Tourism

  • Sun 01 Mar 2015 - 15:48
    ပြည်ပခရီးစဉ် (Out Bound) အတွက် ပြည်ဝင်ခရီးစဉ် အတွေ့အကြုံ ၂ နှစ်ရှိရန် လိုအပ်ခြင်းနှင့် အရန်ငွေကျပ်သိန်း ၁၀၀ ထားရမည်ဟူသော အချက်တို့ကိုပယ်ဖျက်ပေးရန် ပြန်လည်တင်ပြမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA)အလုပ်အမှုဆောင် ပါမောက္ခ ခင်စိန်မောင်က ပြောသည်။
  • Sun 01 Mar 2015 - 15:47
    ပုဂံဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် JICA က ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အထိ သုံးနှစ် စီမံကိန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ရှေးဟောင်း အမွေအနှစ်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သတင်းရရှိသည်။ ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်း ၀န်ကြီးဌာနက ဦးဆောင်၍ ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီနှင့် ဒေသခံ ရပ်မိရပ်ဖများ ခရီးသွား လုပ်ငန်းဆိုင်ရာ ပညာ ရှင်များပါဝင်သော ပုဂံဒေသခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည်။
  • Sat 21 Feb 2015 - 18:34
    သဘာဝအခြေပြု ခရီးသွားလုပ် ငန်းမူဝါဒနှင့် ခရီးသွားလုပ်ငန်းမူဝါ ဒစီမံခန့်ခွဲမှု မဟာဗျူဟာပြဋ္ဌာန်း နိုင်ရေးအတွက် မူကြမ်းရေးဆွဲ ထားပြီး လာမည့် မေလတွင် အပြီး သတ်ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သတင်းရရှိသည်။ ‘‘Eco-Tourism (သဘာဝ အခြေပြု ခရီးသွားလုပ်ငန်း)နဲ့ပတ် သက်တဲ့မူကြမ်းကို ချပြပြီးဆွေး နွေးခဲ့တယ်။ လာမယ့်မတ်လမှာ အပြီးသတ် ဆွေးနွေးသွားဖို့ ရှိ တယ်’’ ဟု ဟိုတယ်/ခရီးဝန်ကြီး ဌာနပြန်ကြားရေးတာဝန်ရှိသူ ဦးရဲ အောင်မျိုးက ပြောသည်။
  • Sat 21 Feb 2015 - 18:31
    ပြည်ပခရီးစဉ် (Out Bound Tour) ဆောင်ရွက်ခွင့်ကို တရားဝင်ခွင့်ပြုခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် စတင်လျှောက်ထားနေသော ကုမ္ပဏီများပင် ရှိနေကြောင်း သတင်းရရှိသည်။  ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာန က ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်ပ ခရီးသွားလာခွင့်ကို တရားဝင်ခွင့် ပြုပေးခဲ့ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသော ခရီးသွား ကုမ္ပဏီ များ အနေဖြင့် ပြည်ပခရီးစဉ် ဆောင်ရွက်ခွင့်လိုင်စင် လျှောက် ထားနိုင်ပြီဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
  • Sat 14 Feb 2015 - 15:45
     မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (ATF)ကို ဇန်နဝါရီနောက်ဆုံးပတ်က နေပြည်တော်၌ ရှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။ အာဆီယံ ၁၀ နိုင်ငံအပြင် မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားစသော အာရှထိပ်သီးနိုင်ငံက ခရီးသွားလုပ်ငန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၄၀ ကျော်မှ တက်ရောက်သူ ၂,၀၀၀ ကျော် ရှိခဲ့သည်။
  • Sun 08 Feb 2015 - 15:46
    အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာအစီအစဉ် ဒုတိယပိုင်း ၁၀ နှစ်သတ်မှတ်ပြီး ရေရှည်တည်တံ့အောင် ထိန်းထားနိုင်သော တာဝန်သိခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။
  • Sun 08 Feb 2015 - 15:24
    ၂၀၁၄ အတွင်း မြန်မာနိုင်ငံသို့ အထူးလေယာဉ်၊ အပျော်စီးသင်္ဘော၊ ရွက်လှေတို့ဖြင့် လာရောက်သော ခရီးသည်များ၊ နိုင်ငံအတွင်း၌ မြစ်တွင်းအပျော်စီးသင်္ဘောများနှင့် မီးပုံးပျံလာရောက်စီးနင်းသူများထံမှ အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် ရရှိခဲ့သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
  • Thu 05 Feb 2015 - 23:30
    ဗြိတိန်နိုင်ငံအခြေစိုက် ကမ္ဘာကျော်ခရီးသွား Wanderlust မဂ္ဂဇင်း၏ စာဖတ်ပရိသတ်များက ကမ္ဘာပေါ်တွင် လည်ပတ်စရာအကောင်းဆုံး ဒုတိယမြို့အဖြစ် ပုဂံရှေးဟောင်းမြို့တော်ကို မဲပေးရွေးချယ်ခဲ့ကြောင်း သတင်းရရှိသည်။   ထိုမဂ္ဂဇင်းက စာဖတ်ပရိ သတ်များကို ၂၀၁၄ ခုနှစ်အတွင်း လည်ပတ်ခဲ့သည့် မြို့များ၊ လေကြောင်းလိုင်းဝန်ဆောင်မှုများ၊ ဧည့်လမ်းညွှန်တို့၏ ၀န်ဆောင်မှုများနှင့် ယင်းဒေသအပေါ် စိတ်ဝင်စားမှုများ မဲစနစ်ဖြင့် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကာ လာအိုနိုင်ငံ လွန်ပရာဘွန်ဒေသက နံပါတ်တစ်နှင့် ပုဂံမြို့က နံပါတ်နှစ် ရရှိခဲ့ခြင်းဖြစ်သည်။ နိုင်ငံချင်းစီအလိုက် အဆင့်နှိုင်းယှဉ်ခြင်းတွင်လည်း စိတ်ဝင်စားမှုအများဆုံး ၁၀ နိုင်ငံတွင် အဆင့် (၉) အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ‘‘အဓိကကတော့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲသွားတဲ့မူဝါဒတွေကြောင့် ကမ္ဘာက ပိုစိတ်ဝင်စားပြီး လာကြည့်ကြတယ်ထင်တယ်။ ပြီးတော့ ဒီလိုမျိုးအဆင့်သတ်မှတ်ခြင်းခံရတယ်ဆိုတော့ ပုဂံဒေသရဲ့ ကျော်ကြားမှုကို အရင်ကမသိတဲ့သူတွေလည်း သိသွားမယ်။ သိပြီးသားလူတွေအနေနဲ့လည်း ထပ်ပြီးတော့ လေ့လာချင်စိတ်တွေဖြစ်လာနိုင်ပါတယ်’’ဟု Amazing Dream ခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ကိုမျိုးကိုက ပြောသည်။ ပုဂံဒေသသို့လာရောက်ကြသော ကမ္ဘာလှည့်ခရီးသည်များသည် အဓိကအားဖြင့် နှစ်တစ်ထောင်နီးပါး သက်တမ်းကြာမြင့်သော ယဉ်ကျေးမှုအမွေအနှစ်များနှင့် အညာဒေသ၏ သဘာဝအလှများကို လေ့လာလိုကြခြင်းဖြစ်ပြီးဤသို့ရွေးချယ်ခံရခြင်းကြောင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ ယခုထက် ပိုမိုဖွံ့ဖြိုးလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
  • Thu 29 Jan 2015 - 22:27
    ထီးခီးနယ်စပ်ဝင်ပေါက်မှ ထိုင်းနိုင်ငံသို့ဘတ်စ်ကားဖြင့်သွားသော ခရီးစဉ်ကို ပြည်တွင်းခရီးသည်များ စိတ်ဝင်စားမှုများလာကြောင်း သတင်းရရှိသည်။ ထားဝယ်မြို့မှ ထီးခီးနယ်စပ် ၀င်ပေါက်ကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘန်ကောက်နှင့် ကန်ချနာပူရီ မြို့သို့ ငါးညအိပ်ခြောက်ရက်ခရီးစဉ်ပြေးဆွဲမှုကို ခရီးသည်များ စိတ်ဝင်စားမှု မြင့်တက်နေပြီး တစ်ခေါက်လျှင် ကားငါးစီး၊ ခရီးသည် နှစ်ရာခန့်သွားရောက်နေသည်ဟု သုခမိန်ခရီးသွားလုပ်ငန်းမှ ဦးမျိုးကြီးကပြောသည်။
  • Wed 28 Jan 2015 - 23:05
    မြန်မာက အာဆီယံနိုင်ငံများ ခရီးသွားလုပ်ငန်းဒေသဆိုင်ရာ အတွင်းရေးမှူးရုံးထူထောင်နိုင်ရေးတွင် သဘောတူလက်မှတ်ပါဝင်ရေးထိုးရန် လွှတ်တော်က အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။
  • Thu 22 Jan 2015 - 18:09
    သဘာဝအခြေပြုခရီးစဉ်တစ်ခုအ ဖြစ် ကယားပြည်နယ်သီးသန့် ခရီးစဉ်ကို ပြည်တွင်းခရီးသွားများ အတွက် ပထမဆုံးစတင်ပြေးဆွဲ နေပြီဟု သတင်းရရှိသည်။
  • Thu 22 Jan 2015 - 18:00
    ယခုနှစ်တွင် နိုင်ငံခြားသားဧည့် သည် လေးသန်းနှင့် ငါးသန်းကြား ၀င်ရောက်နိုင်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန ဒုဝန်ကြီး ဒေါက်တာတင်ရွှေ ကပြောသည်။
  • Sat 17 Jan 2015 - 18:16
    ကမ္ဘာ့မြောက်ဝင်ရိုးစွန်း ဒေသ အန္တာတိကတိုက်သို့ မြန်မာခရီး သည်များလည်ပတ်နိုင်ရန် Ocean Diamond အပျော်စီးသင်္ဘောဖြင့် ပို့ဆောင်ရန် ပြည်တွင်း ကုမ္ပဏီတစ်ခုက စီစဉ်နေသည်ဟု သတင်းရရှိသည်။
  • Sat 17 Jan 2015 - 18:15
    ပုဂံရှေးဟောင်းဇုန် ဝင်ကြေးအား ဇန်နဝါရီမှစတင်ကာ အမေရိကန် ၁၅ ဒေါ်လာမှ ၂၀ သို့  တိုးမြှင့်ကောက်ခံနေပြီဟု ပုဂံရှေးဟောင်းသုတေသနဦးစီးဌာနမှ သတင်းရရှိသည်။
  • Sat 10 Jan 2015 - 16:59
    ယူနက်စ်ကို စာရင်းဝင် ရှေးဟောင်းပျူမြို့ဟောင်း သုံးမြို့သို့ ခရီးသွားများ သွားရောက်လည် ပတ်နိုင်ရန် ပြည်တွင်းခရီးသွား အေဂျင်စီတစ်ခုမှ ခရီးစဉ်ရေးဆွဲ ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 10 Jan 2015 - 16:56
    မြန်မာ့ခရီးသွားလုပ်ငန်း ၌ ပြည်ပနိုင်ငံများက အမေရိကန်ဒေါ်လာ သန်း ၂,၅၀၀ ကျော်အထိ ဟိုတယ်စီမံကိန်းများတွင်ရင်းနှီးမြှုပ်နှံထားရာ စုစုပေါင်း အလုပ်အကိုင်၏ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ အလုပ်အကိုင်ရှာဖွေပေးနိုင်ခဲ့သည်ဟု ဟိုတယ်/ခရီးဝန်ကြီးဌာနမှ သတင်းရရှိသည်။၂၀၁၃ တွင်ခရီးသွားလုပ်ငန်းမှ  အလုပ်အကိုင် ရှစ်သိန်းနှစ်
  • Mon 05 Jan 2015 - 16:55
    မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ၂၀၁၄ အတွင်း တိုးတက်မှုများရှိခဲ့သော်လည်း ၀န်ဆောင်မှုပိုင်းတွင် များစွာလိုအပ်ချက်ရှိနေသေးသည်ဟု ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများက ထောက်ပြကြသည်။
  • Sat 27 Dec 2014 - 16:47
    ပုဂံမြို့ဟောင်းက နန်းတော်ရာကို နောက်ခံထားပြီး ခေတ်မီဆလိုက်မီးများသုံးကာ သုံးဖက်မြင်သရီးဒီ ပရိုဂျက်တာများဖြင့် ပြဇာတ်တစ်ခုကပြရန် ခင်းကျင်းထားသည့် အပြင်အဆင်များက ပရိသတ်ကို စတင်ဆွဲဆောင်တော့သည်။ နန်းတော်ရာဝင်းအတွင်း ညစဉ်ညတိုင်းကပြဖျော်ဖြေသည့် ဒဏ္ဍာရီကိုကြည့်ရင်း သမိုင်းအဖြစ်အပျက်များကို ပြန်တွေးမိပေလိမ့်မည်။ နိုင်ငံတကာအဆင့်မီ ပြင်ဆင်မှုများဖြင့် ဒဏ္ဍာရီ (Dandaree) ပြဇာတ်ကို နိုင်ငံခြားသားဧည့်သည်များအတွက် ရည်ရွယ်ပြီး ယခုနှစ် နိုဝင်ဘာမှစတင်ကာ ပုဂံတွင် ကပြခဲ့သည်။
  • Sun 21 Dec 2014 - 18:26
    အိန္ဒိယနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအား ကမ္ဘာ လှည့်ခရီးသည်ဆိုက်ရောက် ဗီဇာ အတွက် အွန်လိုင်းမှ လျှောက်လွှာ တင်မှုကို နိုဝင်ဘာ ၂၇ ရက်တွင် စတင်ဆောင်ရွက်နိုင်ပြီဟု မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်သည်။
  • Sun 21 Dec 2014 - 18:22
    ပုဂ္ဂလိက လွှဲပြောင်းလုပ်ကိုင်ထားသော မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်သည် ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ပြေးဆွဲသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။            

Pages

Subscribe to Tourism