Tourism

  • Thu 14 Jun 2018 - 12:35
     ၂၀၁၈ ငါးလအတွင်း နိုင်ငံခြားသားဧည့်သည်များ တည်းခိုနိုင် သည့်ဟိုတယ်နှင့် တည်းခိုရိပ်သာ ၇၀ ကျော်အထိ တိုးလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနက ဇွန်လ ပထမပတ် အတွင်း ထုတ်ပြန်ခဲ့သည်။
  • Thu 14 Jun 2018 - 12:34
    ၂၀၁၇ အတွင်း ရခိုင်ဒေသ  အခြေအနေများနှင့် အနောက် နိုင်ငံ မီဒီယာအချို့၏ လှုံ့ဆော် ရေးသားမှုများကြောင့် မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်မည့် ခရီး  စဉ်များ၏ ၅၀ရာခိုင်နှုန်းခန့် ပယ်ဖျက်ခြင်းနှင့် ဆိုင်းငံ့ခြင်းများ   ကြုံတွေ့ခဲ့ရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်ကပြောသည်။
  • Tue 12 Jun 2018 - 18:58
     မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်း ကွန်ဖရင့်တွင် ဆွေး နွေးရရှိလာသည့် အချက်အလက် များကို အကောင်အထည်ဖော်ရန် လုပ်ငန်းဆောင်ရွက်မှု Plan တစ်ခုထုတ်ပြန်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးတင့် သွင်က ပြောသည်။
  • Wed 06 Jun 2018 - 15:33
    ကယားပြည်နယ်အတွင်း ခရီးသွားကဏ္ဍ၌ အဟန့်အတားဖြစ်နေသည့် ကန့်သတ်နယ်မြေ များကို နယ်မြေအေးချမ်းသည့် အပေါ်မူတည်၍ ထပ်မံဖြေလျှော့ ပေးမည်ဟု ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးအုန်းမောင်က မေလ တတိယပတ်တွင် ပြောသည်။
  • Wed 06 Jun 2018 - 15:29
    ရခိုင်ပြည်နယ် ခရီးသွား ကဏ္ဍတွင် လူ့စွမ်းအားအရင်းအ မြစ်ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင် ရေး အပြည်ပြည်ဆိုင်ရာအလုပ် သမားအဖွဲ့ (ILO)နှင့်ပူးပေါင်းကာ ဒေသခံများအား သင်တန်းပို့ချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်(MYF) အထွေ ထွေအတွင်းရေးမှူး ဦးကြည်သိန်း ကိုကပြောသည်။
  • Wed 06 Jun 2018 - 13:53
    တနင်္သာရီတိုင်း၊ ချင်းနှင့် ကယား ပြည်နယ်တို့ကို ဦးစားပေးခရီးစဉ် ဒေသအဖြစ် ယခုနှစ်အတွင်း ဖော်ထုတ်မည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် က ပြောသည်။
  • Wed 23 May 2018 - 13:38
    အင်းလေးဒေသတွင် ဇုန်ဝင် ကြေးကောက်ခံရာ၌ ၀င်ကြေး လက်မှတ်များ အတုပြုလုပ်ခြင်းနှင့် လက်မှတ်များလက်ဆင့်ကမ်း ခြင်းကို တားဆီးနိုင်ရန် ယခုနှစ် ဇွန်လဆန်းကစ၍ ပုံစံသစ်ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း အင်းလေးဇုန်ဝင်ကြေး ကောက်ခံရေးကော်မတီ ဒုဥက္ကဋ္ဌဦးဇော်ဌေးအောင်က ပြောသည်။
  • Wed 23 May 2018 - 13:32
    နိုင်ငံပိုင်လေကြောင်းလိုင်း ဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) သည် ရန်ကုန်မှ တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ပြေးဆွဲရန် ညှိနှိုင်းနေကြောင်း MNA လေယာဉ်မှူးကြီး ဦးသန်းထွေးက ပြောကြားသည်။
  • Wed 23 May 2018 - 13:30
    မြန်မာနိုင်ငံခရီးသွားလာရေး လုပ်ငန်းဥပဒေ (မူကြမ်း)ကို အမျိုး သားလွှတ်တော်နှင့် ပြည်သူ့လွှတ် တော်ဥပဒေကြမ်းကော်မတီက ပြင်ဆင်အတည်ပြုပြီးသောကြောင့် နှစ်လအတွင်း ပြည်ထောင်စုလွှတ် တော်က အတည်ပြုမည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြန်ကြားရေးတာဝန်ခံက ပြောသည်။
  • Wed 16 May 2018 - 13:34
    ရန်ကုန်တိုင်းအတွင်းရှိ ဟိုတယ်များ ဧည့်စာရင်းတိုင်ရာတွင် အွန်လိုင်းမှတစ်ဆင့် တိုင်ကြားရန် သတ်မှတ်ထားသော်လည်း ဟိုတယ်အားလုံး၏ ၃၀ ရာခိုင်နှုန်းခန့် သည် စာရွက်ဖြင့်သာ ဧည့်စာရင်း တိုင်နေဆဲဖြစ်ကြောင်း  မြန်မာ နိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် များအသင်း အထွေထွေအတွင်း ရေးမှူး ဦးမင်းကျော်ဦးက ပြော သည်။ 
  • Wed 16 May 2018 - 13:33
    မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင် သွင်းနိုင်ရေး မြန်မာ၊  တရုတ်နှင့် အီတလီ သုံးနိုင်ငံအစိုးရတို့ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မေလတတိယပတ်အတွင်း တရားဝင်မိတ်ဆက်မည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦး) ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်ကပြောသည်။
  • Wed 09 May 2018 - 12:36
    ခရီးသွားလုပ်ငန်းမှ နှစ်စဉ် ၀င်ငွေကန်ဒေါ်လာသန်းချီရနေသည့် ဒေသတွင်းနိုင်ငံအချို့သည် ၎င်းတို့၏ ကမ်းခြေခရီးသွား ဒေသ အချို့ကို ပိတ်ရန်စီစဉ်နေရာ မြန် မာအပါအ၀င် အရှေ့တောင်အာ ရှဒေသတွင်း နိုင်ငံများအတွက် ခ ရီးသွားဝင်ရောက်မှုနှုန်းတိုးတက် လာ နိုင်ကြောင်း ကျွမ်းကျင်သူများ  ကခန့်မှန်းသည်။ တစ်နှစ်လျှင်ခရီးသည် နှစ် သန်း လာရောက်သည့် ဖိလစ်ပိုင် နိုင်ငံမှ နာမည်ကျော်ဘိုရာကေ ကမ်းခြေကို ဧပြီ ၂၆ရက်မှစ၍ ခြောက်လကြာပိတ်သိမ်းပြီဖြစ်ပြီး  ထိုင်းနိုင်ငံ ဖီဖီကျွန်းရှိ မာယာကမ်း ခြေကိုလည်း  ဇွန်လ ၁ ရက်ကစ၍ သုံးလကြာပိတ်ရန် ထိုင်းအစိုးရက စီစဉ်နေသည်။
  • Thu 03 May 2018 - 20:35
     မန္တလေးအမြန်လမ်း အနီး ရဲနွယ်သစ်တောကြိုးဝိုင်းအ တွင်း ဆင်ရေကန်ဟု အမည်ပေး ထားသည့် ပထမဆုံးပုဂ္ဂလိက ဆင်စခန်းတစ်ခုတည်ထောင်ရန် မေလ ၁ ရက်က စတင်ပန္နက်ရိုက်ခဲ့သည်။
  • Thu 03 May 2018 - 10:06
    ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင် (ပြည်ပ) ပြန်လည်ချထား ပေးရန် ခရီးသည်လက်ခံမှုစံနှုန်း များနှင့် ပတ်သက်၍ အသင်းအဖွဲ့ များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် အပြန်အလှန် ဆွေးနွေးဆဲဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က ပြောသည်။
  • Thu 03 May 2018 - 10:05
     နိုင်ငံပိုင်လေကြောင်း လိုင်းဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) နှင့် မန်းရတနာပုံလေကြောင်းလိုင်း တို့ အကျိုးတူပူးပေါင်းကာ မေလ ၁ ရက်ကစတင်၍ ပြည်တွင်းခရီး စဉ် ၁၃ ခု ပြေးဆွဲမည်ဟု MNA က သတင်းထုတ်ပြန်သည်။
  • Thu 03 May 2018 - 10:02
    ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင် ရာလိုင်စင်ကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားခွင့် ပြုထားသော် လည်း အင်တာနက်လိုင်း အခက် အခဲကြောင့် ၂ နှစ်အတွင်း လျှောက်ထားသူ ၂၀ ခန့်သာရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုး ဝင်းညွန့်က ပြောသည်။
  • Sun 29 Apr 2018 - 22:15
    ပညာရှင်များ တကောင်း ဒေသ၌ ရှာဖွေတူး ဖော်ရခြင်းသည် ကောက်ရိုးပုံထဲအပ်ရှာရသကဲ့သို့ ခက်ခဲလျက်ရှိသည်။ အဘယ် ကြောင့်ဆိုသော် ရှေးအကျဆုံးဟု ယူဆချက်များသည် မြန်မာသာ မက ကမ္ဘာတွင်ပါတွေ့ရှိရန်အ လွန် ခက်ခဲသောကြောင့်ဖြစ် သည်။ ဥပမာ ကုန်းဘောင်ခေတ် နှောင်းပိုင်း မင်းတုန်းမင်းတည်ခဲ့ သော မန္တလေးမြို့တော်ကြီးသည် သက်တမ်းနှစ် ၂၀၀ မပြည့်သေး ၍ အနုလက်ရာအတော်များများ ပကတိအတိုင်း ကျန်ရှိနေသေး သည်။ ထို့အတူသတိုးမင်းဖျား တည်သော အင်းဝမြို့တော် ဟောင်းသည် နှစ် ၆၀၀ ကျော်ပြီ ဖြစ်သော်လည်း ရှေးဟောင်းအနု လက်ရာတို့ကို အတန်အသင့်မြင် နိုင်သေးသည်။ မြန်မာ့ယဉ်ကျေးမှု နှင့် ဗိသုကာပညာအထွတ်အ ခေါင်မြန်မာ့ဦးစွန်းတလူလူလွင့် ခဲ့သော ရှေးမြို့တော်ဟောင်းပုဂံ သည် နှစ် ၁,၀၀၀ ခန့်ရှိပြီဖြစ်၍ အိုမင်းဆွေးမြည့်လှချေ၏။ အချို့ နေရာများ၌ အဟောင်းနှင့်အသစ် ရောပြွမ်းလာ၍ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြန့်ကြာနေရ သည်။ ထိုထက်ပိုမိုရှေးကျသော ဟန်လင်း၊ သရေခေတ္တရာနှင့် ဗိဿနိုးတို့ကို တူးဖော်တွေ့ရှိချက် များအရ သီးသန့်နယ်မြေအဖြစ် သာ ထိန်းသိမ်းစောင့်ရှောက်ထား နိုင်သည်။ တကောင်းဒေသ တ ကောင်းဝန်းကျင်သည်ကား အ လွန်ရှေးကျသည်ဟု ယူဆထား သော်လည်း အထောက်အထား များရှာဖွေရာ၌ လူနေရပ်ကွက် များကြောင့် အခက်ကြုံနေပါ သည်။
  • Sun 29 Apr 2018 - 22:04
    ဆေးရုံမှ လျှောက်လာ သောအခါ လမ်း ဘယ်ဘက်တွင် တ ကောင်းရှေးဟောင်းသုတေသန ပြတိုက်ဝင်းကို မြင်ရသည်။ ပြ တိုက်သည် မြေအမြင့်တွင်တည် ရှိကာ ခံ့ညားစွာတွေ့ရသဖြင့် စိတ်ချမ်းသာသွားသည်။ ပြတိုက် အတွင်းသို့ ချက်ချင်းမ၀င်ဘဲ ၀န်း ကျင်ရှိတူးဖော်ထားသော မြေနေ ရာများကို လှည့်ပတ်ကြည့်ဖြစ် သည်။ တကောင်းပြတိုက်ဝင်းအ တွင်း ပြသထားသောကုန်းအမှတ် (၂၉)နှင့် (၄၃)တို့သည် တူးဖော် ကာလမကြာသေး။ ငါးနှစ်မျှသာရှိ သေးသည်။ ဤနေရာသည်လည်း ပုဂံခေတ် အဆောက်အအုံများ တည်ရှိရာဖြစ်ပြီး ကုန်းဘောင် ခေတ်၌ ပြုပြင်တည်ဆောက်ခဲ့ ကြောင်း၊ ဓမ္မာရုံကဲ့သို့လူအများ စုဝေးရာ ဗုဒ္ဓသာသနိကအဆောက် အအုံငယ်ဟုယူဆရပြီး ကြေးစည် (သို့မဟုတ်)တုံးမောင်းကဲ့သို့ ချိတ် ဆွဲရာရှိကြောင်း၊တူးဖော်ရာ၌ ပုဂံ ခေတ်နှင့် ကုန်းဘောင်ခေတ်လက် ရာအုတ်ချပ်ကြီးများ၊ ရေစင်သွန်း အိုး၊ သပိတ်ကွဲများ၊ မြေရုပ်ဒိုး ပြားများ၊ မြေပုတီးစေ့များ၊ ကြေး ထည်ပစ္စည်းများ၊ လူ့အံသွားနှင့် တိရစ္ဆာန်အရိုးများ တွေ့ရသဖြင့် လူအများ စုဝေးရာနေရာဖြစ် ကြောင်း သိရသည်။ တစ်နေရာ တွင် မြေအနက်သုံး၊ လေးပေ အောက်၌ ရှေးဟောင်းမြေအိုးကြီး တစ်လုံးတွေ့ရသဖြင့် ပကတိအ ခြေအနေအတိုင်း အမိုး၊ အကာ ပြုလုပ်ကာ ပြသထားသည်။
  • Wed 25 Apr 2018 - 16:18
    မြိတ်ကျွန်းစုသို့ အပျော်စီးသင်္ဘော များဝင်ရောက်ရာ လမ်းကြောင်း တွင် ရေအောက်၌သန္တာကျောက် တန်းများရှိ၊ မရှိလေ့လာစစ်ဆေး နေကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။
  • Wed 25 Apr 2018 - 16:16
    ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင်(ပြည်ပ)လျှောက်ထားရာ တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်အသင်း(UMTA)၏ ထောက်ခံ ချက်တောင်းခံခြင်းသည် လုပ်ငန်း ငယ်များအတွက် အာမခံကြေး ကင်းလွတ်စေရန်ဖြစ်သည်ဟု မြန် မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းအထွေထွေအတွင်းရေးမှူးဒေါ်သင်းသင်းအောင်က ပြော သည်။ လုပ်ငန်းလိုင်စင်အတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်း ထောက်ခံချက်ရရှိ ရန် အသင်းဝင်အဖြစ်ဦးစွာဝင် ရောက်ရသည်မှာ မဖြစ်သင့် ကြောင်း ခရီးသွားလုပ်ငန်းရှင်အ ချို့၏ဝေဖန်မှုအပေါ် ၎င်းကအ ထက်ပါအတိုင်း ရှင်းလင်းခဲ့သည်။

Pages

Subscribe to Tourism