“ရွှေသယ်ဆောင်လာနိုင်ဖို့ ယုံကြည်ချက်တွေပြည့်နေတဲ့ ရိုးရာခြင်းအားကစားသမားတွေ"

Sat, 2017-08-12 10:45 -- zaythu

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဆီးဂိမ်း စတင်ဖို့ ၈ ရက်ပဲ လိုပါတော့တယ်။
 
ဆီးဂိမ်း သွားရောက်ယှဉ်ပြိုင်မယ့် ရိုးရာခြင်းအားကစားသမားတွေဟာ  ပြိုင်ပွဲအတွက် အပြင်းအထန်လေ့ကျင့်နေပြီဖြစ်ပါတယ်။ မြန်မာ့ရိုးရာကစားနည်းဖြစ်တာကြောင့် ရွှေအမြဲရလေ့ရှိတဲ့ ရိုးရာခြင်းလုံးအားကစားဟာ နိုင်ငံအတွက် ၂၀၁၃ ခုနှစ် ဆီးဂိမ်းပွဲမှာ ရွှေ ၆ ခုယူပေးနိုင်ခဲ့ပြီးတော့ ၂၀၁၅ ခုနှစ် ဆီးဂိမ်းမှာတော့ ရွှေတံဆိပ် ၂ ဆုယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ 

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ သြဂုတ်လ ၁၉ ရက်ကနေ စတင်ကျင်းပမှာပါ။
 
ကစားနည်းစုစုပေါင်း ၃၈ မျိုးမှာ မြန်မာနိုင်ငံက ကစားသမားတွေဟာ ကစားနည်း ၂၉ မျိုးမှာပါဝင်ကစားဖို့ လျာထားတယ်လို့ သိရပါတယ်။
 
ဆီးဂိမ်းပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မယ့် ကစားနည်းအလိုက် ကစားသမားတွေရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို 7Day TV ကနေ နေ့စဉ် မွန်းလွဲ ၁ နာရီ တိုင်းမှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။
 
ကင်မရာ- ဖိုးအောင်၊ မောင်သင်တုန်း

Saturday, August 12, 2017

Top News