ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်တွေ ပါဝင်မှု နည်းနေသလား

Fri, 2017-08-11 14:33 -- zaythu

ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ လူငယ်တွေရဲ့ပါဝင်မှုက အားနည်းနေသေးတယ်လို့ UPDJCရဲ့ အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်ကပြောပါတယ်။ ဒီကနေ့ သြဂုတ်၁၁ရက်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးပါတီတွေက လူငယ်များ ပါဝင်မှုမြှင့်တင်မှု ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

လူငယ်တွေအနေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ ပါဝင်နိုင်ပေမယ့် နိုင်ငံရေးပါတီတွေ၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေမှာ ပါဝင်နိုင်မှုကတော့ အားနည်းမှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

အဲဒီ့ဆွေးနွေးပွဲက သြဂုတ်၁၂ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၅၀ကျော်က လူငယ်တွေတက်ရောက်ကြပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးပါတီက လူငယ်တွေရဲ့ အခန်းကဏ္ဍတွေကို စကားဝိုင်းဆွေးနွေးပွဲတွေ၊ အုပ်စုဖွဲ့ဆွေးနွေးမှုတွေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Friday, August 11, 2017

Top News