ပီဇာ ဇာတ်ကားအတွက် ပရိသတ်ဆီကဝေဖန်မှုတွေကို စောင့်မျှော်နေတဲ့ သွန်းဆက်

Wed, 2017-08-16 17:35 -- zaythu

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးနေတဲ့ ပီဇာ ရုပ်ရှင်ဇာတ်ကားကြီးမှာ ကလေးနှစ်ယောက်ရဲ့မိခင်စရိုက်နဲ့ သရုပ်ဆောင် သွန်းဆက်ကို တွေ့မြင်ရမှာပါ။
 
ပီဇာဇာတ်ကားထဲမှာ အရင်ဇာတ်ကောင်စရိုက်နဲ့မတူတဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ပရိသတ်ဆီက ဝေဖန်မှုတွေကိုလည်း သွန်းဆက်က စောင့်မျှော်နေပါတယ်။ ကလေးနှစ်ယောက် မိခင် မုဆိုးမတစ်ယောက် အဖြစ် ဘဝကို ကြုံရာကျပန်း အလုပ်လုပ်ကိုင် ရတာကြောင့် သရုပ်ဆောင် သွန်းဆက် အနေနဲ့ ဒီဇာတ်ကားအတွက် ပြင်ဆင်မှုတွေလည်း အများကြီး လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
 
မျက်နှာ တစ်ခုလုံးကို မိတ်ကပ်အညို လိမ်းခြယ်တာတွေ၊ အင်္ကျီအစုတ်အပြဲဝတ်ဆင်တာတွေ အပြင်၊ ကလေးနှစ်ယောက်မိခင်အဖြစ် စိတ်နှစ်ပြီး သရုပ်ဆောင်ရတာတွေဟာ သွန်းဆက်အတွက် အသစ်တစ်ခုဖြစ်နေတယ်လို့ ပြောပါတယ်။
 
ပီဇာ ရုပ်ရှင်ဇာတ်ကားဟာ အမှိုက်ပုံမှာနေထိုင် အသက်ရှင်နေရတဲ့ လူတစ်စုရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး သွန်းဆက် အပါအဝင် သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်း ၊ ရွှေသမီး၊ မေပန်းချီနဲ့ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်

Wednesday, August 16, 2017