လှည်းကူးကျူးကျော်တွေကိစ္စအတွက် ရဲစခန်းမှာ တိုင်ကြားမှု ခုနှစ်မှုသာ ရှိသေး

Mon, 2017-07-17 19:54 -- zaythu

အမြန်လမ်းဘေးက မြေတွေကို အကွက်ရိုက်ရောင်းချခဲ့တဲ့သူတွေနဲ့ ပတ်သက်ပြီး နစ်နာသူတွေရဲ့  တိုင်တန်းမှု  ခုနှစ်မှုသာ ရှိပြီး အဲဒီထဲက တိုင်တန်းသူ တစ်ဦးကို ဖမ်းမိထားပြီ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ လှည်းကူးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၃ ဘေးက မြေတွေကို လူ ၂၇ ဦးပါတဲ့ အဖွဲ့တဖွဲ့က မြေကွက်တွေ သတ်မှတ်ပြီး အနည်းဆုံး ကျပ်ငွေ ငါးသိန်းနဲ့  နေထိုင်မယ့်သူတွေကို ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ လှည်းကူးက ကျူးကျော်တွေကို ဖယ်ရှားခံရတဲ့အချိန် တလကျော် ရှိလာပေမယ့် နစ်နာသူတွေဘက်က တိုင်ကြားမှုကတော့ ခုနှစ်မှုပဲ ရှိနေသေးတာ တွေ့ရပါတယ်။
 

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က စတင်ပြီး တိုင်းဒေသကြီး အစိုးရအမိန့်နဲ့ လှည်းကူးမြို့နယ်အတွင်း အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃ နားက ကျူးကျော်တဲတွေကို လူအင်အားများစွာနဲ့ ဖယ်ရှားခဲ့ပါတယ်။ အဲဒီထဲက နစ်နာသူတွေကတော့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို တွေ့ခွင့် သုံးကြိမ် တွေ့ခွင့်တောင်းခဲ့ပြီး သုံးကြိမ်မြောက်မှာ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ တွေ့ဆုံရာမှာ  တရားဥပဒေ လမ်းကြောင်းနဲ့ ဆောင်ရွက်ရင်  ရန်ကုန်တိုင်းအစိုးရ အနေနဲ့ ကူညီပေးမယ်လို့ ပြောကြားခဲ့တယ်လို့ တွေ့ဆုံခွင့် ရရှိခဲ့သူ ဦးသိန်းအောင်က ပြောကြားခဲ့ပါတယ်။
 

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Monday, July 17, 2017

Top News