-
Fri 10 Jun 2016 - 16:29
တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်၊ရပ်ကွက်(၃)၊ စွယ်တော်လမ်း ၊အိမ်အမှတ် (၁၉) ရှိ ၀တ်ရည် တရုတ်-မြန်မာစားသောက်ဆိုင်ဖွင့်လှစ်ထားသည့် နှစ်ထပ်တိုက်အိမ် တွင် ယနေ့ (ဇွန်လ၁၀ ရက်)မွန်းလွဲ ၁နာရီ ၄၅ မိနစ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
-
Fri 10 Jun 2016 - 14:34
-
Fri 10 Jun 2016 - 13:48
တောင်ကြီးမြို့၊ မြို့မရဲစခန်းဝင်း အတွင်းရှိ ညောင်ပင်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းဘုရားဆင်းတုတော်မှ မျက်လုံးတော်ပွင့်သည်ဟုဆိုကာ ဒေသခံပြည်သူများ လာရောက်ဖူးမြော်လျက် ရှိသည်။
-
Fri 10 Jun 2016 - 09:56
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာတွင် ဇွန်လ ၉ ရက် နေ့လယ်ပိုင်းက မိုးသည်းထန်ကာ လေဆင်နှာမောင်း ၀င်ရောက်တိုက်ခတ်၍ လူနေအိမ်သုံးဆယ်ကျော်မှာ ခေါင်းမိုးလန်၊ ထရံကွာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
-
Thu 09 Jun 2016 - 17:15
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ၏ ကျပ် ၂သန်းတန် ငွေဖြည့်ကတ် ပိုင်ဆိုင်မည့်ကံထူးရှင် ၂၀ဦးအား မနက်ဖြန်(ဇွန်၁၀ရက်)တွင် သိရမည်ဟု MPT ၏စီးပွားရေးဌာနအကြီးအကဲဦးသိန်းဟုတ် ကပြောသည်။
-
Thu 09 Jun 2016 - 17:13
ရခိုင်ပြည်နယ် မြေပုံမြို့ရှိ သုသာန်မီးသဂြိုလ်စက်ကို ဇွန်လ ၈ ရက် ညက ဖာက်ထွင်းခံခဲ့ရကြောင်း သတင်းရရှိသည်။
-
Thu 09 Jun 2016 - 11:03
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နှင့်ဝန်းသိုမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ယနေ့ဇွန်လ ၉ရက် နံနက်ပိုင်းတွင် တောင်ကျချောင်းရေများ မြို့ပေါ်ရပ်ကွက်များနှင့်မြေနိမ့်ပိုင်းကျေးရွာများသို့ စီးဆင်းလာ၍ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
-
Wed 08 Jun 2016 - 15:48
ကဗျာဘွဲ့မှူးကို ယုံကြည်စွာငွေအပ်နှံခဲ့သည့်အနုပညာရှင်များ၏ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့(ဇွန်လ ၈ ရက်)က Orchid ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
-
Wed 08 Jun 2016 - 15:48
ရဲသင်တန်းသားများ၏ လိုအပ်ချက်များ၊ မျှော်လင့်ချက်များကို ဖြည့်ဆည်း မပေးနိုင်လျှင် အဖိုးတန်ရဲများ မွေးထုတ်ပေးရာတွင် ပြဿနာ ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ် (၁) ရဲလေ့ကျင့်ရေးကျောင်းကို ရဲတပ်ဖွဲ့သင်တန်းကျောင်းများ၏ စံပြ သင်တန်းကျောင်းအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည်ဟု
-
Wed 08 Jun 2016 - 13:42
သမ္မတဦးထင်ကျော်၏ ဖိတ်ကြားမှူဖြင့် ဇွန်လ ၇ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် စင်္ကာပူနိုင်ငံဝန်ကြီးချုပ်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဇွန် လ ၈ရက်)နံနက်ပိုင်းက
-
Sun 05 Jun 2016 - 16:34
ဇွန်လ (၅ )ရက်တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် Bicycle Network Myanmar မှ စက်ဘီးဝါသနာရှင်များက စက်ဘီးစီးရေ ၂၀၀ ကျော်ဖြင့် ရန်ကုန်-လက်ခုပ်ကုန်းကမ်းခြေ အထိ စက်ဘီးခရီးဖြင့် သွားရောက်ခဲ့ပြီး သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။
-
Sun 05 Jun 2016 - 14:54
ပျဉ်းမနားမြို့နယ် အတွင်းရှိ ခေါင်းရွက်ဈေးသည် ၁၄၂၅ ဦး ကိုတစ်ဦးလျှင် ကျပ်တစ်သိန်း စီ စိုးလျှပ်စစ်ဖောင်ဒေးရှင်းမှလှူ ဒါန်းနေကြောင်းသိရသည်။
ယနေ့ (ဇွန်လ ၅ ရက်) တွင် နေပြည်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီရပ်ကွက်၊၁၄ လမ်းအတွင်းရှိ အေးငြိမ်းချမ်းသာ ဂိလာနဘိုးဘွားရိပ်သာ၌ လှူဒါန်းနေခြင်းဖြစ်သည်။
စိုးလျှပ်စစ်ဖောင်ဒေးရှင်ဥက္ကဌဦးစိုးတင့်သည် ပျဉ်းမနားမြို့တွင်းရှိ မူလတန်းကျောင်း(၁၂)ကျောင်း၊ အထက်တန်းကျောင်း (၄) ကျောင်း၊ ဓမ္မာရုံ (၇)ရုံအား ပြန်လည်ဆောက်လုပ်ပေးခဲ့ပြီး ပျဉ်းမနားမြို့ ၆ လမ်းရှိ ပေါင်းလောင်းမြစ်ကူးတံတားအား (ယခင် ၂ လမ်းသွား) ကို ၄ လမ်းသွား အဖြစ်တိုးချဲ့ဆောက်လုပ်ရန်လှူ ဒါန်းထားကြောင်း သိရသည်။
-
Sun 05 Jun 2016 - 12:52
ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်သည့် ယနေ့ (ဇွန်လ၅ ရက်)တွင် တောင်ကြီးမြို့ အရှေ့ဘက်အထွက်ရှိ ထင်းရှူးပင်တောကို ကာကွယ်စောင့်ရှောက်ရန် လှုပ်ရှားမှုတစ်ခုကို အဆိုပါထင်းရှူးတောတွင် ပြုလုပ်ခဲ့ကြသည်။
-
Sun 05 Jun 2016 - 11:05
ဘောဂသီရိကားကြီးဝင်းနှင့် ပျဉ်းမနားမြို့အရှေ့ဘက်ရှိ အဟာရသုခဈေး လမ်းဆုံးအနီးရှိ ပေါင်းလောင်းမြစ်ကူးတံတားပေါ်တွင် သကြားတင်ဆောင်လာသော နောက်တွဲကားတစ်စီး ဇွန်လ ၄ ရက် ည ၁၂ နာရီအချိန်ခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ကားတိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသူ ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း အဆိုပါနေရာတွင်တာဝန်ကျသည့် ယာဉ်ထိန်းတစ်ဦးကပြောသည်။
-
Sun 05 Jun 2016 - 11:00
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ Green Campaign လှုပ်ရှားမှုအဖြစ် မုံရွာမြို့ ကမ်းနားလမ်း အိုးဘိုထောင်ရပ်ကွက်၊ ၁၀ပေါက်တွဲ ရေထိန်းတံခါးမှ ကွေ့ကြီးရပ်ကွက် တိုင်းဒေသကြီးအစိုးရရုံးတောင်ဘက်အထိ မုံရွာဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်းများစုပေါင်း၍ ဇွန်လ ၅ ရက် နံနက်ပိုင်းတွင် သစ်ပင်စိုက်ပျိုးခဲ့ကြသည်။
-
Sun 05 Jun 2016 - 10:58
မယ်ကမ္ဘာမြန်မာ ၂၀၁၆ ပြိုင်ပွဲကို ဇွန်လ ၄ ရက်ညက ကျင်းပပြုလုပ်ခဲ့ရာ အသက် ၁၇ နှစ်အရွယ် အလှမယ် မြတ်သီရိလွင် (ခ) Bella က Winner ဆုရရှိခဲ့သည်။
-
Sun 05 Jun 2016 - 10:39
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာတွင် ကျောက်ထုတ်လုပ်သည့် Long Life Aggregate Co.Ltd ကို ပိတ်သိမ်းပေးရန် ယနေ့(ဇွန်လ ၅ ရက်)နံနက်က ဒေသခံ ၅၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့သည်။
-
Sun 05 Jun 2016 - 10:37
နိုင်ငံတော်သမ္မတဦးထင်ကျော်သည် သမ္မတတာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် အခမ်းအနားတက်ရောက်ခြင်း အဖြစ် ယနေ့(ဇွန်လ ၅ ရက်)တွင် နေပြည်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၌ ကျင်းပသည့် ၂၀၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။
-
Fri 03 Jun 2016 - 14:04
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်မြှောက် မွေးနေ့အထိမ်းအမှတ် " 71 Suu's solo photo show" ဓာတ်ပုံပြပွဲကို မင်္ဂလာမန္တလေး ရှိ သီရိအနုပညာပြခန်းတွင် ဇွန်လ ၃ ရက်မှ ၅ ရက်အထိ ၃ရက်ကြာ ပြသလျှက်ရှိသည်။
-
Thu 02 Jun 2016 - 17:05
Myanmar Media 7 ကုမ္ပဏီ၏ အနုပညာလှုပ်ရှားမှုများအကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့(ဇွန်လ ၂ ရက်)နေ့လယ်က နိုဗိုတယ်ဟိုတယ၌ ပြုလုပ်ခဲ့သည်။