မုံရွာမှာရှိတဲ့သုသာန်နှစ်ခုကနေ ဝိညာဉ်တွေကို ဖယ်ရှား

Sat, 2017-08-12 18:09 -- zaythu
မုံရွာမြို့မှာရှိတဲ့ သုသာန်နှစ်ခုက ပရလောကသား ဝိညာဉ် တွေကို သြဂုတ်လ ၁၁ ရက်က ကားခြောက်စီးနဲ့ ဖယ်ရှားပြောင်းရွေ့ပေးလိုက်တယ်ပါတယ်။
 
ပရလောကသား ဝိညာဉ်တွေကို ဖယ်ရှားလိုက်တဲ့ မြို့သစ်ရပ်ကွက်နဲ့ အိုးဘိုထောင် ရပ်ကွက် သုသာန် နှစ်ခုဟာ လူနေအိမ်တွေနဲ့ နီးကပ်နေတာကြောင့် ဇွန်လ ထဲက ပိတ်ထားတာဖြစ်ပါတယ်။
 
ဝိညာဉ်တွေနဲ့ ပရလောကသားတွေကို စည်ပင်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြောင်းရွှေ့ပြီးပြီဖြစ်တာ မို့ စက်ယန္တာရားတွေနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တော့မှာဖြစ်ကာ သုသာန်မြေပိတ် သိမ်း လိုက်တာကြောင့် အစိုးရ ပိုင်မြေ ဖြစ်သွားပြီလို့ မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးကျော်မျိုးဝင်းက ပြောပါတယ်။
 
အဲဒီပိတ်သိမ်းလိုက်တဲ့ သုသာန်နှစ်ခုအစား ဆားကျင်းနဲ့ မြနန္ဒာ ရပ်ကွက် သုသာန်တွေကို အသုံးပြု နေတယ်လို့ သိရပါတယ်။
 
သတင်း - ညီညီဇော်
ရုပ်သံ - မျိုးမင်းဦး
Saturday, August 12, 2017