ကုလားမစည်းနင်း ကြရအောင်

Sat, 2017-09-23 12:42 -- zaythu
ဒီတစ်ပတ်တော့ မြန်မာရိုးရာကစားနည်းတွေထဲက ကုလားမစည်းနင်း ကစားနည်းလေးကို တင်ဆက်ထားပါတယ်။ ဒီကစားနည်းက တားထားတဲ့စည်း အကွက်တွေကို အဆင့်လိုက်ထွေပစ်ပြီး စည်းမနင်းမိအောင် ခြေတစ်ပေါင်ကျိုး ခုန်ရတဲ့ ကစားနည်း ဖြစ်ပါတယ်။
 
ဒီကစားနည်းကို အများအားဖြင့်တော့ မိန်းကလေးတွေပဲကစားလေ့ရှိပေမယ့် ယောက်ျားလေး၊ မိန်းကလေး အဖွဲ့လိုက်လည်း ကစားလို့ရတဲ့ ကစားနည်းတစ်မျိုးပါ။ နောက်တစ်ပတ်များမှာလည်း ချစ်စရာကောင်းတဲ့ မြန်မာ့ရိုးရာ ကစားနည်းတွေကို ဖော်ထုတ်ကစားပြသွားဦးမှာဖြစ်ပါတယ်။
 
7Day TV က နေအပတ်စဉ် စနေနေ့ မွန်းလွဲ ၂ နာရီအချိန်တိုင်းမှာ ကစားကြစို့ Let’sPlayအစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။
 
ဒီအစီအစဉ်ကမြန်မာ့ရိုးရာကစားနည်းလေးတွေကို ပုံဖော်တင်ဆက်တာဖြစ်ပြီးနောက်မျိုးဆက်သစ်ကလးငယ်တွေ ကစားနည်းတွေသိရှိပြီးကစားနိုင်ဖို့ ရည်ရွယ်တင်ဆက်တာဖြစ်ပါတယ်။
 
ကစားနည်းတွေဟာနေရာဒေသအလိုက် အခေါ်အဝေါ်ဆော့ကစားပုံချင်း အနည်းငယ်ကွဲပြားမှုတွေရှိတာကြောင့် အသုံးများတဲ့ အခေါ်အဝေါ်နဲ့ ကစားနည်းပုံစံတွေကို စုစည်းတင်ဆက်ထားတာဖြစ်ပါတယ်။
 
Saturday, September 23, 2017