ဆီးဂိမ်းမှာ ရွှေမှန်းတဲ့ မြန်မာ ယူ - ၂၂ အသင်း မလေးရှားနိုင်ငံကို သွားပြီ

Fri, 2017-08-11 17:09 -- zaythu

မြန်မာ ယူ၂၂ ဘောလုံး အမျိုးသားအသင်းဟာ ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းမှာ သွားရောက်ယှဉ်ပြိုင်ဖို့ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

မြန်မာ ယူ၂၂ အသင်းဟာ ရွှေကို မျှော်မှန်းပြီး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်တယ်လို့  မြန်မာယူ ၂၂ အသင်းရဲ့ နည်းပြချုပ် Gerd Zeise က ပြောပါတယ်။ မြန်မာအသင်းဟာ  သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းမှာ   စင်ကာပူအသင်းနဲ့ စတင် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

မြန်မအသင်းဟာ အုပ်စု (က)မှာ ပါဝင်ပြီး၊ အိမ်ရှင် မလေးရှားအသင်းနဲ့အတူ၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်း အစရှိတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ သြဂုတ်လ ၁၄ရက်နေ့မှာတော့ စင်ကာပူအသင်းနဲ့ စတင်ကစားရမှာဖြစ်ပြီး၊ ၁၆ ရက်နေ့မှာ လာအို၊ ၁၈ ရက်နေ့မှာ ဘရူနိုင်း၊ ၂၁ ရက်နေ့မှာတော့ အိမ်ရှင်မလေးရှားအသင်းနဲ့ 
ရင်ဆိုင်ကစားပြီး အုပ်စုအဆင့်ကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Friday, August 11, 2017

Top News