ပရိသတ်အားပေးမှုကြောင့် ဇာတ်ကားတွေလက်ခံဖြစ်တာပါဆိုတဲ့ မိတ်ကပ်ခင်စန်းဝင်း

Fri, 2017-08-11 13:43 -- zaythu

“မကြီးစန်းနဲ့ သူ၏ချစ်သူများ” ရုပ်ရှင်ဇာတ်ကားအပြီး မိတ်ကပ်ခင်စန်းဝင်း အနေနဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ “တစ်နေ့မှ မောင့်ကို အဲ့ဒီအကြောင်းတွေပြောပြရဦးမယ်” ဇာတ်ကားကို  စင်တင်မင်းသားသစ် အေးချမ်းမောင် နဲ့အတူ ရိုက်ကူးနေပါတယ်။

မကြီးစန်းအနေနဲ့ ဇာတ်ကားတွေဆက်လက်ရိုက်ကူးဖို့ အစီအစဉ် မရှိပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကြောင့်သာ ရို်က်ကူးဖြစ်တာလို့ ဖွင့်ဟလာပါတယ်။

မိတ်ကပ် ခင်စန်းဝင်းအနေနဲ့ မိန်းမလျာတစ်ယောက်အဖြစ် မေတ္တာဖွဲ့ဇာတ်လမ်းတွေကို ရိုက်ကူးဖို့လက်ခံထားသလို နောက်ထပ်ဇာတ်ကားတွေ လက်ခံထားသေးတယ်လို့ ပြောပါတယ်။

မိန်းမလျာတစ်ယောက် အနေနဲ့ ဇာတ်ကားတွေရိုက်ကူးမှု အပေါ်မှာ ပရိသတ်တွေလက်ခံလာတာကြောင့် ဝမ်းသာမိသလို နောက်ထပ် ဇာတ်ကားတွေမှာလည်း ဝေဖန်အားပေးကြဖို့ မိတ်ကပ်ခင်စန်းဝင်းက ပြောလာပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Friday, August 11, 2017

Top News