အစိုးရက ဘတ်ဂျက်သုံးစွဲနေတာ ကို အကြံပြုလိုက်တဲ့ ကာတွန်းပြပွဲ

Sat, 2017-08-12 10:56 -- zaythu
ပြည်သူတွေ ပေးဆောင်ထားတဲ့ အခွန်ငွေတွေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကိုသုံးစွဲတဲ့အခါမှာအခုထက်ပိုပြီး ပွင့်လင်း မြင်သာမှုရှိဖို့နဲ့ တကယ်လိုအပ်နေတဲ့ နေရာတွေမှာသုံးစွဲပေးဖို့အတွက် အကြံပြု တိုက်တွန်းတဲ့ ကာတွးန်ပြပွဲ တစ်ခုကို ပြုလုပ်နေပါတယ်။
 
အဲဒီ ပြပွဲကို ရန်ကုန်မြို့က ယုဒသန်ခန်းမမှာ ပြုလုပ်နေတာဖြစ်ပြီး ဘတ်ဂျက် ၊ အခွန်ငွေ စတာတွေ သုံးစွဲမှု တွေနဲ့ ပတ်သက်ပြီး အကြံပြုထားတဲ့ ကာတွန်းတွေကို ပြသထားတာပါ။
 
ရသုံးမှန်းခြေ ငွေစာရင်းဆိုတာ လွှတ်တော် ဒါမှမဟုတ် အစိုးရ တို့ နဲ့ပဲ သက်ဆိုင်တာမဟုတ်ဘဲ ပြည်သူ တစ်ရပ်လုံးနဲ့ သက်ဆိုင်တယ်ဆိုတာကို အခု ပြပွဲကနေ သတင်းစကားပါးချင်တာလို့ လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဒေါက်တာ ညိုညိုသင်းက ဆိုပါတယ်။
 
ဒေါ်တာ ညို ညို သင်းဟာ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ အစိုးရ ရဲ့ ဘတ်ဂျက် သုံးစွဲမှုတွေကို ထောက်ပြဆွေးနွေးတာေ တွ ပြုလုပ်ခဲ့သူပါ။
 
အဲဒီပြပွဲမှာ ကာတွန်းဆရာပေါင်း ၄၀ ကျော်ရဲ့ကာတွန်းလက်ရာတွေပါဝင်ပြီး ၊လက်ရှိမြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးရဲ့လည်ပတ်ပုံတွေကို သရုပ်ဖော်ရေးဆွဲထားတာပါ။
 
ပြပွဲကို သြဂုတ်လ ၁၁ ရက်နဲ့ ၁၂ ရက် ၂ရက်ကျင်းပသွားမှာဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ
Saturday, August 12, 2017

Top News