IS အဖွဲ့ဝင်တစ်ဦးကို တွေ့ရင် သတင်းပေးပါဆိုတဲ့ ထုတ်ပြန်ချက် ရန်ကုန်တိုင်းက ထုတ်ပြန်တာမဟုတ်

Mon, 2017-07-17 19:50 -- zaythu

ပြည်ပ အကြမ်းဖက် အဖွဲ့ (IS) အဖွဲ့ဝင်တစ်ဦးကို တွေ့ရင် သတင်းပေးတိုင်ကြားနိုင်တယ်ဆိုတဲ့ လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ ထုတ်ပြန်ချက်ဟာ  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်တာမဟုတ်ဘူးလို့ သတင်းရရှိပါတယ်။ ဒီကနေ့ ညနေ လေးနာရီလောက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အသုံးပြုနေတဲ့ Yangon Police လို့ ခေါ်တဲ့ လူမှုကွန်ရက် စာမျက်နှာမှာ  တရားဝင် ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ကတော့ လူမှုကွန်ရက် စာမျက်နှာတွေနဲ့ Thein Kyaw အကောင့်အမည်နဲ့ IS တပ်ဖွဲ့ဝင် တစ်ဦး တွေ့ရှိက သတင်းပေး တိုင်ကြားရန် ခေါင်းစဉ်နဲ့ ဓာတ်ပုံတစ်ပုံ ပါရှိတဲ့ ထုတ်ပြန်ချက်အပေါ် မဟုတ်မှန်ကြောင်း ငြင်းဆိုထားတာပါ။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ မဟုတ်မှန်ကြောင်း ဖော်ပြချက်ထဲမှာ IS လက်ရွေးစင် တယောက်ဖြစ်ကြောင်း၊ မြန်မာစကားကျွမ်းကျင်စွာ ပြောဆိုနိုင်သူ ဖော်ပြပါ အကြမ်းဖက်သမားကို နီးစပ်ရာ ရဲစခန်းမှာ သတင်းပေးကြပါရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဖုန်းနံပါတ်တွေနဲ့ ဓာတ်ပုံနဲ့ ပူးတွဲ ပါရှိတဲ့ ဖော်ပြချက်တွေဟာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြတာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

ရုပ်သံ သတင်းထောက် - အလှလေး သူဇာ

Monday, July 17, 2017