7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Thu, 2017-09-14 10:10 -- zaythu
၁ ။ ဘူးသီးတောင်မြို့နယ်က ဒေသခံ တိုင်းရင်းသားသုံးရာနီးပါး နေရပ်ကို ပြန်
 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ဒေသခံတိုင်းရင်းသား သုံးရာ နီးပါး ဟာ နေရပ်ကိုပြန်လည် ပြောင်းရွှေ့ခဲ့ကြတယ်လို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ ဘူးသီးတောင်မြို့က နယ်မြေခံတပ်မှာ သွားရောက်နေ ထိုင်ခဲ့ရပြီး လက်ရှိမှာတော့ နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာပြီဖြစ်တဲ့အတွက် စက်တင်ဘာ၈ရက်နေ့မှာ ပြန်လည်ပြောင်းရွှေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။
 
တောင်ဘဇာကျေးရွာက ဒေသခံတိုင်းရင်းသား သုံးရာနီးပါးကို တပ်မတော်က လမ်းကြောင်း လုံခြုံရေးယူကာ ကူညီပြောင်းရွှေ့ပေးခဲ့ပြီး ထပ်မံပြီး နေရပ်ကိုပြန်လည် ပြောင်းရွှေ့မယ့် သူတွေကိုလဲ ဆက်ပြီး ကူညီသွားမယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းက တပ်ဌာနချုပ် တစ်ခုအပါအဝင် ရဲကင်းစခန်း ၃၀ ကို အကြမ်းဖက်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်သား နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး နဲ့ နိုင်ငံဝန်ထမ်းနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
 
၂ ။ ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီတွေအတွက် မလေးရှားက ထောက်ပံ့ရေးလေယာဉ် စေလွှတ်
 
ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိ ခိုလှုံနေတဲ့ ဘင်္ဂါလီ မျိုးနွယ်စုတွေအတွက် မလေးရှားနိုင်ငံက ထောက်ပံ့ရေး လေယာဉ်တစ်စီး စေလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၉ ရက်မှာ ထောက်ပံ့ရေး ပစ္စည်းတွေ တင်ဆောင်သွားတဲ့ စစ်ဘက်လေယာဉ်ဟာ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ်ရာဇက်ခ်ရဲ့ ခွင့်ပြုချက်အရ ကွာလာလမ်ပူ မြို့စွန်မှာရှိတဲ့ ဆူဘန်း လေတပ်စခန်းကနေ စတင်ထွက်ခွာသွားပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နယ်မြေမငြိမ်သက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့နောက် ဘင်္ဂါလီ နှစ်သိန်း ခုနစ်သောင်းလောက် ခိုလှုံလာတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လအတွင်းမှာ ဘင်္ဂါလီ မျိုးနွယ် အကြမ်းဖက် အဖွဲ့အစည်းတွေက နယ်ခြားစောင့် လုံခြုံရေး ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။
မလေးရှားဟာ ဘင်္ဂါလီတွေကို ထောက်ပံ့ကူညီမယ်လို့ ကြေညာထားပေမယ့် ကုလသမဂ္ဂရဲ့ ဒုက္ခသည်များ ကူညီရေးဆိုင်ရာ သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ ရွှေ့ပြောင်း ဒုက္ခသည်တွေကို တရားမဝင် ကျူးကျော်ဝင်ရောက်သူတွေ အနေနဲ့သာ သတ်မှတ်လေ့ရှိတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။
 
၃ ။ မော်တော်ယာဉ်ရောင်းဝယ်ရေးရပ်နားစခန်းတွေကို တစ်နေရာတည်းစုပေးဖို့ တောင်းဆို
 
ရန်ကုန်မြို့ မှာ မော်တော်ယာဉ်ရောင်းဝယ်ရေးယာဉ်ရပ်နားစခန်း ပေါင်း ၂၁ ခုရှိနေပြီး အဲဒီ ယာဉ် ရပ်နား စခန်းတွေကို စုပြီး တစ်နေရာတည်းမှာ ပေါင်းထားပေးဖို့အတွက် မော်တော်ယာဉ်ရောင်းဝယ်သူတွေ က တောင်းဆိုလိုက်ပါတယ်။
 
ဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းက တော်ဝင်နှင်းဆီမှာ ပြုလုပ်တဲ့ မော်တော်ယာဉ်ရောင်း ၀ယ်ရေး အသင်း (ရန်ကုန်)ရဲ့ စုံညီ အစည်းအဝေးမှာ တောင်းဆိုခဲ့တာပါ။
 
အဲဒီယာဉ်ရပ်နားစခန်း ၂၁ ခုကို တစ်ခုတည်းစုပြီး ဇုန်အဖြစ် ထားရှိ ဖို့ အတွက် တောင်းဆို တာဖြစ်ပြီး လက်ရှိ ယာဉ်ရပ်နားစခန်းတွေအားလုံးပေါင်းလိုက်ရင် ကားအစီးရေ ခုနှစ်ထောင် ကျော်ရှိတယ်လို့ မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်း ( ရန်ကုန်)ရဲ့ ဥက္ကဌ ဦးအောင်သန်းဝင်းဆီက သိရပါတယ်။
 
အဲဒီလို ဇုန်တစ်ခုအနေနဲ့ဖြစ်ပေါ်လာဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကိုလည်း တင်ပြထားတယ်လို့ ဆိုပါတယ်။
 
မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းအနေနဲ့ အခါခါ နေရာ ပြောင်းရွှေ့ရတာဟာ အရောင်းအဝယ် အခက် အခဲဖြစ်စေတာကြောင့်နေရာတစ်ခုတည်းမှာပဲ ကားရောင်းဝယ်တာ ၊ အပိုပစ္စည်းတွေရောင်း ဝယ်တာနဲ့ ကား ပြုပြင်တဲ့အ ပိုင်းတွေ ကို ထားရှိတဲ့ ဇုန်တစ်ခုဖြစ်အောင် ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ မော်တော် ယာဉ် ရောင်းဝယ်ရေးအသင်းဆီက သိရပါတယ်။
 
၎ ။ မုန်တိုင်းဝင်တိုက်မယ့် ဖလော်ရီဒါက လေလွင့် အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘေးလွတ်ရာပို့ပေး
 
ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မယ့် အခြေအနေကြောင့် ဖလော်ရီဒါမှာ ရှိနေတဲ့ လေလွင့် အိမ်မွေး တိရစ္ဆာန် ထိန်းသိမ်းရေး ဂေဟာက ခွေးလေး၊ ကြောင်လေးတွေကို ပြည်နယ်ဖြတ်ကျော်ပြီး အိုဟိုင်ယိုထိ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဖလော်ရီဒါက မုန်တိုင်းဖြတ်ကျော် တိုက်ခတ်မယ့် လမ်းကြောင်းမှာ ရှိနေတဲ့ အိမ်မွေး တိရစ္ဆာန် ဂေဟာတွေမှာ စောင့်ရှောက်ထားတဲ့ ခွေးနဲ့ကြောင် ကောင်ရေ ၁၆၀ ကျော်ကို ရာသီဥတုဘေး ကင်းစင်တဲ့ အိုဟိုင်ယိုထိ လေကြောင်းကနေ စက်တင်ဘာ ၈ ရက်မှာ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
တစ်နာရီ လေတိုက်နှုန်း ၁၈၅ မိုင်လောက်ထိ ပြင်းထန်တဲ့ အာရ်မာ ဟာရီကိန်း မုန်တိုင်းကြီးဟာ အခုသီတင်းပတ်ကုန်မှာ ဖလော်ရီဒါ ကမ်းခြေကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်မယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောကြားထားပါတယ်။
လေလွင့် အိမ်မွေးတိရစ္ဆာန်လေးတွေကို အိုဟိုင်ယိုမှာ ယာယီ စောင့်ရှောက် မွေးမြူထားပြီး အခြေအနေ တည်ငြိမ်မှ ဖလော်ရီဒါကို ပြန်ပို့ပေးဖို့ စီစဉ်ထားကြောင်းလည်း သိရှိရပါတယ်။ 
Thursday, September 14, 2017

Top News