“ရွှေနဲ့ ဝေးကွာနေတာကြာပြီဖြစ်တဲ့ လူငယ်ရေကူးလက်ရွေးစင်တွေရဲ့ စကား”

Fri, 2017-08-11 11:51 -- zaythu
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဆီးဂိမ်း စတင်ဖို့ ၈ ရက်ပဲ လိုပါတော့တယ်။
 
ဆီးဂိမ်း သွားရောက်ယှဉ်ပြိုင်မယ့် ရေကူးလက်ရွေးစင်ကစားသမားတွေဟာ ပြိုင်ပွဲအတွက် အပြင်းအထန်လေ့ကျင့်နေပြီဖြစ်ပါတယ်။ ရေကူးအားကစားဟာ ဆီးဂိမ်းမှာ ရွှေနဲ့ အလှမ်းဝေးနေခဲ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်ပွဲမှာဝင်ပြိုင်မယ့် ကစားသမားတွေဟာ တကယ့်လူငယ်ခြေတက်လေးတွေဖြစ်တာကြောင့် သူတို့ရဲ့ စိတ်ဓာတ်အားမာန်ကလည်းအပြည့်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံအတွက်ဆုတံဆိပ်တွေ အရယူပေးဖို့ ကြိုးစားနေကြတဲ့ ရေကူးကစားသမားတွေရဲ့ ပြင်ဆင်နေမှုတွေနဲ့ မျှော်လင့်ချက်ပြောစကားတွေကိုတင်ဆက် လိုက်ရပါတယ်။
 
၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ သြဂုတ်လ ၁၉ ရက်ကနေ စတင်ကျင်းပမှာပါ။
 
ကစားနည်းစုစုပေါင်း ၃၈ မျိုးမှာ မြန်မာနိုင်ငံက ကစားသမားတွေဟာ ကစားနည်း ၂၉ မျိုးမှာပါဝင်ကစားဖို့ လျာထားတယ်လို့ သိရပါတယ်။
 
ဆီးဂိမ်းပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မယ့် ကစားနည်းအလိုက် ကစားသမားတွေရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို 7Day TV ကနေ နေ့စဉ် မွန်းလွဲ ၁ နာရီ တိုင်းမှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။
 
ကင်မရာ- အောင်မျိုးထွန်း၊ ယဉ်မွန်
 
Friday, August 11, 2017

Top News