အမှိုက်ပုံကြီးမှာနေတဲ့ လူတစ်စုအကြောင်းကိုဖော်ပြမယ့် ပီဇာ ရိုက်ကွင်း

Sat, 2017-08-12 11:33 -- zaythu

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးနေတဲ့ ပီဇာ ရုပ်ရှင်ဇာတ်ကားကြီးကို သန်လျင်မြို့နယ်၊ အမိုးနီသုဿန်အနားမှာရှိတဲ့ အမိုက်ပုံကြီးဘေးမှာ ရိုက်ကူးနေပါတယ်။

လူတွေစွန့်ပစ်ထားတဲ့ အမှိုက်ပုံကြီးဘေးမှာမွေးဖွား ချိန်ကနေ သေဆုံးတဲ့အထိ နေထိုင်သွားကြတဲ့ လူတစ်စုရဲ့အကြောင်း၊ သူတို့မျှော်လင့်ချက်တွေက ဘာလဲ၊ စည်းစိမ်တွေလား ၊ဂုဏ်ပကာဿသနတွေလား ၊ ပျော်ရွှင်မှုလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတတ်ပါတယ်။

ဒီအကြောင်းကို ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)က ပီဇာအမည်နဲ့ အကောင်အထည်ဖော်ရိုက်ကူးနေတာဖြစ်ပါတယ်။

ပီဇာရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ ထွန်းထွန်း၊ စည်ဖြိုး၊ ဇင်ဝိုင်း၊ ရဲရင့်ထူး၊ သွန်းဆက်၊ ရွှေသမီး၊ မေပန်းချီနဲ့ ကြယ်ဖြူရှင်းသန့်တို့ အဓိက ပါဝင်ထားကြပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်အမှိုက်ပုံကြီးမှာနေတဲ့ လူတစ်စုအကြောင်းကိုဖော်ပြမယ့် ပီဇာ ရိုက်ကွင်း 

Saturday, August 12, 2017

Top News