာတွင် လုပ်ငန်းရှင်များ၏ ကုမ္ပဏီအမှတ်တံဆိပ်နှင့်ကြော်ငြာများလာနေမည်ဖြစ်ပြီး ကြော်ငြာများကို ဆယ်စက္ကန့်မှ စက္ကန့်သုံးဆယ်အတွင်း ကြည့်ရှု၍ ဖုန်းကိုင်လိုက်ပါက ငွေငါးကျပ်ရရှိမည်ဖြစ်သည်။
  • Wed 10 Sep 2014 - 21:54
    ပြည်တွင်း SME လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲကို နည်းပညာဖြင့် အကူအညီပေးရန် ပြုလုပ်သည့်(Hackathon) အက်ပလီကေးရှင်း ပြိုင်ပွဲတွင် အစားအသောက်များ ပေးပို့ဝန်ဆောင်မှုဆိုင်ရာ အက်ပလီးကေးရှင်းရေးဆွဲသော ACE အဖွဲ့မှ ပထမဆုရရှိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ပြိုင်ပွဲကို SME လုပ်ငန်းများအတွက် နည်းပညာဖြင့် အထောက်အကူပြုစေရန် Code For Change Myanmar နှင့် အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (USAID) တို့ ပူးပေါင်း၍ စီစဉ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
  • Wed 10 Sep 2014 - 16:17
    ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၏ ၉၉ ရာခိုင်နှုန်းကို လိုင်စင်မလိုဘဲ တင်သွင်းခွင့်ရရှိနိုင်ရန် တင်ပြခဲ့သော်လည်း ၀န်ကြီးဌာနမှ အမှန်တကယ်ခွင့်ပြုပေးရာတွင် ပစ္စည်းသုံးမျိုးခန့်သာ ပါသည့်အတွက် ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ သတင်းရရှိသည်။
  • Wed 10 Sep 2014 - 16:06
    ICT Park အသစ်တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အတွင်း၌ အကောင်အထည်ဖော်ရန် လျာထားပြီး နိုင်ငံတော်သမ္မတထံမှ အတည်ပြုချက်ရရှိနိုင်ရန် စက်တင်ဘာလအတွင်း တင်ပြသွားမည်ဟု သတင်းရရှိသည်။

Pages

Subscribe to Technology