တေးသံရှင် ခိုင်ထူးရဲ့ နောက်ဆုံးခရီး

Sat, 2017-08-12 10:52 -- zaythu
တေးသံရှင် ခိုင်ထူးရဲ့ နောက်ဆုံးခရီးကို သူ့ကိုချစ်ကြတဲ့ မိသားစုဝင်တွေ၊ အနုပညာရှင်တွေနဲ့အတူ ပရိသတ်တွေကပါ ဒီကနေ့ သြဂုတ် ၁၁ ရက် ညနေ လေးနာရီအချိန်မှာ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။
 
တေးသံရှင်ခိုင်ထူးဟာ ပန်ကရိယကင်ဆာရောဂါနဲ့ သြဂုတ် ၉ရက်နေ့ ၃နာရီ ၂၄မိနစ်အချိန်က ပါရမီဆေးရုံမှာ ဆုံးပါးခဲ့တာဖြစ်ပါတယ်။
 
တေးစီးရီးပေါင်းများစွာရဲ့ အဆိုရှင်၊ ကိုယ်ပိုင်သီချင်းတွေနဲ့သာ အောင်မြင်ခဲ့သူ ခိုင်ထူး ရဲ့ရွှေလည်တိုင်၊ စစ်ကိုင်းလမ်း၊ အဉ္စလီ၊ ခေတ္တာ စတဲ့တေးသီချင်းတွေဟာ အခုချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ ငြိတွယ် ဆဲ ဖြစ်ပါတယ်။
 
တေးသံရှင် ခိုင်ထူးဟာ သေဆုံးချိန်မှာတော့ အသက် (၆၁)နှစ်ရှိပြီဖြစ်ပြီး မြောက်ဥက္ကလာ ၊ ရေဝေးသုဿန်မှာ မီးသင်းသဂြိုလ်ခဲ့တာဖြစ်ကာ လိုက်လံပို့ဆောင်ပေးကြတဲ့ ပရိသတ်တွေများပြားခဲ့ပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်
Saturday, August 12, 2017