7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Sat, 2017-08-12 10:50 -- zaythu
၁။ အခွင့်အရေးကို အနုတ်လက္ခဏာပုံစံနဲ့သုံးစွဲသူတွေရှိတယ်လို့ဒေါ်အောင်ဆန်းစုကြည်ပြော
 
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလမှာ ဒီမိုကရေစီအခွင့်အရေးတွေကို အနုတ်လက္ခဆောင်တဲ့ ပုံစံ နဲ့သုံးစွဲနေသူတချို့ ရှိနေတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
 
သြဂုတ်လ ၁၁ ရက်နေ့က နေပြည်တော် MICC 2 ခန်းမ မှာ ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲရဲ့ အဖွင့် မိန့်ခွန်းမှာ ထည့် သွင်းပြောကြားခဲ့တာဖြစ်ပါတယ် ။
 
အစိုးရသစ် တာဝန်ယူတဲ့ တစ်နှစ်ခွဲကာလအတွင်း မှာ ဒီမိုကရေစီ အခွင့်အရေးတွေကို အပြုသဘော ဆောင်တဲ့ ပုံစံနဲ့ သုံးစွဲနေကြသူတွေရှိသလို တချို့ကတော့ အဲဒီလို မဟုတ်ဘဲ အနုတ်လက္ခဏာ ဆောင်တဲ့ ပုံစဲနဲ့ သုံးစွဲနေကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။
 
ဒါပေမယ့် ဒီမိုကရေစီအခွင့်အရေးတွေကို ဘယ်သူတွေက ဘယ်လိုသုံးစွဲနေတယ်ဆိုတာကို ပြည်သူတွေက သိကြတယ်လို့လည်းဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
 
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ကို လျှောက်တဲ့လမ်းမှာ အတိတ်ရဲ့ သားကောင်အဖြစ်က နေ ရုန်ထွက်နိုင်အောင် လုပ်ဖိုနဲ့ အတိတ်ကို သင်ခန်းစာအဖြစ်သာယူပြီး ပစ္စပ္ပုန်မှာ ဒီမိုကရေစီအတွက် ရုန်း ကန်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
 
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လည်း ငြိမ်းချမ်းရေးရဲ့ အခြေခံက တစ်ဦးပေါ် တစ်ဦးလေးစားခြင်း၊ တစ်ဦးပေါ် တစ်ဦး နားလည်မှု ရှိခြင်းဖြစ်တာ မို့ အမြင်မကျယ်ရင် ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ပြောပါတယ် ။
 
မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် ဆွေးနွေးပွဲကို သုံးရက်တာ ကျင်းပ သွားမှာဖြစ်ပြီး ပြည်တွင်းပြည်ပ က ဖိတ်ကြားထားတဲ့ နိုင်ငံရေး သိပ္ပံပညာရှင်တွေ ၊ သုတေသီတွေ ၊ စိစစ်ဝေဖန်သူတွေ အပြင် ၊ နိုင်ငံရေးနယ်ပယ် မှာ လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေသူတွေ ၊ကမ္ဘာ့တိုင်းပြည်တွေရဲ့ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်မှာ ပါဝင် ဆောင်ရွက်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိသူတွေ ပါဝင်မှာ ဖြစ်ပါတယ်။
 
၂ ။ ယူရိုသန်းငါးရာကျော်ဖိုး ရောင်းခဲ့ရတဲ့ ကျောက်မျက်ပွဲ
 
နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာပြုလုပ်တဲ့ ၅၄ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ယူရိုသန်း ငါးရာကျော်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
ကျောက်မျက်တွဲ၊ ကျောက်စိမ်းတွဲ စုစုပေါင်း ၆၈၈၇ တွဲ ရောင်းချဖို့ခင်းကျင်းပြသခဲ့ရာ ခြောက်ရက်အတွင်း အတွဲပေါင်း ၅၁၉၇ တွဲ ရောင်းချခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
 
သြဂုတ်လ ၆ ရက်က နေ ၁၁ ရက် အထိ ကျင်းပခဲ့တဲ့ မြန်မာ့ကျောက်မျက်ရတနာရောင်းချပွဲမှာ ဈေးအမြင့်ဆုံးဖြစ်တဲ့ ယူရို ၁၂ သန်းတန် ကျောက်စိမ်းတွဲကိုတော့ ဝယ်ယူမယ့်သူ မရှိခဲ့ပါဘူး
 
ဒီပြပွဲမှာ ကြမ်းခင်းဈေးမမြင့်ပေမယ့် ယူရို ၁၅ သန်းအထိ ရောင်းချခဲ့တဲ့ ကျေက်စိမ်းတွဲတွေလည်းရှိတယ်လို့
ကျောက်စိမ်းလုပ်ငန်းကော်မတီ ဒုတိယညွှန်ကြားရေးမှုး ဦးမင်းသူက ဆိုပါတယ်။
 
ပြပွဲမှာ ၀ယ်ယူတဲ့ကုန်သည်တွေအနေနဲ့ ကျောက်မျက်တွဲနဲ့ ကျောက်စိမ်းတွဲ တန်းဖိုးငွေတွေကို ရက်ပေါင်းခြောက်ဆယ်အတွင်း ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။
 
၃။ဆီးဂိမ်းမှာ ရွှေမှန်းတဲ့ မြန်မာ ယူ ၂၂ အသင်း မလေးရှားနိုင်ငံကို ဒီနေ့ထွက်ခွာ
 
မြန်မာ ယူ၂၂ အမျိုးသားဘောလုံးအသင်းဟာ ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းမှာ
သွားရောက်ယှဉ်ပြိုင်ဖို့ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
 
မြန်မာ ယူ၂၂ အသင်းဟာ ရွှေကို မျှော်မှန်းပြီး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်တယ်လို့ မြန်မာယူ ၂၂ အသင်းရဲ့ နည်းပြချုပ် Gerd Zeise က ပြောပါတယ်။
 
မြန်မာအသင်းဟာ သြဂုတ်လ ၁၄ ရက်နေ့ ညနေ ပိုင်းမှာ စင်ကာပူအသင်းနဲ့ စတင် ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။
 
မြန်မာ အသင်းအနေနဲ့ တခြားအသင်းက တစ်ဂိုးသွင်းရင် မြန်မာဘက်က နှစ်ဂိုးပြန်သွင်းပေးနိုင်မယ့် အနေအထားတော့ ရှိပါတယ်လို့ နည်းပြချုပ်ပ ပြောကြားခဲ့ပါတယ်။
 
မြန်မအသင်းဟာ အုပ်စု က မှာ ပါဝင်ပြီး၊ အိမ်ရှင် မလေးရှားအသင်းနဲ့အတူ၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်း အစရှိတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။
 
မြန်မာအသင်းဟာ သြဂုတ်လ ၁၄ရက်နေ့မှာတော့ စင်ကာပူအသင်းနဲ့ စတင်ကစားရမှာဖြစ်ပြီး၊ ၁၆ ရက်နေ့မှာ လာအို၊ ၁၈ ရက်နေ့မှာ ဘရူနိုင်း၊ ၂၁ ရက်နေ့မှာတော့ အိမ်ရှင်မလေးရှားအသင်းနဲ့
ရင်ဆိုင်ကစားပြီး အုပ်စုအဆင့်ကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။
 
၎။ တရုတ် အဝေးပြေးလမ်းမှာ ဘတ်စ်ကားတိုက်မှုကြောင့် လူ ၃၆ ဦးထက်မနည်း သေဆုံး
 
တရုတ်နိုင်ငံက အဝေးပြေးလမ်း တစ်ခုမှာ Express ဘတ်စ်ကားတစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး အနည်းဆုံး လူ ၃၆ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ကျိဒေသက ရှီအန်း-ဟန်ဇူး အဝေးပြေးလမ်း ဥမင်တစ်ခုရဲ့ နံရံကို ဘတ်စ်ကားက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ဩဂုတ် ၁၀ ရက် မတိုင်ခင် သန်းခေါင်ယံ အချိန်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုကြောင့် ဘတ်စ်ကားရဲ့ ခေါင်းပိုင်းက ဆိုးဆိုးရွားရွား ပျက်စီး ကြေမွသွားခဲ့ပါတယ်။
 
CCTV သတင်းဌာနက ယာဉ်တိုက်မှုကြောင့် လူ ၃၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၃ ဦးကိုတော့ နီးစပ်ရာ ဆေးရုံတွေဆီ တင်ပို့ထားရကြောင်း ပြောပါတယ်။
 
ဘတ်စ်ကားဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ချန်ဒူမြို့ကနေ နိုင်ငံအလယ်ပိုင်း ဟီနန်ဒေသကို ဦးတည် မောင်းနှင်နေရင်း မတော်တဆမှု ဖြစ်ခဲ့တာလို့လည်း သိရပါတယ်။
Saturday, August 12, 2017

Top News