အောင်လံမှာ မြစ်ရေတက်လာလို့ အိမ်ထောင်စုပေါင်း(၁၇၀) ရွှေ့ပြောင်းနေရ

Mon, 2017-07-17 16:36 -- zaythu

ဧရာဝတီမြစ်ရေမြင့်တက်လာတာကြောင့် မကွေးတိုင်း အောင်လံမြို့နယ်အတွင်းမှာ အိမ် ထောင်စုပေါင်း(၁၇၀)နဲ့ လူဦးရေ (၆၀၀)ကျော်ကို ရေလွတ်ရာနေရာများသို့ အရေးပေါ်ရွေ့ပြောင်းနေထိုင် နေ ရတယ်လို့ သိရပါတယ်။ အောင်လံမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့  သရက်တော၊ စမ်းချောင်း၊ စက်ရုံစတဲ့ ရပ်ကွက်တွေနဲ့ မြို့နယ်တွင်း ကျေးရွာနှစ်ရွာက ဒေသခံမိသားစုတွေ  ရွေ့ပြောင်းနေထိုင်နေရတာ ဖြစ်တယ်လို့  သိရပါတယ်။

ရွှေ့ပြောင်သူတွေဟာ လတ်တလောအချိန်မှာ  ပြည်လမ်းမကြီးနံဘေး ကုန်းမြင့်ရာနေရာတွေနဲ့ မြို့ပေါ်နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ရွေ့ပြောင်းနေထိုင်သူတွေ အတွက်  သန့်ရှင်းတဲ့ သာက်သုံးရေး ရရှိဖို့  အရေးပေါ် လိုအပ်နေတယ်လို့လည်း သရက်တော ရပ်ကွက်မှ ရွေ့ပြောင်းနေထိုင်ရသူ တစ်ဦးကပြောပါတယ်။ 

အောင်လံမြို့နဲ့ စိုးရိမ်ရေအမှတ်မှာ (၂၅၅၀)စင်တီမီတာဖြစ်ပြီး လက်ရှိ ဇူလိုင်လ(၁၇)ရက် နေ့လယ်(၁)နာရီ ခွဲ အချိန် တိုင်းတာချက် အရ ဧရာဝတီမြစ်ရေမှာ (၂၅၀၁) စင်တီမီတာသို့ ရောက်ရှိနေတယ်လို့ အောင်လံမြို့နယ် မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနရုံး ကနေ သိရပါတယ်။

ရုပ်သံသတင်းထောက်-လင်းသက်နိုင်

Monday, July 17, 2017