အလုံဈေးဟောင်းနေရာမှာ ဈေးသစ်ဆောက်မှာကို ဘာကြောင့် ဆန္ဒပြတာလဲ

Fri, 2017-08-11 17:15 -- zaythu

မီးလောင်ခဲ့တဲ့ အလုံဈေးဟောင်းနေရာမှာ နှစ်ထပ်ဈေးသစ် တည်ဆောက်မယ့် စီမံကိန်း ကနေ သုံးထပ် ဈေးသစ် တည်ဆောက်ဖို့  ပြောင်းလိုက်တာ ကို ဈေးသူ ဈေးသား တွေက ဒီကနေ့ သြဂုတ်လ ၁၁ ရက်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက ရန်ကုန်မြို့တော် စည်ပင်သာယာရေး လက်အောက်မှာရှိတဲ့ ဈေးများဌာနကို ဆန္ဒ ထုတ်ဖော်ခဲ့တာပါ။
 
နှစ်ထပ်ဈေး ဆောက်ပါက အထပ်မမြင့်တဲ့အတွက် လာရောက်ဝယ်ယူသုတွေအနေနဲ့ အပေါ် ထပ် ကို တက်လာနိုင်ပေမယ့် သုံးထပ် ဆောက်လုပ်လိုက်မယ်ဆိုရင်  အပေါ်ဆုံးထပ်ထိ တက်ပြီး ဈေးဝယ်မယ့် သူ နည်းပါးနိုင်တာကြောင့် သုံးထပ် ဆောက်မယ့် အပေါ် လက်မခံတာလို့ လည်း ဆန္ဒပြသူတွေ က ဆိုကြပါတယ်။
 
လက်ရှိ  အလုံဈေးမှာ တရားဝင် ဆိုင်ခန်းရရှိမယ့် အခြေအနေက ဆိုင်ခန်းပေါင်း ၂၁၆ ခန်း ရှိတယ်လို့ သိရပါတယ်။ ဒီကနေ့ လမ်းလျှောက် ဆန္ဒပြမှုကို တရားဝင် ခွင့်ပြုချက်တင်ပြု လုပ်ခဲ့တာဖြစ်ပြီး  အလုံဈေးသူဈေးသား နှစ်ရာကျော် ပါဝင်ခဲ့ကြကာ အလုံဈေးနဲ့ ဆင်မင်းဈေး အပါအဝင် အလုံမြို့နယ်အတွင်းက လမ်းတွေမှာ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
 
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Friday, August 11, 2017

Top News