Technology

  • Thu 16 Oct 2014 - 16:32
    ရှေးဦးသူနာပြုစုခြင်းနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းပေါ်တွင် လေ့လာနိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထုတ်လုပ်လိုက်သည့် First Aid Mobile App ကို အခမဲ့Download ပြုလုပ်နိုင်ကြောင်း သတင်းရရှိသည်။
  • Thu 16 Oct 2014 - 16:30
    ရန်ကုန်နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ်အားလုံးမှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ အား ရွေးချယ်ကာ မိုဘိုင်း Application ရေးသားနည်းများ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း Samsung မြန်မာရုံးခွဲမှ သတင်းရရှိသည်။
  • Thu 16 Oct 2014 - 16:28
    မြန်မာနိုင်ငံ၌ စီမံကိန်းများပြုလုပ်မည်ဆိုပါက နိုင်ငံအတွင်းရှိ ကဏ္ဍစုံမှ အချက်အလက်များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် လေ့လာကြည့်ရှုနိုင်ရန် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် Data Center တစ်ခု တည်ဆောက်သွားရန်စီစဉ်နေကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ သတင်းရရှိသည်။
  • Thu 16 Oct 2014 - 14:03
    Google အနေဖြင့် ၎င်းတို့၏ လူသုံးများသော မိုဘိုင်း OS ဖြစ်သည့် Andriod အတွက် Version 5.0 ကို ဖြန့်ဝေသွားရန် အသင့်ရှိနေပြီဟု သိရသည်။
  • Wed 15 Oct 2014 - 23:11
    ရန်ကုန်မြို့တွင် တယ်လီနောဆင်းမ်ကတ်များ ယခုလနောက်ဆုံးပတ်အတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းတယ်လီနောမြန်မာကုမ္ပဏီမှ သတင်းရရှိသည်။ ‘‘Network ပိုကောင်းအောင်လုပ်ပြီး သုံးစွဲသူလက်ထဲထည့်ပေးချင်တယ်။ ဒါကြောင့် အချိန်ယူဆောင်ရွက်နေလို့ နောက်ကျနေတာပါ။ ဒီ ၁၅ ရက်ကစပြီး အစောဆုံး ဆယ်ရက်၊အနောက်ကျဆုံး ဆယ့်ငါးရက်အတွင်း ရောင်းချပေးမယ်’’ဟုတယ်လီနောမြန်မာကုမ္ပဏီ CEO  Petter Fuberg က ပြောသည်။ ရန်ကုန်တွင်တယ်လီနောဆင်းမ်ကတ်တစ်သန်းကို အရောင်းဆိုင် ၆,၀၀၀ ၌ ရောင်းချသွားမည်ဖြစ်သည်။ ထို့အပြင် ရန်ကုန် မြို့ရှိ မြို့နယ်ပေါင်း ၄၄ မြို့နယ်လုံး သုံးစွဲနိုင်မည်ဟု Petter Fuberg က ဆိုသည်။
  • Mon 13 Oct 2014 - 21:51
    ကရင်ပြည်နယ်တွင် ကွန်ပျူတာဖွံ့ဖြိုးရေးဆောင်ရွက် နိုင်ရန် ပြည်နယ်ကွန်ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းအဖွဲ့များဖွဲ့စည်းရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ  ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှသတင်းရရှိသည်။ ‘‘ပြီးခဲ့တဲ့လကပဲ ကရင်ပြည်နယ်ကအဖွဲ့တွေနဲ့သွားပြီးဆွေး နွေးခဲ့၊ အသင်းတွေဖွဲ့စည်းနိုင်ဖို့အတွက်လုပ်ရမယ့်လုပ်ငန်းစဉ် တွေကိုပြောပြခဲ့တယ်။ အဲဒါတွေကို ဆောင်ရွက်ဖို့အတွက် သူတို့ လည်းထပ်ပြီးဆွေးနွေးနေပါတယ်’’ဟု မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းအတွင်းရေးမှူးဦးမျိုးမြင့်ထွန်းကပြောသည်။
  • Sat 11 Oct 2014 - 23:01
    နော်ဝေးနိုင်ငံတွင် ကျင်းပမည့် (Digital Winner Conference) App တီထွင်မှုပြိုင်ပွဲတွင် Bagan Keyboard Mobile App ကို မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။ တယ်လီနောက ကျင်းပပေး သည့် အဆိုပါပြိုင်ပွဲတွင် BaganKeyboard သည် မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ App များနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဆုရရှိသူ သည် မြန်မာငွေ ကျပ်သိန်းတစ်ရာ့ငါးဆယ် ရရှိမည်ဖြစ်သည်။ ‘‘မြန်မာနိုင်ငံ ကိုယ်စားပြုပြီး နော်ဝေးမှာ သွားပြိုင်ဖို့ ရွေးချယ်ခံရတဲ့အတွက် Bagan Keyboard ကို အင်အားကြီးမားတဲ့ ပရိသတ်တွေရှေ့မှာ ချပြပြီးတော့ အာရှ၊ ဥရောပက တခြားစီးပွားရေး လုပ်ငန်းရှင်တွေကို တွေ့ဖို့ စောင့်မျှော် နေပါတယ်’’ ဟု BaganInnovation Technology မှ တာဝန်ရှိသူ ကိုစိုးခိုင်ဝင်းကပြောသည်။
  • Fri 10 Oct 2014 - 22:19
    တယ်လီနောဆင်းမ်ကတ်များ ရန်ကုန်တွင် ရောင်းချမည့်ရက် အတိအကျသတ်မှတ်ရခြင်းမရှိသေးဘဲ မူလက ခန့်မှန်းထားသည့်ရက်ထက် အနည်းငယ်နောက်ကျနိုင်ကြောင်း တယ်လီနောမြန်မာမှ သတင်းရရှိသည်။ ‘‘အခုအချိန်ထိ ရက်အတိအကျသတ်မှတ်ထားခြင်းမရှိသေးပါဘူး။ မိုဘိုင်းကွန်ရက်ကို နောက်ဆုံးအဆင့်အနေနဲ့ စမ်းသပ်နေပါ တယ်’’ဟု တယ်လီနောမြန်မာ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။ တယ်လီနောအနေဖြင့် ၎င်းတို့၏ ဆင်းမ်ကတ်များကို စက် တင်ဘာ ၂၇ ရက်နေ့ မန္တလေး၌ရောင်းချပြီး နှစ်ပတ်ခန့်အကြာ တွင် ရန်ကုန်၌ ရောင်းချပေးသွားမည်ဟု အမှုဆောင်အရာရှိချုပ် Petter Furberg ကဈေးကွက် စတင်မိတ်ဆက်သည့်နေ့၌ ပြော ကြားခဲ့သည်။
  • Thu 09 Oct 2014 - 23:14
    ခရီးသွားဆိုင်ရာအချက်အလက်များကို မိုဘိုင်းဖုန်းပေါ်မှ တစ်ဆင့်တိုက်ရိုက်ကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့်သတင်းထုတ်ပြန်ခဲ့သည်။ ခရီးသွားဆိုင်ရာ အချက်အလက်များကိုမိုဘိုင်းဖုန်းပေါ်မှတစ်ဆင့်ကြည့်ရှုမည်ဆိုပါက ဟိုတယ်ခရီးဝန်ကြီးဌာနမှပြုလုပ်ပေးထားသည့် မိုဘိုင်းအက်ပလီကေးရှင်းကို ဒေါင်းလုတ်ပြုလုပ်၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘အခုဆိုရင် လူတွေက မိုဘိုင်းဖုန်းတွေကို သူတို့နဲ့ တစ်ပါ တည်းယူဆောင်ပြီး သွားလာနေ ကြတယ်။ အဲဒီအထဲမှာ ခရီးသွား ဆိုင်ရာသတင်းတွေကို ကြည့်နိုင်မယ်ဆိုရင် စားသုံးသူတွေဆီကို အချက်အလက်တွေက တိုက်ရိုက်ရောက်ရှိစေမှာဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းအထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်ကပြောသည်။
  • Thu 09 Oct 2014 - 23:01
    လာမည့် အောက်တိုဘာ ၂၀ ရက်တွင် အက်ပ် ပဲလ်ဖုန်းဖြင့် ငွေပေး ချေနိုင်သည့် Apple Pay ထွက်လာတော့မည်။
  • Wed 08 Oct 2014 - 20:36
    ၁၅၀၀ ကျပ်တန် CDMA 800 (MEC Tel) ဆင်းမ်ကတ်အသုံးပြုသူများ သီတင်းကျွတ်ကာလ အထူးအစီအစဉ်အဖြစ် ဖုန်းဘီလ်ငါးထောင်ကျော် ဖြည့်ပါက တစ်ထောင်ကျပ် (၂၀ ရာခိုင်နှုန်း)နှင့် တစ်သောင်းကျပ် ဖြည့်သွင်းပါက သုံးထောင်ကျပ်( ၃၀ ရာခိုင်နှုန်း) အပိုဆောင်းရရှိမည်ဖြစ်ကြောင်း သတင်းရရှိ သည်။     MEC Tel ဆင်းမ်ကတ် အသုံးပြုသူများအနေဖြင့် အောက်တိုဘာ ၇ ရက်မှ ၃၀ ရက်အတွင်း ငွေဖြည့်သွင်းပါက အပိုဆောင်းငွေ ရရှိနိုင်မည်ဖြစ်ကြောင်း ရတနာပုံ Call Center 1876 မှ သတင်းရရှိသည်။ ‘‘ဘောနပ်စ်ငွေရဖို့အတွက် သူတို့ သတ်မှတ်ပေးထားတဲ့ ရက် အတွင်း ငွေဖြည့်ဖို့ လိုအပ်ပါ တယ်။ အဲဒီရက်ကျော်သွားရင် တော့ ထပ်ပြီးရရှိတော့မှာ မဟုတ်ပါဘူး’’ ဟု ရတနာပုံ Call 1876 မှ တာဝန်ခံတစ်ဦးက ပြောသည်။
  • Wed 08 Oct 2014 - 15:29
    ရန်ကုန်တိုင်းအတွင်း ယခုရက်ပိုင်း၌ အူရီးဒူးဆင်းမ်ကတ်အသုံးပြုနိုင်သည့် မြို့နယ်ပေါင်း ခြောက်ခုတိုးလာသော်လည်း အသုံးပြု၍မရသေးသော မြို့နယ်ပေါင်း ၁၉ ခု ကျန်ရှိနေသေးကြောင်း အူရီးဒူးမြန်မာမှ သတင်းရရှိသည်။
  • Wed 08 Oct 2014 - 15:28
    ပြည်ပဆက်သွယ်ရေးအော်ပရေတာ တယ်လီနောက ၎င်းတို့၏ မိုဘိုင်းဝန်ဆောင်မှု အသုံးပြုသူများအား Ringback Tone ၀န်ဆောင်မှုကို တစ်ပတ်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Mon 06 Oct 2014 - 21:36
    ကုန်သွယ်ရေးနှင့်အကောက်ခွန်ဦးစီးဌာနကြား လိုင်စင်လျှောက်ထားရမည့်ပစ္စည်းစာရင်းကွဲလွဲမှုများရှိနေ၍ လုပ်ငန်းရှင်များပစ္စည်းတင်သွင်းရာတွင် အခက်ကြုံနေရကြောင်း မြန်မာနိုင်ငံကွန်ပျုတာလုပ်ငန်းရှင်အသင်းမှ သတင်းရရှိသည်။ ‘‘ပြီးခဲ့တဲ့ တစ်ပတ်ကပဲ လုပ်ငန်းရှင်တစ်ဦးက ဖုန်းထဲထည့် တဲ့ SD Cardလေးတွေ တင်သွင်းဖို့အတွက်ကုန်သွယ်ရေးကို လိုင် စင်သွားလျှောက်တာ မလိုဘူးလို့ပြောတဲ့အတွက် ဒီအတိုင်းတင် သွင်းလာခဲ့တာ အကောက်ခွန်ဆီရောက်တော့ လိုင်စင်မလျှောက်လို့ဆိုပြီး ဒဏ်ကြေးဆောင်ခဲ့ရတယ်’’ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း အတွင်းရေးမှူးဦးမျိုးမြင့်ထွန်း ကပြောသည်။ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လိုင်စင် လျှောက်ရန် မလိုသောကွန်ပျုတာနှင့်ဆက်စပ်ပစ္စည်းစာရင်းများကို တိတိကျကျထုတ်ပြန်ထားခြင်းမရှိဘဲ ရှုပ်ထွေးမှုများရှိ နေသည့်အပြင် အချို့ပစ္စည်းများမှာ အကောက်ခွန်တွင်ရှိသော  စာရင်းများနှင့် ကွဲလွဲနေသည့်အတွက် ပစ္စည်းများတင်သွင်းရာ ၌ အခက်အခဲများရှိနေသောကြောင့် ၀န်ကြီးဌာနသို့ တင်ပြသွားရန်စီစဉ်နေကြောင်းသိရသည်။
  • Sun 05 Oct 2014 - 23:45
    ပြည်တွင်းရှိ မိုဘိုင်းဖုန်း သုံးစွဲသူများအတွက် ကျပ်နှစ်သောင်းဝန်းကျင်ရှိ မြန်မာစာအသုံးပြုနိုင်မည့် တန်ဖိုးနည်း Keypad ဟန်းဆက်များ ရောင်းချပေးမည်ဟု ဆမ်ဆောင်းအီလက်ထရွန်နစ် မြန်မာရုံးခွဲမှ သတင်းရရှိသည်။ ‘‘ ဒီရက်ပိုင်းအတွင်းမှာပဲ ဈေးကွက်ထဲကို စဖြန့်သွားဖို့ရှိပါတယ်။ အရင်ကလည်း Keypad ဟန်းဆက်တွေ သွင်းတာရှိပေမယ့် အခုဟာက မြန်မာစာစနစ်ပါ  အသုံးပြုနိုင်အောင် လုပ်ထားပေးတဲ့ ဟန်းဆက်အမျိုးအစားဖြစ်ပါတယ်’’ဟု ဆမ်ဆောင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဇာနည်ဝင်းထက်ကပြောသည်။
  • Sun 05 Oct 2014 - 23:31
    ဆမ်ဆောင်း၏ ထုတ်ကုန်သစ် တစ်ခုဖြစ်သော Galaxy Note 4ကို အောက်တိုဘာလတတိယပတ်အတွင်း ပြည်တွင်း၌ စတင်ဝယ်ယူနိုင်မည်ဟု ဆမ်ဆောင်းမြန်မာရုံးခွဲမှ သတင်းရရှိသည်။ ‘‘အောက်တိုဘာ တတိယ ပတ်လောက်မှာ ပြည်တွင်းကို ရောက်ဖို့ရှိပါတယ်။ စပြီးရောင်း တဲ့အချိန်မှာ အထူးအစီအစဉ် တွေနဲ့လည်း ပြုလုပ်ပေးသွားဖို့ ရှိပါတယ်’’ဟု ဆမ်ဆောင်းမြန်မာ မှ တာဝန်ရှိသူ ဦးဇာနည်ဝင်းထက် ကပြောသည်။  Galaxy Note 4 ကို ပြည် တွင်း၌ ကျပ် ခုနစ်သိန်းကျော်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဈေး နှုန်းအတိအကျကိုမူ မကြာမီ သတ်မှတ်ပေးမည်ဟု ဆိုသည်။
  • Sat 04 Oct 2014 - 20:08
    အူရီးဒူးမြန်မာအနေဖြင့် ၎င်းတို့၏ မိုဘိုင်းဖုန်းအသုံး ပြုသူများအတွက် SMS ပေးပို့ ခများကိုတစ်စောင်လျှင် ၁၅ ကျပ် သို့လျှော့ချလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ အူရီးဒူးအနေဖြင့် မိုဘိုင်းဝန်ဆောင်မှုများစတင်ပေးသည့်အချိန်တွင် SMS တစ်စောင်ပေးပို့ ပါက ၂၅ ကျပ်ကောက်ယူခဲ့သော်လည်း ယနေ့မှစ၍ SMS တစ်စောင်ပေးပို့ခကို ၁၅ ကျပ်သို့ လျှော့ချ ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ကျွန်မတို့ရဲ့ သုံးစွဲသူတွေ ဟာ မိသားစုဝင်တွေနဲ့ သူငယ် ချင်းတွေဆီကို SMS ပို့ပြီး ဆက်သွယ်ရတာကို ကြိုက်နှစ်သက် တာ တွေ့ရပါတယ်။ အခုလိုဈေးနှုန်းတွေပြင်ဆင်တာကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်’’ဟု အူရီးဒူးမြန်မာ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။
  • Fri 03 Oct 2014 - 22:42
    အူရီးဒူးမြန်မာ၏ မိုဘိုင်းဝန်ဆောင်မှုများနှင့်အရေးကြီးသော သတင်းအချက်အလက်များကိုအလွယ်တကူသိရှိအသုံးပြုနိုင်မည့် My Ooredoo မိုဘိုင်းအက်ပလီကေးရှင်းကို အွန်လိုင်းတွင် အခမဲ့ဒေါင်းလုတ်ပြုလုပ်နိုင်ပြီဖြစ်ကြောင်းသတင်းရရှိသည်။ အဆိုပါအက်ပလီကေးရှင်းသည် အူရီးဒူးမြန်မာမှ တရားဝင်ထုတ်လုပ်လိုက်သည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းဝန်ဆောင်မှုများကိုအင်္ဂလိပ်-မြန်မာဘာသာနှစ်မျိုးဖြင့် လေ့လာမှုများပြုလုပ်၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ ‘‘အသုံးပြုသူတွေအနေနဲ့ ၀န်ဆောင်မှုတွေကိုဘယ်လို ဆောင်ရွက်ရမလဲဆိုတာ သိနိုင်ဖို့အခက်အခဲရှိနေပါတယ်။ ဒီ Appကို ယူလိုက်တာနဲ့ အရေးကြီးတဲ့အချက်အလက်တွေကို မို ဘိုင်းဖုန်းကနေ အလွယ်တကူရယူနိုင်မှာဖြစ်ပါတယ်’’ဟု အူရီးဒူးမြန်မာမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမန်နေဂျာဒေါ်သီရိကြာညိုကပြောသည်။
  • Fri 03 Oct 2014 - 20:41
    အူရီးဒူးမြန်မာသည် ၎င်းတို့၏ မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် တန်ဖိုးနည်း စမတ်ဖုန်းဟန်းဆက်နှစ်မျိုးကို ၀ယ်ယူမည်ဆိုပါက အရစ်ကျစနစ်ဖြင့် ဖုန်းဘီလ်ထဲသို့ ငွေပြန်ထည့်ပေးမည့် အစီအစဉ်တစ်ခု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။
  • Fri 03 Oct 2014 - 20:30
    တယ်လီနောဆင်းမ်ကတ်များကို စက်တင်ဘာ ၂၇ ရက်တွင် မန္တလေးမြို့၌ စတင်ရောင်းချခဲ့ပြီး ၀ယ်ယူသူများပြားခဲ့သည့်အတွက် ရရှိထားသော ဆင်းမ်ကတ်ခွဲတမ်းမှာ တစ်ရက်တည်းဖြင့် ရောင်းကုန်သွားခဲ့ကြောင်း  မိုဘိုင်းဖုန်းအရောင်းဆိုင်များထံမှ သတင်းရရှိသည်။

Pages

Subscribe to Technology