Tourism

  • Sat 27 Jun 2015 - 17:54
    နိုင်ငံခြားသားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် အဓိက ၀င်ပေါက်တစ်ခု ဖြစ်သည့် ထိုင်းနိုင်ငံ၌ မားစ်ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားဧည့်သည် ၀င်ရောက်မှုအပေါ် ထိခိုက်မှုမရှိနိုင်ကြောင်း အာဆီယံခရီးသွားလုပ်ငန်းရှင်အ သင်းများအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာ အောင်မြတ်ကျော်က ပြော ကြားသည်။ ‘‘နိုင်ငံတကာက ခရီးသွား ဧည့်သည်တွေက ထိုင်းကနေတစ်ဆင့် မြန်မာနိုင်ငံကို လာကြတာ  များတဲ့အတွက် ထိုင်းမှာ မားစ်ရောဂါဖြစ်ပွားမှုကြောင့် ခရီးသည်ဝင် ရောက်မှုအပေါ် အနည်းနဲ့အများ ထိခိုက်မှုရှိနိုင်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ အဲဒါကို အချိန်မီထိန်း ချုပ်နိုင်ဖို့ လိုအပ်နေပါတယ်’’ ဟု ဒေါက်တာအောင်မြတ်ကျော်က သုံးသပ်ပြောကြားသည်။  
  • Thu 18 Jun 2015 - 17:26
    နိုင်ငံတကာ ထိပ်တန်းရုပ်သံမီဒီယာတစ်ခုဖြစ်သည့် ဘီဘီစီက လာမည့် ခရီးသွားရာသီတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ထုတ်လွှင့်ပေးသွားမည်ဟု သတင်းရရှိ သည်။  
  • Thu 18 Jun 2015 - 17:24
    ပြည်ပ ခရီးသွားလုပ်ငန်း (Out Bound) ဆောင်ရွက်မည့် ကုမ္ပဏီများအတွက် အရန်ငွေ ကျပ်သိန်း ၁၀၀ ထားရှိရမည်ဟု သတ်မှတ်ထားသော်လည်း အဆိုပါ ငွေကြေး မတတ်နိုင်သည့် အသေးစား၊ အလတ်စား ကုမ္ပဏီများအတွက် အခြားပိုင်ဆိုင်မှု ကတိကဝတ်များဖြင့် လိုင်စင်လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။   
  • Sun 14 Jun 2015 - 18:10
    အမေရိကန်နိုင်ငံရှိ ခရီးသွားလုပ် ငန်း အေဂျင်စီများတွင် ကောက် ယူခဲ့သည့် စစ်တမ်းအရ သွား ရောက်လည်ပတ်ရန် အကောင်း ဆုံးဒေသများ၌ မြန်မာနိုင်ငံသည် ၂ နှစ်ဆက်တိုက် ရပ်တည်နေ ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များအသင်းထံမှ သတင်း ရရှိသည်။  
  • Sun 07 Jun 2015 - 18:19
    အီတလီနိုင်ငံရှိ တက္ကသိုလ်နှစ်ခု ပူးပေါင်းသင်ကြားမည့် ခရီးသွားဝန်ဆောင်မှု အရည်အသွေးမြှင့်တင်ခြင်းသင်တန်းကို မြန်မာနိုင်ငံရှိ ဟိုတယ်ခရီးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်းအသင်းချုပ်မှ အသင်းဝင်များ သွားရောက်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။   
  • Sun 07 Jun 2015 - 18:16
    ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် ခရီးသွားပြပွဲ၌ မြန်မာ့ခရီးသွား လုပ်ငန်း၏ ပြခန်းတစ်ခုတွင် မြန်မာ့ရိုးရာရုပ်သေးနှင့်ပတ်သက် ၍ပြသရန် အစီအစဉ်ရှိကြောင်း ထွေးဦး မြန်မာရုပ်သေးအဖွဲ့မှ ဦးထွေးဦးကပြောသည်။  
  • Fri 29 May 2015 - 17:40
    ပြီးခဲ့သည့် ခရီးသွားရာသီတွင် နိုင်ငံ ခြားသားခရီးသွားဧည့်လမ်းညွှန်ဦး ရေ တစ်ထောင်ကျော် တိုးတက် လာခဲ့သော်လည်း ဘာသာစကား လေးမျိုးအတွက် ဧည့်လမ်းညွှန်လို အပ်ချက်မြင့်တက်နေကြောင်း ခရီး သွားလုပ်ငန်းရှင်များနှင့် ဧည့်လမ်း ညွှန်အသိုင်းအ၀ိုင်းမှ သိရသည်။  
  • Fri 29 May 2015 - 17:38
    ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်နိုင်ရန် ဂျပန်ပညာရှင်များနှင့် ပူးပေါင်း ကာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်နိုင်မှု ရှိ၊ မရှိ EIA ၊ SIA စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။  
  • Sat 23 May 2015 - 17:07
    နိုင်ငံခြားသားခရီးသွားဧည့်သည်များ အများဆုံးလာရောက်လည်ပတ်သော ဒေသတစ်ခုဖြစ်လာသည့် ကျိုက်ထီးရိုးတွင် ဟိုတယ်ဇုန်အသစ် တိုးချဲ့တည်ဆောက်မည်ဟု မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။ ‘‘မြန်မာနိုင်ငံကို အများဆုံးလာတဲ့ ဧည့်သည်က တရုတ်နဲ့ ထိုင်းပဲ။ သူတို့က ကျိုက်ထီးရိုးကို အရမ်းစိတ်ဝင်စားပြီး သွားလာကြတယ်။ ကျိုက်ထီးရိုးက ကမ္ဘာလှည့်ခရီးသွားဧည့်သည်အများဆုံးလာတဲ့ ဒေသအကြီးစားတစ်ခုဖြစ်လာတော့မယ်။ အဲဒီတော့ အသင်းကနေ ဟိုတယ်ဇုန်အသစ်ဖော်ဖို့ လုပ်နေပါတယ်’’ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရန်ဝင်းကပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားသားခရီးသွားဧည့်သည်များ အများဆုံးလာရောက်လည်ပတ်သည့် အဓိကကျသော ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် အင်းလေးဒေသတို့ဖြစ်ပြီး ကျိုက်ထီးရိုးသည် ငါးခုမြောက်ဒေသအသစ်အဖြစ်   ပေါ်ထွက်လာမည်ဟုဆိုသည်။ ‘‘မနှစ်ကဆိုရင် သွားတဲ့လူတွေများလို့ ဧည့်သည်တွေနေစရာမရှိဖြစ်တောင်လာတယ်။ ကားတွေ လမ်းမှာ ထားစရာမရှိဖြစ်လာတယ်။ ပြန်ကွေ့လို့တောင် မရတော့ဘူး။ အဲဒါတွေအဆင်ပြေအောင် ဟိုတယ်ဇုန်နဲ့၊ ကားပါကင်နဲ့၊ စားသောက်ဆိုင်နဲ့ ဖြစ်လာအောင်လုပ်ပေးသွားဖို့ စီစဉ်နေပါတယ်’’ဟု ဦးရန်ဝင်းကပြောသည်။  
  • Sat 23 May 2015 - 17:03
    မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက်လာသည့်အတွက် ၂၀၁၄-၁၅ ခရီးသွားရာသီအတွင်း၌ ယမန် နှစ်ကထက် အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၃၅ ရာခိုင်နှုန်းအထိ တိုးချဲ့ခန့်ထားနိုင်ခဲ့ကြောင်း ခရီး သွားလုပ်ငန်းရှင်များထံမှ သတင်း ရရှိသည်။ ‘‘ဝန်ကြီးဌာနရဲ့ စာရင်းတွေ အရ ၂၀၁၄-၁၅ ခရီးသွားရာသီ အတွင်းမှာ နိုင်ငံခြားခရီးသွားဝင် ရောက်မှုနှုန်းက တော်တော်လေး မြင့်တက်လာခဲ့တဲ့အတွက် ခရီး သွားလုပ်ငန်းနဲ့ပတ်သက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းပေါင်း သိန်းချီပြီး ထပ်ဖြည့်ခဲ့ရတာကို တွေ့ရတယ်။ မနှစ်ကနဲ့ယှဉ်ရင်တော့ ၃၅ ရာခိုင်နှုန်းလောက် အထိ မြင့်တက်လာပါတယ်’’ဟု Nature Dream ခရီးသွားကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ပြောသည်။  
  • Sat 23 May 2015 - 16:55
    ပြည်တွင်းသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားဧည့်သည်များသည် ယခုနှစ်ပိုင်းအတွင်း သဘာဝအခြေခံခရီးသွားဒေသများကဲ့သို့ နေရာဒေသအသစ်များသို့ သွားရောက်လည်ပတ်ရန် တောင်းဆိုနှုန်းမြင့်တက်လာကြောင်း ခရီးသွားလုပ်ငန်းများမှ သတင်းရရှိသည်။ ‘‘နိုင်ငံခြားခရီးသွား ဧည့်သည်တွေအနေနဲ့ ပုံမှန်လည်ပတ်နေကျနေရာတွေအပြင် ဖွံ့ဖြိုးမှုနည်းသေးတဲ့ တခြားခရီးသွားဒေသအသစ်တွေကိုလည်း သွားချင်တယ်ဆိုပြီး တောင်းဆိုမှုတွေများလာပါတယ်။ ဒါပေမဲ့ အဲဒီဒေသတွေကို သူတို့ အဆင်ပြေပြေနဲ့ လည်နိုင်အောင် စနစ်တကျလုပ်ပေးဖို့ လိုအပ်ချက်တွေရှိနေသေး ပါတယ်’’ဟု Go and Go ခရီးသွား ကုမ္ပဏီဥက္ကဋ္ဌဦးခင်မောင်စိန်က ပြောသည်။  
  • Sat 16 May 2015 - 14:05
    ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံ၏ ခရီး သွားလုပ်ငန်း ဈေးကွက်မြှင့်တင် ရေးရုံးခန်းဖွင့်လှစ်ရန် ဆွေးနွေးမှု များပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) မှသတင်းရရှိသည်။ ‘‘ဂျပန်မှာ မြန်မာ ခရီးသွား ဈေးကွက်မြှင့်တင်ရေး ရုံးခန်းဖွင့် ဖို့အတွက် ၀န်ကြီးဌာနရယ်၊ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ရယ်ပေါင်းပြီးတော့ ဂျပန်ကုမ္ပဏီ တစ်ခုနဲ့ ဆွေးနွေးနေတာပါ’’ ဟု MTF တွဲဖက်အထွေထွေအတွင်း ရေးမှူး ဦးဖြိုးဝေရာဇာက ပြော ကြားသည်။  
  • Sat 16 May 2015 - 14:01
    မိုးရာသီဖြစ်သည့် ဇွန်လမှအောက် တိုဘာအထိ ငပလီနှင့်ငွေဆောင် ကမ်းခြေတို့၌ ဟိုတယ် အများစု ပိတ်ထားမည် ဖြစ်သော်လည်း ချောင်းသာကမ်းခြေရှိ ဟိုတယ်အများစုကို ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ပုံမှန်အားဖြင့်တော့ မေလ ကုန်ဆိုရင် ဟိုတယ် တော်တော် များများ ပိတ်ကြတယ်။ ဒါပေမဲ့ ဟိုတယ်ငယ်လေးတချို့ ဖွင့်တာ တော့ရှိတယ်။ ၉၀ ရာခိုင်နှုန်း လောက်ပိတ်တယ်လို့ပြောလို့ရပါ တယ်’’ ဟု ငွေဆောင်ဟိုတယ်ဇုန် ဥက္ကဋ္ဌဦးအောင်သိုက်က ပြောကြားသည်။  
  • Sat 09 May 2015 - 16:06
    လူဇင်ဘတ်နိုင်ငံအခြေစိုက် Lux Development အေဂျင်စီက မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်း တွင် ကျွမ်းကျင်သင်တန်းနည်းပြ ဆရာများပေါ်ထွက်လာရန် လေးနှစ်ကြာအကူအညီပေးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းရရှိသည်။  
  • Sat 09 May 2015 - 16:06
    ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်တင် အပျော် စီးသင်္ဘော ၂၆ စီးလာရောက်ရန်ရှိပြီး ဧပြီလကုန်အထိ ၁၉ စီးလာရောက်ပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သတင်းရရှိသည်။  
  • Sat 02 May 2015 - 15:42
    သင်္ကြန်ကာလအတွင်း ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေလည်ပတ်ကြသော ခရီးသည်များ ကြက်ပျံမကျအောင် စည်ကားခဲ့ပြီး လာရောက်လည်ပတ်သူ များသည်နှင့်အမျှ နောက်ဆက်တွဲ ကျန်ခဲ့သည့်ဆိုးကျိုးက အမှိုက်များပင်ဖြစ်သည်။ ချောင်းသာတွင် သင်္ကြန်ကာလပြီးရက်တွင် အမှိုက်များစွာ ကမ်းခြေနေရာအနှံ့ ကျန်ရစ်ခဲ့သည်။ သင်္ကြန်ကာလအပြီး ချောင်းသာကမ်းခြေတွင် အမှိုက်များစွာကျန်နေခဲ့ခြင်း အကြောင်းအရာကို ချောင်းသာဒေသခံများက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်၌် ဓာတ်ပုံများဖြင့် ထုတ်ဖော်ပြသခဲ့ကြသည်။ လူအများ လည်ပတ်မှုများသော နေရာများတွင် အမှိုက်သရိုက်ပေါများနေခြင်းသည် ချောင်းသာကမ်းခြေတစ်ခုတည်းမဟုတ်။ ခရီးသည်အသွားအလာများသော ကျိုက်ထီးရိုး၊ အင်းလေး စသည့်ဒေသများတွင်လည်း တွေ့မြင်ရမှု များလာသည်။  
  • Sat 25 Apr 2015 - 18:12
    မေလကုန်တွင် ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလား မြန်မာ ယူ-၂၀ အသင်းအုပ်စုပွဲစဉ်ကြည့်ရှုခွင့်အပါအ၀င် နယူးဇီလန်အလည်အပတ်ခရီးစဉ် သွားရောက်ရန် လူလတ်ပိုင်းပရိ သတ်များစာရင်းပေးသွင်းမှု များနေကြောင်း နယူးဇီလန်ခရီးစဉ်ပို့ ဆောင်သည့် ခရီးသွားလုပ်ငန်းများ မှ သတင်းရရှိသည်။ ပြည်တွင်းနှင့် ပြည်ပခရီးသွားကုမ္ပဏီများက နယူးဇီလန်နိုင်ငံ တွင် မေလ ၃၀ ရက်၌ စတင်ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားပွဲစဉ်အတွက် မြန်မာယူ-၂၀ အသင်းပါဝင်သော အုပ်စုပွဲစဉ်များကြည့်ရှုခွင့်အပါအ ၀င် နယူးဇီလန်မြို့၏ အထင်ကရ ခရီးစဉ်ဒေသများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄,၀၀၀ မှ ၅,၀၀၀ ခန့်ဖြင့် ပို့ဆောင်မည် ဖြစ်သည်။  
  • Sat 25 Apr 2015 - 18:11
    တစ်နိုင်ငံလုံးတွင် ၂၀၁၄ တစ်နှစ်အတွင်း ဟိုတယ်နှင့် တည်း ခိုရိပ်သာ ၁၈၀ ကျော် တိုးလာပြီး အခန်းအရေအတွက် ရှစ်ထောင် ကျော် တိုးတက်လာကာ ရန်ကုန် တွင် အများဆုံးဖြစ်ကြောင်း ဟို တယ်နှင့် ခရီးသွားလာရေး လုပ် ငန်းဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။ ပြီးခဲ့သည့်နှစ်ကုန်တွင် ဟို တယ်နှင့် တည်းခိုရိပ်သာပေါင်း ၁,၁၀၆ လုံး၊ အခန်းအရေအတွက် ၄,၂၃၄ ခန်းရှိနေပြီး ၂၀၁၃ က ဟို တယ်နှင့် တည်းခိုရိပ်သာ ၉၂၃ လုံး၊ အခန်းအရေအတွက် ၃၄,၈၃၄ ခန်း ဖြစ်သောကြောင့် တစ်နှစ်တာအတွင်း အလုံးရေ ၁၈၃ လုံး၊ အခန်းအရေအတွက် ၈,၄၀၉ ခန်းအထိ တိုးတက်လာခဲ့ သည်။  
  • Sat 25 Apr 2015 - 18:09
    သင်္ကြန်အပါအ၀င် ပွဲတော်များတွင် ဟိုတယ်အခန်းခများမြင့်တက်မှုရှိ သော်လည်း အခန်းလိုအပ်ချက်ဖြည့် ပေးမှ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင် အသင်းဒုဥက္ကဋ္ဌက ပြောသည်။ သင်္ကြန်အပါအ၀င် ဒေသအ လိုက် ပွဲတော်များအတွင်း ဟိုတယ် ခများ ဈေးတက်ခြင်းနှင့် သာမန်အ ချိန်များတွင်လည်း ဟိုတယ်အခန်း ခများဒေသတွင်း နိုင်ငံများထက် ဈေးမြင့်နေခြင်းများ ရှိနေသော် လည်း ဟိုတယ်အသစ်များထပ်မံ တိုးချဲ့ဆောက်လုပ်မှသာ ထိုကဲ့သို့ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဒုဥက္ကဋ္ဌ ဦးခင် မောင်ပြုံးက ပြောသည်။ ‘‘ဟိုတယ်ခတွေ ဈေးလျှော့ ဖို့ဆိုတာ အစိုးရက ဘယ်လောက် ပဲယူပါလို့ ၀င်သတ်မှတ်လို့မရဘူး။သတ်မှတ်ရင်လည်း အသင်းက လည်း လက်ခံမှာ မဟုတ်ဘူး။ ဈေးနှုန်းကျဖို့က ဈေးကွက်လိုအပ်ချက် ကို ဖြည့်တင်းပေးနိုင်မှ ဖြစ်မယ်။ အခု ဟိုတယ်အသစ်တွေ ထပ်ဆောက်တာရှိလာတော့ ဈေးကွက်သဘောအရ ဈေးက မကြာခင် ပုံမှန်နှုန်းတစ်ခု ဖြစ်လာမှာပါ’’ ဟု ၎င်းက ပြောသည်။  
  • Thu 09 Apr 2015 - 18:06
    စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့လေဆိပ်သို့ မန်းရတနာပုံလေကြောင်း လိုင်းမှ တစ်ပတ်လျှင် တစ်ကြိမ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မန်းရတနာပုံလေကြောင်းလိုင်းသည် ခန္တီးသို့ ပြေးဆွဲသော ဒုတိယမြောက် လေကြောင်းလိုင်းဖြစ်လာပြီး လက်ရှိတွင် နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်း မှ ပုံမှန်ခရီးစဉ်များ ပြေးဆွဲလျက်ရှိနေကြောင်း သတင်းရရှိသည်။ မန်းရတနာပုံလေကြောင်းလိုင်းသည် ဧပြီ ၅ ရက်(တနင်္ဂနွေနေ့)မှ စတင်ကာ မန္တလေးမှ ခန္တီးသို့ တစ်ပတ်လျှင် တစ်ကြိမ် တနင်္ဂနွေတိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် ဦးကျော်မျိုးက ပြောသည်။

Pages

Subscribe to Tourism